Radio Than Lwin Times(4/9)
Youtube Link Sound Cloud Link
Youtube Link Sound Cloud Link
မော်လမြိုင် – စက်တင်ဘာ(၅) နိုင်ငံခြားငွေလဲနှုန်းမြင့်တက်လာရတာဟာ မီဒီယာတွေကြောင့်ဖြစ်ရတာလို့ စစ်ကောင်စီ ဗဟို ဘဏ်ဥက္ကဌရဲ့ ပြောဆိုမှုဟာ အဘက်ဘက်ကယိုယွင်းလာတဲ့ နိုင်ငံစီးပွားရေးအခြေအနေကို မထိန်းနိုင်လို့အကြောင်းပြချက်ရှာတာဖြစ်တယ်လို့ ဝါရင့်မီဒီယာသမားတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ(၃၁) ရက်နေ့က တစ်ဒေါ်လာကို ကျပ်ငွေ(၄၅၀၀) နဲ့ အခေါက်ရွှေတစ်ကျပ် သားကို (၃၈) သိန်းအထိစံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ဗဟိုဘဏ်ဥက္ကဌကဒေါ်သန်းသန်းဆွေ က စွပ်စွဲပြောဆိုခဲ့တာပါ။ “မီဒီယာကြောင့် ဒေါ်လာဈေးတက်တယ်ဆိတာ လွဲမှားတဲ့…
ပခုက္ကူ – စက်တင်ဘာ(၅) မကွေးတိုင်း ပခုက္ကူမြို့နယ် ကတံတားမှာကင်းစောင့်နေတဲ့ စစ်သား(၇) ဦးကို အမျိုးသမီးရဲဘော် အပါအဝင် မြို့ပြပြောက်ကျားတပ်ွဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် တစ်ဦးသေဆုံးပြီး အများအပြား တယ်လို့ ပခုက္ကူမြို့ပ ပြောက်ကျားတပ်ဖွဲ့-တပ်ဖွဲ့(၂)က သံလွင်တိုင်းမ်ကိုပြောပါတယ်။ တံတားမှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို အမျိုးသမီးရဲဘော်တစ်ဦးနဲ့ အမျိုးသား ရဲဘော်နှစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။ “အဓိကကတော့လက်နက်အင်အားမလုံလောက်လို့၊လက်နက်ဝယ်ဖို့ကလည်းငွေရေးကြေးရေးအဆင်မပြေတော့လို့ မတတ်နိုင်တော့လို့ဒီမစ်ရှင်ကိုလုပ်ခဲ့တာခင်ဗျ။ တစ်လကျော်လောက်ပြင်ဆင်ခဲ့ရ တယ်။ သွားကြည့်တယ်…
ဒီမော့ဆို – စက်တင်ဘာ(၅) ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့ ငွေတောင်ရွာသစ်ကျေးရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်(KA)နဲ့ (KNDF) တပ်ရင်း(၁၀)B/10 တို့က စက်တင်ဘာလ(၄) ရက်နေ့မနက်ပိုင်းက တိုက်ခိုက်ခဲ့တယ်လို့ KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန က သတင်းထုတ်ပြန်ထားပါတယ်။ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲဟာ (၄) နာရီလောက်ကြာမြင့်ခဲ့ပြီးစစ်ကောင်စီ တပ်သားတစ်ဦးသေဆုံးကာ လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုထားတာပါ။ တိုက်ပွဲအတွင်းကနေ စစ်ကောင်စီတပ်သားတွေရဲ့…
ပေါင် – စက်တင်ဘာ(၅) မွန်ပြည်နယ်ပေါင်မြို့မရဲစခန်းကို (၄၀)မမ ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတဲ့အတွက် ဒေသခံလူငယ်(၅) ဦးကို စက်တင်ဘာလ(၄) ရက်နေ့က စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူ တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ(၃) ရက်နေ့ ညနေပိုင်းက ရဲစခန်းအပေါ်ဘက်ခြမ်း တောင်ပေါ်ကနေ အဖွဲ့တစ်ခုက (၄၀) မမတာဝေးပစ်ဗုံးအမျိုးအစားနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် မြို့မရဲစခန်း နဲံ ထွေအုပ်ရုံးကြား ပေါက်ကွဲခဲ့ပြီး…
မော်လမြိုင် – စက်တင်ဘာ(၅) မြန်မာနိုင်ငံမှာ စက်တင်ဘာလ(၁) ရက်နေ့ကနေ(၄) ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာသစ် (၃၃၈) ဦးတွေ့ရှိခဲ့ပြီး အဲ့ဒီထဲက (၂) ဦးသေဆုံးထားတယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြ ထားပါတယ်။ ကိုဗစ်တွေ့ရှိခဲ့တဲ့ လူနာတွေထဲမှာ အများစုက ပြည်တွင်းမှာ ကူးစက်ခံထားရသူတွေဖြစ်ပြီး အဲ့ဒီထဲက (၂၀) ဦးကတော့ ပြည်ပကနေ ပြန်လည်ဝင်ရောက်လာသူတွေဖြစ်တယ်လို့ ဆိုထားတာပါ။ စစ်ကောင်စီဖွင့်လှစ်ထားတဲ့ ကျောင်းတွေမှာလဲ ကိုဗစ်ပိုးတွေ့ရှိတာတွေ…
စစ်တွေ – စက်တင်ဘာ(၄) အာဏာသိမ်းစစ်ကောင်စီ တပ်သားတွေဟာ လက်နက်မရှိတဲ့ အရပ်သား ပြည်သူတွေကိုသာ တိုက်ခိုက်ရဲတာကြောင့် သူရဲဘောကြောင်သူတွေဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် က ပြောဆိုလိုက်ပါ တယ်။ ဒီနေ့ စက်တင်ဘာလ(၄) ရက်နေ့မှာ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေတဆင့် အခုလို ရေးသားခဲ့တာပါ။ “မြောက်ဦးက လက်နက်မဲ့ အရပ်သားတွေကိုသာ တိုက်ခိုက်ရဲတဲ့ သူရဲဘောကြောင်သူတွေ မြောက်ဦး စစ်ဆေင်ရေးကို…
ရန်ကုန် – စက်တင်ဘာ(၄) ဒီနေ့ စက်တင်ဘာလ(၄) ရက်နေ့မှာ ရန်ကုန်တော်လှန်လူငယ်တွေက မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိပြီး စစ်ကောင်စီကို ပြတ်ပြတ်သားသားငြင်းပယ်ဖို့ အတွက် ကမ္ဘာ့ကုလသမဂ္ဂရုံးရှေ့မှာ “UN Prove Your Exsitence for Justice” ဆိုတဲ့ စာသားနဲ့ ဆန္ဒထုတ် ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ