ဝါရင့်တိုက်စစ်မှူး ဒီယေဂိုကော်စတာကို ဝုလ်ဗ်အသင်း ခေါ်ယူ

လန်ဒန်၊ စက်တင်ဘာ ၁၁

ပရီးမီးယားလိဂ်ကလပ်အသင်း ဝုလ်ဗ်အသင်းဟာ ဘရာဇီးလ်နဲ့စပိန်နိုင်ငံသား ခံယူထားတဲ့ ဝါရင့်တိုက်စစ်မှူး ဒီယေဂိုကော်စတာကို ခေါ်ယူလိုက်ပြီးလို့ အတည်ပြုကြေညာလိုက်ပါတယ်။

အသက် ၃၃ နှစ်အရွယ် ဝါရင့်တိုက်စစ်မှူး ဒီယေဂိုကော်စတာကို ဝုလ်ဗ်အသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပြီး တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

ဒါပေမယ့် ဒီယေဂိုကော်စတာကို ပေးချေရမယ့် လစာငွေနဲ့ အပိုဆုကြေးကိုတော့ ဝုလ်ဗ်အသင်းက တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။

ဝါရင့်တိုက်စစ်မှူး ဒီယေဂိုကော်စတာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘရာဇီးလ်ကလပ်အသင်း အက်သလက်တီကို MG မှာ သွားရောက် ကစားခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့တာပါ။

ဥရောပထိပ်တန်းကလပ်အသင်းတွေ ဖြစ်တဲ့ ချဲလ်ဆီးအပါအဝင် အက်သလက်တီကိုမက်ဒရစ်အသင်းမှာ ကျင်လည်ခဲ့ဖူးတဲ့ ဒီယေဂိုကော်စတာဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ မစိမ်းသူလည်း ဖြစ်ပါတယ်။

ဒီယေဂိုကော်စတာရဲ့ ဝုလ်ဗ်အသင်းကတော့ အခုရာသီ ပရီးမီးယားလိဂ်ပွဲ ၆ ပွဲကစားအပြီးမှာ ၁ ပွဲ နိုင်၊ ၃ ပွဲသရေ ၊ ၂ ပွဲရှုံး ၊ ရမှတ် ၆ နဲ့ အဆင့် ၁၄ နေရာမှာ ရပ်တည်နေတာပါ။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.