ပခုက္ကူ – စက်တင်ဘာ(၅)

မကွေးတိုင်း ပခုက္ကူမြို့နယ် ကတံတားမှာကင်းစောင့်နေတဲ့ စစ်သား(၇) ဦးကို အမျိုးသမီးရဲဘော် အပါအဝင် မြို့ပြပြောက်ကျားတပ်ွဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် တစ်ဦးသေဆုံးပြီး အများအပြား တယ်လို့ ပခုက္ကူမြို့ပ ပြောက်ကျားတပ်ဖွဲ့-တပ်ဖွဲ့(၂)က သံလွင်တိုင်းမ်ကိုပြောပါတယ်။

တံတားမှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို အမျိုးသမီးရဲဘော်တစ်ဦးနဲ့ အမျိုးသား ရဲဘော်နှစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။

“အဓိကကတော့လက်နက်အင်အားမလုံလောက်လို့၊လက်နက်ဝယ်ဖို့ကလည်းငွေရေးကြေးရေးအဆင်မပြေတော့လို့ မတတ်နိုင်တော့လို့ဒီမစ်ရှင်ကိုလုပ်ခဲ့တာခင်ဗျ။ တစ်လကျော်လောက်ပြင်ဆင်ခဲ့ရ တယ်။ သွားကြည့်တယ် ပြန်လာလိုက်၊သွားချောင်းလိုက် ပြန်လာလိုက် သွားကြည့်လိုက်ခွေးတွေ အင်အားများနေလို့ပြန်လာလိုက်နဲ့ မနေ့ကတော့ အပြင်ဘက်မှာနှစ်ယောက် အတွင်းထဲမှာ ငါးယောက် ရှိလို့လုပ်ခဲ့တာခင်ဗျ။”လို့ -ပခုက္ကူမြို့နယ်မြို့ပြပျောက်ကြားတပ်ဖွဲ့ -တပ်ဖွဲ့ ၂ တာဝန်ခံရဲဘော် ရန်နောင်က သံလွင်တိုင်းမ်ကိုပြောပါတယ်။

အမျိုးသမီးရဲဘော်နဲ့ ပြောက်ကျားတပ်ဖွဲ့တွေဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ကင်းကျနေတဲ့ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံး၊တစ်ဦးဒဏ်ရာရရှိတာကို မျက်မြင်တွေ့ခဲ့ရပြီး အတွင်းထဲမှာ ရှိနေတဲ့ ငါးဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သူက ပြောပါသေးတယ်။

ဒီပစ်ခတ်မှုမှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ပိုင် ဆိုင်ကယ်နှစ်စီး၊လက်ပစ်ဗုံးနဲ့ SIG သေနတ်တစ်လက် ဆုံးရှုံးခဲ့ရပြီး စစ်ကောင်စီတပ်သားတွေကိုင်တဲ့ သေနတ်နှစ်လက် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်တွေဟာ တံတားပတ်ဝန်းကျင်ကို ပိတ်ဆို့ ရှာဖွေတာတွေလုပ်နေပြီးတယ်လို့ သိရပါတယ်။

ဒါ့အပြင် တံတားနဲ့အနီးတစ်ဝိုက်က ကျေးရွာတွေကလည်း စစ်ကောင်စီရန်ကြောက်လို့ ထွက်ပြေး တမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သူတို့ကို ပြောက်ကျားစစ်ဆင်ရေး ဆင်နွှဲပြီးချိန်တိုင်းမှာ ဒေသခံပြည်သူတွေကို ခြိမ်းခြောက်နှိပ်စက်တာ၊နေအိမ်တွေကို မီးရှို့တာနဲ့ ပြည်သူတွေကို မတရားသဖြင့်သတ်ဖြတ်တာတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – PUGF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.