September 7, 2022

ပေါင်မြို့နယ်မှာ ပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်ခံရတာကြောင့် တစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းထန်

ပေါင်၊ စက်တင်ဘာ (၈) မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာကြောင့် တစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်တင်ဘာ ၆ ရက် ည ၈ နာရီလောက်က ကျွဲခြံကျေးရွာ ရွာသစ်ပိုင်း လမ်းထိပ်မှာ လုံခြုံရေးကင်းပုန်းဝပ်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေကို…

အင်ဒိုနီးရှားမှာ လောင်စာဆီဈေးမြင့်တက်မှုကြောင့် လူပေါင်းထောင်ချီ ဆန္ဒပြ

ဂျာကာတာ၊ စက်တင်ဘာ (၇) အရှေ့တောင်အာရှရဲ့ အကြီးဆုံးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံစီးပွားရေးမှာ လောင်စာဆီဈေးနှုန်း ၃၀ရာခိုင်နှုန်းကျော် မြင့်တက်ရန် ဆုံးဖြတ်ချက်ကို ပြန်လည်ပြောင်းလဲပေးရေးအတွက် အစိုးရကို ဖိအားပေးဖို့ လူပေါင်းထောင်ချီပြီး ဆန္ဒပြပွဲများကို မြို့တော်ဂျာ ကာတာမှာ ပြုလုပ်ခဲ့ပါတယ်။ အင်ဒိုနီးရှားမှာ လောင်စာဆီဈေးတက်ခြင်းဟာ မကြာခဏဆိုသလို ပြင်းထန်တဲ့ ဆန္ဒပြမှုတွေ ဖြစ်ပေါ်စေပြီး ဒီလိုဆန္ဒပြမှုတွေ ကြောင့် တစ်ခါတရံမှာ အစိုးရရဲ့ မူဝါဒတွေကို ပြန်လည်ပြောင်းလဲရန်…

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ ဈာပနအခမ်းအနား ကန်ဒေါ်လာ ၁၂ သန်းကျော် ကုန်ကျမယ်

တိုကျို ၊ စက်တင်ဘာ (၇) ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ နိုင်ငံအဆင့် ဈာပနအခမ်းအနားအတွက် လုံခြုံရေးအစီအမံနဲ့ ဧည့်ခံစားရိတ်တွေ အပါ အဝင် ယန်း ၁.၆၅ ဘီလီယံ ၊ (အမေရိကန်ဒေါ်လာ ၁၂ သန်း)ခန့် ကုန်ကျနိုင်မှာဖြစ်တယ်လို့ ဂျပန်အစိုးရက စက်တင်ဘာလ ၆ ရက်နေ့မှာ ခန့်မှန်းချက်အသစ် ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လနှောင်းပိုင်းမှာတော့ အစိုးရက ဈာပနအတွက်…

ထိုင်ဝမ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်တရုတ်စစ်ရေးလေ့ကျင့်မှုကြောင့် တိုးမြင့်လာတယ်လို့ သမ္မတ ပြော

ထိုင်ဝမ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်တရုတ်စစ်ရေးလေ့ကျင့်မှုကြောင့် တိုးမြင့်လာတယ်လို့ သမ္မတ ပြော တိုင်ပေ – စက်တင်ဘာ(၇) ထိုင်ဝမ်စစ်တပ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ဟာ တရုတ်တပ်ဖွဲ့တွေရဲ့စစ်ရေးလေ့ကျင့်မှုတွေ ကြောင့် တိုးမြင့်လာတဲ့အတွက် ပိုမိုကောင်းမွန်စွာ တိုက်ခိုက်နိုင်မှာဖြစ်တယ်လို့ သမ္မတ ဆိုင်အင်ဝမ်က စက်တင်ဘာလ(၆) ရက်နေ့က ပြောပါတယ်။ ပြီးခဲ့တဲ့လက အမေရိကန် အောက်လွှတ်တော်ဥက္ကဌ နန်စီပေလိုစီရဲ့ တိုင်ပေခရီးစဉ်အပြီးမှာ တရုတ်ကစစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်ခဲ့ကာ သူတို့ရဲ့ ပိုင်နက်အဖြစ် အခိုင်အမာ…

လာမယ့်နှစ်ဟာ တော်လှန်ရေးအဆုံးအဖြတ်ဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးပြော

မော်လမြိုင် – စက်တင်ဘာ(၇) လာမယ်၂၀၂၃ ခုနှစ်ဟာ တော်လှန်ရေးအတွက် အရေးကြီးနေပြီး ရန်သူကို အချိန်ပေးလို့ မရတော့တဲ့ အတွက် တော်လှန်ရေးရဲ့ အဆုံးအဖြတ်ဖြစ်လာဖို့ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။ ဒီနေ့စက်တင်ဘာလ(၇) ရက်နေ့မှာ D Day တစ်နှစ်ပြည့်အဖြစ်PDF ရဲဘော်တွေကို ကာကွယ်ရေးဝန်ကြီးက အခုလို ပြောဆိုခဲ့တာပါ။ “တော်လှန်ရေးအောင်ဖို့ လိုအပ်တဲ့ ရေခံမြေခံ…

ပြည်သူ့ခုခံ‌တော်လှန်စစ် တစ်နှစ်အတွင်း စစ်အုပ်စုဘက်က ၂၀,၀၀၀ ကျော် သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁၅၀၀ ကျဆုံးခဲ့တယ်လို့ NUG ယာယီသမ္မတ ပြော

ရန်ကုန် ၊ စက်တင်ဘာ ၇ နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူခဲ့တဲ့ စစ်အုပ်စုကို လှဲနေလှေအောင်း မြင်းဇောင်းမကျန် လက်နက်ကိုင် ခုခံတော်လှန်ခဲ့တဲ့ တစ်နှစ်တာအတွင်းမှာ စစ်ကောင်စီတပ်သားပေါင်း ၂၀၁၅၀ ကျော် သေဆုံးပြီး ဒဏ်ရာရသူ ၇၀၀၀ နီးပါး ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၇ ရက်နေ့မှာ…

မြဝတီမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေကြောင့် ငွေလဲလုပ်ကိုင်သူတွေ လုပ်ငန်း ရပ်နားထားရ

မြဝတီ၊ စက်တင်ဘာ (၇) ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမှာ စစ်ကောင်စီက ဘတ်ငွေလဲလှယ်နေတဲ့သူတွေကို လိုက်လံဖမ်းဆီးနေတာကြောင့် လုပ်ငန်းရပ်နားထားရတယ်လို့ ငွေလဲလုပ်ကိုင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဘတ်ငွေဈေးနှုန်း အဆမတန် မြင့်တက်လာပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့လက်အောက်ခံအဖွဲ့တွေက ပြီးခဲ့တဲ့သြဂုတ်လအတွင်း ငွေလဲလုပ်ငန်း လုပ်ကိုင်သူတချို့ကို လိုက်လံဖမ်းဆီးခဲ့ပြီးနောက် ငွေလဲလုပ်ကိုင်သူတွေ လုပ်ငန်း ရပ်နားလာကြတာ ဖြစ်ပါတယ်။ “ဟိုတစ်ခါ ဖမ်းဆီးပြီးကတည်းက လိုင်စင်မရှိတဲ့သူတွေက ဆိုင်ဖွင့်ပြီး ငွေလဲတာမျိုးတွေမရှိတော့ဘူး။…

ကျုံဒိုးမှာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေရ

ကျုံဒိုး ၊ စက်တင်ဘာ (၇ ) ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်းကျေးရွာဘက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)တို့ကြား ပစ်ခတ်မှုတွေဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာကြောင့် ရွာလုံးကျွတ်နီးပါး တိမ်းရှောင်နေရတယ်လို့ KNU တပ်မဟာ(၆) က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့က ကျုံဒိုးမြို့နယ် တောင်ကြာအင်းနဲ့ မြောက်ကြာအင်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KNDO…

ရန်ကုန်မှာဘေးကင်းစွာရှောင်တိန်းနိုင်ဖို့ ပြည်သူတွေအကူအညီပေးဖို့ တော်လှန်ရေးအင် အားစုတွေ တောင်းဆို

ရန်ကုန် – စက်တင်ဘာ(၆) ရန်ကုန်မြို့ပြစစ်ဆင်ရေးလုပ်ဆောင်နေတဲ့ တော်လှန်ရေးအင်အားစုတွေကို စစ်ကောင်စီတပ်တွေက ပိုမိုတင်းကြပ်စွာ ဖမ်းဆီးစစ်ဆေးလာတဲ့အတွက် အချိန်မှီရှောင်တိန်းနိုင်ဖို့အတွက် ပြည်သူတွေပိုမို ကူညီပေးကြဖို့ မြို့ပြတော်လှန်ရေးအင်အားစုတွေက တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လဒုတိယပတ်က စတင်ပြီး ရန်ကုန်မြို့က မြို့နယ်အများစုမှာ စစ်ကောင်စီတပ်တွေ ကဧည့်စာရင်းအကြောင်းပြပြီးအင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးတာတွေလုပ်ဆောင်နေသ လိုနေ့လည်ပိုင်းတွေမှာလည်း ပိတ်ဆို့ရှာဖွေတာတွေဆက်တိုက်လုပ်ဆောင်နေတာကြောင့် ဖမ်းဆီးခံ ထားရသူ (၂၀) နီးပါးထိရှိနေတာပါ။ “ ‌တော်လှန်ရေးအင်အားစုတွေ ဖမ်းဆီခံရတာများလာတယ်။…