မော်လမြိုင်၊ စက်တင်ဘာ (၁၅)

ဒီကနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စု ပွဲစဉ်(၂) မှာ နာမည်ကြီးအသင်းတွေ ဖြစ်တဲ့ မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်နဲ့ PSG အသင်းတို့ဟာ ပြိုင်ဘက်အသင်းတွေကို အသီးသီး အနိုင်ရရှိခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ အိမ်ကွင်းမှာ ဂျာမန်ကလပ် ဒေါ့မွန်အသင်းကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ပြီး အနိုင် ၃ မှတ်ရရှိခဲ့တာပါ။

မန်စီးတီးအသင်းဟာ ဒေါ့မွန်အသင်းကို ၂ ဂိုး ၁ ဂိုး ရလဒ်နဲ့ အနိုင်ယူနိုင်ခဲ့တာပါ။

မန်စီးတီးအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ပွဲချိန် ၈၀ မိနစ်မှာ ဂျွန်စတုန်းစ်၊ ပွဲချိန် ၈၄ မိနစ်တို့မှာ ဟာလန်းတို့က သွင်းယူပေးခဲ့ပါတယ်။

ဒေါ့မွန် တိုက်စစ်မှူးဟောင်းဖြစ်တဲ့ ဟာလန်းကတော့ အနိုင်ဂိုးသွင်းပြီးနောက် အောင်ပွဲခံတာ မလုပ်ဘဲ ဒေါ့မွန်အသင်းအပေါ် လေးစားမှု ပြသသွားခဲ့တာပါ။

PSG အသင်းကလည်း မက္ကာဘီဟိုင်ဖာအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပြီး PSG အသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ပွဲချိန် ၃၇ မိနစ်မှာ လီယွန်နယ်မက်ဆီ။ ပွဲချိန် ၆၉ မိနစ်မှာ ဘာပေ၊ ပွဲချိန် ၈၈ မိနစ်မှာ နေမာက သွင်းယူပေးခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းကလည်း ဂျာမန်ကလပ် လိုက်ပ်ဇစ်အသင်းကို ၂ ဂိုး ဂိုး မရှိ ရလဒ်နဲ့ အနိုင်ယူနိုင်ခဲ့ပြီး အီတလီနာမည်ကြီး ကလပ်အသင်း ဂျူဗင်တပ်စ်အသင်းကတော့ အိမ်ကွင်းမှာ ပေါ်တူဂီကလပ်အသင်း ဘင်ဖီကာအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အရှုံးပေးလိုက်ရပါတယ်။

မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်နဲ့ PSG အသင်းတို့ကတော့ ချန်ပီယံအုပ်စု ပွဲစဉ် ၂ ပွဲဆက်အနိုင်နဲ့အတူ အုပ်စုအသီးသီးမှာ အုပ်စုဗိုလ်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.