ကွာလာလမ်ပူ – စက်တင်ဘာ(၆)

အာဆီယံအနေနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးအပ်ဖို့နဲ့ စစ်တပ်အုပ်ချုပ် နေတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ မြှင့်တင်ဖို့ ကြိုးပမ်းချိန်မှာ ပိုမိုအရေးတကြီး လုပ်ဆောင်ဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးအဒူလာက ပြောပါတယ်။ 

ပြီးခဲ့တဲ့နှစ်က သဘောတူထားတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တွေကို လိုက်နာဖို့ စစ်အာဏာ ရှင်တွေကို တွန်းအားပေးခဲ့ပြီး အဖွဲ့ဝင်တချို့ကတော့ ဘုံသဘောတူညီချက်တွေနဲ့ပတ်သက်ပြီး တိုးတက်လာတာမရှိသေးတဲ့အတွက် စိတ်ပျက်မီတယ်လို့ ဖော်ပြထားကြတာပါ။ 

အာဏာသိမ်းစစ်ကောင်စီဟာ ရွေးကောက်ခံအစိုးရကိုဖြုတ်ချပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို လဲ ပစ်ခတ်နှမ်နင်းမှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက်မှာတော့ မြန်မာနိုင်ငံဟာ အကြမ်းဖက်မှု သံသရာ ထဲပိတ်သွားခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့လက ကမ္ဘောဒီးယားနိုင်ငံမှာ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးတည်းက သတင်းပေးပို့တာ မရှိတော့တဲ့အတွက် မြန်မာနိုင်ငံအခြေအနေနဲ့ ပြီးနောက်ဆုံးအခြေအနေကို မေးမြန်းဖို့ အတွက် အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်ကို စက်တင်ဘာလ (၃) ရက်နေ့က စာရေးခဲ့တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။ 

အာဆီယံအတွက်းရေးမှူးချုပ်ရုံးက မြန်မာနိုင်ငံမှာ အမှန်တကယ်ဖြစ်ပျက်နေမှုတွေကို ကြည့်ရှု့ဖို့ အရေးတကြီးလိုအပ်နေသလို အာဆီယံအစုအဖွဲ့အနေနဲ့ လာမယ်နိုဝင်ဘာလမှာ ကျင်းပမယ့် အဓိကထိပ်သီးအစည်းအဝေးထိစောင့်ဆိုင်းဖို့ မလိုအပ်ဘူးလို့ သူက သတင်းထောက်တွေကို ပြောပါတယ်။ 

“သူတို့အာဆီယံ အတွင်းရေးမှူးအဖွဲ့မှာ ပဋိပက္ခနဲ့ ပတ်သက်ပြီး အချိန်ပြည့် လုပ်ဆောင်နေတဲ့ အဖွဲ့ ရှိရမယ်၊ မဟုတ်ရင် ကျနော်တို့ အစည်းအဝေးတွေ အားလုံးကြားထဲမှာ လူတွေ သေကြေပျက်စီးကုန်မှာ ဖြစ်တယ်” လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။ 

ဒါ့အပြင် မြန်မာနိုင်ငံက အကူအညီပေးတဲ့ အေဂျင်စီတွေဟာလည်း စစ်တပ်နဲ့ ဆပ်စပ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်ဖို့ ဆန္ဒမရှိတဲ့အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ချိန်မှာ စစ်ကောင်စီနဲ့ ဆက်လက်လက်တွဲလုပ်ဆောင်သွားမလား ဆုံးဖြတ်ဖို့ အာဆီယံနိုင်ငံတွေကို တာင်းဆိုထားတယ်လို့ ဝန်ကြီးက ပြောပါသေးတယ်။ 

“အာဆီယံက ငါတို့ ဘယ်မှာ ရပ်တည်မလဲ၊ ကျနော်တို့က စစ်ကောင်စီနဲ့ ဆက်လုပ်နေသလား ဒါမှမဟုတ် စစ်ကောင်စီမပါဘဲ အလုပ်လုပ်နေတာလား ငါတို့သိတဲ့လူတွေကို ကောင်းကောင်းအလုပ်လုပ်နေတာလား။ ဒါတွေက ကြီးမားတဲ့မေးခွန်းတွေဖြစ်ပြီး ငါတို့က အရေးတကြီး ဆုံးဖြတ်ရမှာ” လို့ သူက ပြောဆိုခဲ့ပါတယ်။ 

မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး မှတ်ချက်တစုံတရာ ပေးခဲ့တာတော့ မရှိခဲ့ပါဘူး။

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.