နယူးဒေလီ ၊ စက်တင်ဘာ (၃)
ဝန်ကြီးချုပ် နာရန်ဒရာမိုဒီသည် အငြင်းအခုံဖြစ်နေတဲ့ နယ်နိမိတ်နှစ်ခုမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ထောက်ပံ့ဖို့ ပြည်တွင်းထုတ်လုပ်မှုကို မြှင့်တင်ပြီး သူ့အစိုးရရဲ့ ကြိုးပမ်းမှုတွေကို အလေးပေးဖော်ပြတဲ့အနေဖြင့် အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းမှာတည်ဆောက်တဲ့ ပထမဆုံး လေယာဉ်တင်သင်္ဘောကို စက်တင်ဘာ ၂ ရက်နေ့မှာ တာဝန်ပေးအပ်ခဲ့ပါတယ်။
အိန္ဒိယမှာ တည်ဆောက်ခဲ့သမျှ အကြီးဆုံး စစ်သင်္ဘောဖြစ်တဲ့ INS Vikrant ကို ၁၇ နှစ်ကြာ တည်ဆောက်မှုနှင့် စမ်းသပ်မှုတွေအပြီးမှာ မိုဒီသည် ရေတပ်ရဲ့ ဒုတိယမြောက် စစ်ဆင်ရေး လေယာဉ်တင်သင်္ဘောအဖြစ် တောင်ပိုင်းရှိ အစိုးရပိုင် သင်္ဘောကျင်းတစ်ခုမှာ တာဝန်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
“ဒီနေ့မှာတော့ အိန္ဒိယဟာ ပြည်တွင်းကနည်းပညာတွေနဲ့ ကြီးမားတဲ့ လေယာဉ်တင်သင်္ဘောကြီးကို ထုတ်လုပ်နိုင်တဲ့ ကမ္ဘာ့နိုင်ငံတွေနဲ့ ပူးပေါင်းထားပါတယ်၊ ဒါဟာ အိန္ဒိယဌာနေနိုင်ငံသားတွေရဲ့ အလားအလာ၊ ဌာနေရင်းမြစ်တွေနဲ့ ကျွမ်းကျင်မှုရဲ့ သင်္ကေတတစ်ခုတယ်” လို့ မိုဒီက ပြောခဲ့ပါတယ်။
လေယာဉ်အမှုထမ်း ၁၆၀၀ ခန့်နှင့် လေယာဉ် အစီး ၃၀ ဆံ့ ဒီဇိုင်းထုတ်ထားတဲ့ Vikrant ကို ရုရှားနိုင်ငံမှ ဒီဇိုင်းထုတ်ထားသည့် MIG-29K လေယာဉ်အား အိန္ဒိယရဲ့ အခြားလေယာဉ်တင်သင်္ဘောဖြစ်တဲ့ INS Vikramaditya ထံမှ လွှဲပြောင်းသွားမှာလည်း ဖြစ်ပါတယ်။
Boeing နှင့် ပြင်သစ်ရဲ့ Dassault တို့ကိုလည်း Vikrant အတွက် ဂျက်လေယာဉ် နှစ်ဒါဇင်ကျော်ဖြင့် အိန္ဒိယကို ထောက်ပံ့ပေးရန် ကြိုးပမ်းနေကြပါသေးတယ်။
အိန္ဒိယသည် ၂၀၁၈ နှင့် ၂၀၂၁ ခုနှစ်ကြားမှာ အမေရိကန်ဒေါ်လာ (၁၂.၄) ဘီလီယံ အကုန်အကျခံကာ ကမ္ဘာ့အကြီးဆုံး လက်နက်တင်သွင်းတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။
အဓိကတင်သွင်းတဲ့ ရုရှားက ယူကရိန်းသို့ ကျူးကျော်စစ်ပွဲကြောင့် ပိတ်ဆို့အရေးယူမှုများ ရင်ဆိုင်နေရတဲ့အတွက် သူရဲ့ ကိုယ်ပိုင်ထုတ်လုပ်မှုစွမ်းရည်ကို မြှင့်တင်ရန် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
အိန္ဒိယသည် ၂၀၂၂-၂၃ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ (၁.၀၃) ထရီလီယံခန့်တန်ဖိုးရှိ ကာကွယ်ရေးပစ္စည်း (၈၀၀၀) ခန့်ကို ထုတ်ဖော်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အိန္ဒိယသည် ၎င်းရဲ့ လက်နက်ကိုင်တပ်ဖွဲ့မှာ အင်အား (၁.၃၈) သန်းကို ခန့်အပ်ထားပြီး နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်သည့် ပြိုင်ဘက် တရုတ်နှင့် ပါကစ္စတန်တို့ထက် အရေအတွက် များတယ်လို့ သိရပါတယ်။
Ref:CNA