September 6, 2022

တရုတ်နဲ့ စွမ်းအင်ဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ အမေရိကန်ရဲ့ ထိပ်တန်း ရာသီဥတုဆိုင်ရာ အထူးသံတမန်ပြောကြား

ဟနွိုင်း ၊ စက်တင်ဘာ (၆) ပြီးခဲ့တဲ့လက အမရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီက ထိုင်ဝမ်သို့ သွားရောက်ခဲ့ပြီးတဲ့နောက်မှာ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ထိပ်တန်း ရာသီဥတုဆိုင်ရာ အထူးသံတမန်နဲ့ တရုတ်တို့အကြား ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲများ ရပ်တန့်သွားပြီး ယင်းဆွေးနွေးပွဲများကို ပြန်လည်စတင်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံနှစ်နိုင်ငံဟာ ကမ္ဘာတဝှမ်းရှိ နိုင်ငံများရဲ့ တုံ့ပြန်မှုကို ပုံဖော်နိုင်ဖို့အတွက် ဆွေးနွေးပွဲများ ပြန်လည်စ…

စစ်ကောင်စီတပ်ကမီးရှို့ထားလို့ပြာကျနေတဲ့ကျေးရွာတွေကိုမီးထပ်ရှို့

မြိုင် – စက်တင်ဘာ(၆) မကွေးတိုင်း မြိုင်မြို့နယ်က ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က မီးရှို့လို့ နေအိမ်(၁၆)လုံး မီးလောင်ပျက်ဆီးခဲ့တယ်လို့ Basic Education General Strike Committee-BEGSC-Myaing ကထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ(၅) ရက်နေ့က အိုးဘိုကန်ရွာက နေအိမ်(၁၄) လုံးနဲ့ ကန်နက်ရွာက နေအိမ် (၂) လုံးစုစုပေါင်း (၁၆)လုံးကို မီးရှို့ဖျက်ဆီးခဲ့တာပါ။ “မြိုင်မြို့နယ်မြောက်ပိုင်း ကန်နီရွာမှာတပ်စွဲထားတဲ့…

မြန်မာ့ငြိမ်းချမ်းရေးအစီအစဉ်ကိုအမြန်ဆုံးလုပ်ဆောင်ကြဖို့ မလေးရှားတိုက်တွန်း

ကွာလာလမ်ပူ – စက်တင်ဘာ(၆) အာဆီယံအနေနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးအပ်ဖို့နဲ့ စစ်တပ်အုပ်ချုပ် နေတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ မြှင့်တင်ဖို့ ကြိုးပမ်းချိန်မှာ ပိုမိုအရေးတကြီး လုပ်ဆောင်ဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးအဒူလာက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က သဘောတူထားတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တွေကို လိုက်နာဖို့ စစ်အာဏာ ရှင်တွေကို တွန်းအားပေးခဲ့ပြီး အဖွဲ့ဝင်တချို့ကတော့ ဘုံသဘောတူညီချက်တွေနဲ့ပတ်သက်ပြီး တိုးတက်လာတာမရှိသေးတဲ့အတွက် စိတ်ပျက်မီတယ်လို့ ဖော်ပြထားကြတာပါ။ အာဏာသိမ်းစစ်ကောင်စီဟာ ရွေးကောက်ခံအစိုးရကိုဖြုတ်ချပြီး ငြိမ်းချမ်းစွာ…

အင်အားအလွန်ပြင်းထန်တဲ့ တိုင်ဖုန်းမုန်တိုင်း ဟင်နမ်နာ တောင်ကိုရီးယားသို့ ဝင်ရောက်

ဆိုးလ်၊ စက်တင်ဘာ ၅ အင်အားပြင်း တိုင်ဖုန်းမွန်တိုင်း ဟင်နမ်နာ ဟာ တောင်ကိုရီးယားနိုင်ငံသို့ ယနေ့ စက်တင်ဘာ ၅ ရက်နေ့က ဝင်ရောက်ခဲ့ တာကြောင့် လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းတာ၊ လုပ်ငန်းလည်ပတ်မှုအချို့ကို ဆိုင်းငံ့ထားရတာတွေနဲ့ စာသင်ကျောင်း တွေကိုပါ ပိတ်ထားခဲ့ရပါတယ်။ အဲဒီတိုင်ဖုန်းမုန်တိုင်းဟာ တောင်ကိုရီးယားနိုင်ငံအတွက် ငါးနှစ်အတွင်း ပထမဦးဆုံး အကြိမ်အဖြစ် အပြင်းထန်ဆုံးအဆင့်နဲ့ တိုက်ခတ်မယ့် မုန်တိုင်းဖြစ်ကြောင်း တောင်ကိုရီးယား…