ဖျာပုံ – စက်တင်ဘာ(၄) 

မြန်မာနိုင်ငံတောင်ပိုင်း ကမ်းလွန်ပင်လယ်ပြင်မှာ ရိုဟင်ဂျာလူမျိုး ၆၅ဦး ပါဝင်တဲ့ စက်လှေတစ်စင်းကို စစ်ကောင်စီဖက်မှ ဖမ်းဆီး ခဲ့ပြီး အဲဒီအထဲမှာ အစာရေစာပြတ်လပ်မှုနဲ့ လမ်းခရီးအခြေအနေဆိုးဝါးမှုတွေကြောင့် ၇ဦးသေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ ကနေ စက်တင်ဘာလ (၂)ရက်နေ့က ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က ဖျာပုံမြို့အနီးပါ အဲဒီလှေငယ်ကို ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ Global New Light of Myanmar သတင်းစာမှာ ဖော်ပြထားပါတယ်။

သတင်းဖော်ပြချက်ထဲမှာတော့ “လူကုန်ကူးသူ ၄ ဦးအပါအဝင် ဘင်္ဂါလီ ၆၅ ဦးကို ယာယီထိန်းသိမ်းထားပြီးနောက် အမျိုးသား၃ ဦးနှင့် အမျိုးသမီး ၄ ဦး ဟာ ဆိုးရွားတဲ့ ရာသီဥတုဒဏ်နှင့် အစာရေဆာ ပြတ်လပ်မှု ကြောင့် သေဆုံးခဲ့တာပါ”လို့ ပါရေးသားထားပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာ လူမျိုးဟူသော စကားလုံးအသုံးအနှုန်းအစား ဘင်္ဂါလီဆိုသော ရေးသားမှုမျိုးကိုသာ သုံးနှုန်းထားခဲ့တာပါ။

ကျန်ရှိတဲ့ ရိုဟင်ဂျာလူမျိုး ခြောက်ဦးကလည်း ဆေးကုသမှုကို ခံယူနေရပြီး အမျိုးသားငါးဦးကိုဥပဒေအရ စုံစမ်းစစ်ဆေးဖို့ ဖမ်း ဆီးခဲ့တာ ဖြစ်တယ်လို့လည်း ရေးသားထားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်အတွင်း စစ်တပ် စစ်ဆင်းရေးကြောင့် ရိုဟင်ဂျာ သောင်းနှင့်ချီဟာ နိုင်ငံကို စွန့်ခွာခဲ့ရပြီး အိမ်နီးချင်း ဘင်္ဂလားဒေရှ့်သို့ရောက်ရှိနေကြရပါတယ်။  မြန်မာစစ်တပ်ဟာ လူသတ်မှုများ၊ မုဒိမ်းမှုများနှင့် ရွာလုံးကျွတ်မီးတင်ရှို့မှု များကို လည်း ပြုလုပ်ခဲ့ပါတယ်။

ရိုဟင်ဂျာလူမျိုးများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လာရောက်သော ကျူးကျော်သူများအဖြစ် မြန်မာနိုင်ငံမှာ  ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြပြီး ၎င်းတို့ဟာ နိုင်ငံသားဖြစ်မှု၊  ရပိုင်ခွင့်များနှင့် ပညာရေး၊ ကျန်းမာရေးများတွင်လည်း လမ်းလှမ်းမမီခဲ့ပဲ နောက်ကျကျန်နေခဲ့တာပါ။

နှစ်စဉ်နှစ်တိုင်းမှာ သူတို့ဟာ အရှေ့တောင်အာရှရဲ့ အခြားသောဒေသများသို့ ဦးတည်ပြီး အန္တရာယ်ရှိတဲ့ လှေစီးခရီးစဉ်တွေကို ပြုလုပ် ကြလေ့ရှိပါတယ်။ လူကုန်ကူးသူ အများစု အသုံးပြုတဲ့ လှေငယ်များသွားလာနိုင်တဲ့ ပင်လယ်ပြင်ရဲ့ အလုံခြုံဆုံး အချိန်ဖြစ်တဲ့ နိုဝင်ဘာ လနဲ့ မေလအတွင်းမှာ ဒီလို ဖမ်းဆီးခံရတာ၊ အသက်အန္တရယ်ဆုံးရှုံးနိုင်တဲ့ အခြေအနေတွေကို နှစ်စဉ်ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။

Ref- AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.