မော်လမြိုင်၊ စက်တင်ဘာလ (၁၂)
ရီးရဲလ်မက်ဒရစ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်မှာ မာယော့ကာအသင်းကို ဂိုးပြတ်အနိုင်ရပြီး ဒီရာသီ လာလီဂါပြိုင်ပွဲမှာ ငါးပွဲဆက်နိုင်ပွဲနဲ့အတူ ဇယားထိပ်မှာ ဆက်လက်ဦးဆောင်နေတာ ဖြစ်ပါတယ်။
ရီးရဲလ်အသင်းဟာ ဒီပွဲမှာ ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာကို အနားပေးခဲ့ပေမယ့် အဓိက အများစုနဲ့ မာယော့ကာအသင်းကို ယှဉ်ပြိုင်ခဲ့တာပါ။
ဒါပေမယ့် ရီးရဲလ်အသင်းဟာ မာယော့ကာအသင်းရဲ့ ဖိအာပေးမှုတွေကြောင့် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပြီး နောက်ကျဂိုးတွေကြောင့် ပြိုင်ပွဲအပြီးမှာတော့ ၄ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်နိုင်ပွဲရခဲ့တာပါ။
ရီးရဲလ်အသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ပွဲချိန် ၄၅ မိနစ်မှာ ဗယ်လ်ဗာဒီ ၊ ပွဲချိန် ၇၂ မိနစ်မှာ ဗင်နီစီယပ်စ်၊ ပွဲချိန် ၈၉ မိနစ်မှာ ရိုဒရီဂို ၊ ပွဲချိန် ၉၃ မိနစ်မှာ ရူဒီဂါတို့က သွင်းယူပေးခဲ့တာပါ။
မာယော့ကာအသင်းရဲ့ တစ်လုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် ၃၅ မိနစ်မှာ တိုက်စစ်ကစားသမား မူရီကီက သွင်းယူပေးခဲ့တာပါ။
ရီးရဲလ်အသင်းဟာ ဒီပွဲအနိုင်ပွဲရလဒ်ကြောင့် ပြိုင်ဘက် ဘာစီလိုနာအသင်းကို ၂ မှတ် အသာနဲ့ အဆင့် ၁ နေရာမှာ ဆက်လက် ဦးဆောင်နေတာ ဖြစ်ပါတယ်။
သတင်း- သံလွင်တိုင်းမ်