ဟနွိုင်း ၊ စက်တင်ဘာ (၆) 

ပြီးခဲ့တဲ့လက အမရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီက ထိုင်ဝမ်သို့ သွားရောက်ခဲ့ပြီးတဲ့နောက်မှာ  သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ထိပ်တန်း ရာသီဥတုဆိုင်ရာ အထူးသံတမန်နဲ့ တရုတ်တို့အကြား ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲများ ရပ်တန့်သွားပြီး ယင်းဆွေးနွေးပွဲများကို ပြန်လည်စတင်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့အင်အားကြီးနိုင်ငံနှစ်နိုင်ငံဟာ ကမ္ဘာတဝှမ်းရှိ နိုင်ငံများရဲ့ တုံ့ပြန်မှုကို ပုံဖော်နိုင်ဖို့အတွက် ဆွေးနွေးပွဲများ ပြန်လည်စ တင်ရမှာ ဖြစ်ကြောင်း အမေရိကန် ရာသီဥတုဆိုင်ရာ အထူးသံတမန် ဂျွန်ကယ်ရီ က ဟနွိုင်းမှာ ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံကတော့ မစ္စပီလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်ကို မကျေနပ်ကြောင်း ပြသဖို့အတွက် တန်ပြန်အရေးယူမှုများ ဆောင်ရွက်ခြင်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် သြဂုတ် ၅ရက်နေ့မှ စတင်ကာ အမေရိကန်နဲ့ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ဆွေးနွေးပွဲကို ဆိုင်းငံ့ခဲ့ပါ တယ်။

အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ကင်ဂမ် က ဝါရှင်တန်ဟာ ထိုင်ဝမ်အပေါ် ၎င်း၏ အပြုအမူကို ပြောင်းလဲရန်နှင့် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် နောက်ထပ် တင်းမာမှုများကို တားဆီးဖို့ လိုအပ်တယ်လို့ နောက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။ 

“ကျွန်တော့်မျှော်လင့်ချက်ကတော့ သမ္မတ ရှီကျင့်ဖျင်က ကျွန်တော်တို့ နှစ်ဦးစလုံး ဦးတည်ချက်တူစွာ လုပ်ဆောင်ခြင်းရဲ့ အကျိုးကျေးဇူးကို အသိအမှတ်ပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကမ္ဘာကြီးအနေနဲ့ ဒီအင်အားကြီးနိုင်ငံနှစ်ခု အမှန်တကယ် လက်တွဲလုပ်ဆောင်နေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်” ဟု မစ္စတာ ကယ်ရီက ပြောကြားခဲ့ပါတယ်။

ဆွေးနွေးပွဲတွေဟာ စွမ်းအင်၊ လောင်စာနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ လောင်စာပြတ်လပ်မှုတွေဟာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေကို လက်ခံကျင့်သုံးဖို့နဲ့ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖိုက်ရန်အတွက် အစိုးရတွေဟာ အားပေး သင့်တယ်လို့ ထပ်မံ ပြောကြားခဲ့ပါတယ်။

ရုရှားရဲ့  ထောက်ပံ့မှုကို အစားထိုးဖို့အတွက် ဥရောပသို့ သဘာဝဓာတ်ငွေ့ ပိုမိုပေးပို့ရန် အမေရိကန်က ကတိပြုထားသော်လည်း ယင်းမှာ ယာယီအတိုင်းအတာတစ်ခုသာ ဖြစ်သင့်တယ်လို့ မစ္စတာ ကယ်ရီက ဆိုပါတယ်။

မစ္စတာ ကယ်ရီဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ သဘောတူညီချက်တွေရယူဖို့အတွက် နိုဝင်ဘာမှာ အီဂျစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ COP27 အစည်းအဝေးတွေမှာ ပြောကြားခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာတော့  အမေရိကန်နဲ့ အင်ဒိုနီးရှားတို့ဟာ နိုင်ငံရဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသွင်ကူးပြောင်းမှုကို အရှိန်မြှင့်နိုင်ဖို့ရန် မူဘောင်တစ်ရပ်ကို သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။

Ref:The Straitstime

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.