မော်လမြိုင် – စက်တင်ဘာ(၉)

နွေဦးတော်လှန်ရေးဟာ အချိန်တိုင်းအရေးကြီးတာကြောင့် အချိန်တိုင်းကို တန်ဖိုးထားပြီး အလုပ်လုပ် ကြဖို့လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော် မတီ အစည်းအဝေးအမှတ်စဉ်(၂၈/၂၀၂၂) မှာ အခုလိုပြောခဲ့တာပါ။

“တော်လှန်ရေးဟာ အချိန်တိုင်းအရေးကြီးတာကြောင့် အချိန်တိုင်းကို တန်ဖိုးထားပြီး အလုပ်လုပ်ကြ ရန်လိုအပ် တယ်၊ ကော်မတီရဲ့ တစ်နှစ်ပြည့်အစီရင်ခံစာကို Cabinet မှာ တင်ပြပြီး အခြားဝန်ကြီးတွေ ရဲ့ အကြံဉာဏ်တွေ ကိုယူရန်လို အပ်တယ်၊ ရှေ့လုပ်ငန်းစဉ်တွေကို ပြီးပြတ်အောင် လုပ်ဆောင်ပေးဖို့” လို့ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောပါတယ်။

ဒါ့အပြင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီဟာ အစည်းအဝေး တွေအပြင် က(၃) လုံးအစည်းအဝေးတွေ၊တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအစည်းအဝေးတွေ၊ လွှတ်တော်၊ အတိုင်ပင်ခံကောင်စီတွေနဲ့အစည်းအဝေးတွေစဉ်ဆက်မပြတ်ဆောင်ရွက်နေတဲ့အတွက် မြေပြင်ထိ တွေ့မှုတွေနဲ့ မပြတ်တဲ့ ကော်မတီဖြစ်တယ်လို့ ပြောပါသေးတယ်။

တော်လှန်ရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တွေမှာ လုပ်ငန်းတွေများတဲ့အတွက် စနစ်တကျလုပ်နိုင်သူတွေကို တာဝန်ပေးဖို့ လိုအပ်တယ် လို့ NUG ဝန်ကြီးချုပ်က ဆိုပါတယ်။

ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်တွေဟာ (၂၇/၂၀၂၂) မှာချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေ၊ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပြီးစီးမှုအခြေအနေတွေနဲ့ ဆောင်ရွက်ဖို့ ကျန်ရှိနေတဲ့ လုပ်ငန်းစဉ်တွေကို ရှင်းလင်းဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.