ဘန်ကောက် – စက်တင်ဘာ(၃) 

ထိုင်းနိုင်ငံဘန်ကောက်မြို့ ဒွန်မောင်းနိုင်ငံတကာလေဆိပ်ကနေ ပတ္တရားကမ်းခြေအထိ တစ်ဦးကို ဘတ်(၃၅၀) နှုန်းနဲ့ ဘတ်စ်ကားဝန်ဆောင်မှု ကို ပြီးခဲ့တဲ့ ဩဂုတ်လ(၁၅) ရက်နေ့ကစပြီးဆောင် ရွက်နေတယ်လို့ သိရပါတယ်။ 

ဒွန်မောင်းလေဆိပ် လုပ်ငန်းလည်ပတ်ရေးဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးကတခြား လူကြိုက်များတဲ့ ခရီးစဉ်လမ်းကြောင်းအသစ်တွေကိုလည်း ပြေးဆွဲသွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ 

ပတ္တရားကမ်းခြေကို စမ်းသပ်ပြေးဆွဲမှု ကာလအတွင်း မနက်(၁၀) နာရီခွဲမှာ ဒွန်မောင်း ကနေ ပတ္တရားအထိ ခရီးစဉ်နှစ်ကြိမ်နဲ့ ပတ္တရားက ဒွန်မောင်းအထိ ခရီးစဉ်နှစ်ကြိမ်သတ်မှတ်ထားတယ် လို့သိရပါတယ်။ 

ဒီဝန်ဆောင်မှုဟာ လူသိနည်းသေးတဲ့အတွက် ခရီးသည်အရေအတွက်နည်းပါးနေသေးတယ်လို့ ဒွန်မောင်းလေဆိပ်လုပ်ငန်းလည်ပိတ်ရေးဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးက ပြောပါတယ်။ 

ဒွန်မောင်းလေဆိပ်ကို တစ်ရက်ဆိုက်ရောက်ခရီးသည် (၄) သောင်းကနေ (၅) သောင်းအထိရှိ နေပေမယ့် အများစုကတော့ အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးစနစ်နဲ့ မြို့တွင်းကို သွားကြပြီး ခရီးသွားရာသီဖြစ်တဲ့ အောက်တိုဘာလကစတင်ပြီး ဒွန်မောင်း ပတ္တရားအကြိုအပို့ ဝန်ဆောင်မှုမှာ ခရီးသည်အရေအတွက် ပိုများလာနိုင်တယ်လို့ သူက ပြောပါသေးတယ်။ 

ဝန်ဆောင်မှုအတွက် လက်မှတ်တွေကို www.belltravelservice.com မှာ ဝယ်ယူနိုင်ပြီး ဒွန်မောင်း လေဆိပ်ပြည်တွင်းခရီးသွားစင်္ကြံဂိတ်အမှတ်(၁၀) က Bell Traval Service ရုံးမှာလည်း ဝယ်ယူ နိုင်တယ်လို့ သိရပါတယ်။ 

ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ ခရီးသည်တွေကို ပြုစုထားတဲ့ စစ်တမ်းတွေအရ ပတ္တရားကမ်းခြေ ကိုအကြိုက်နှစ်သက်ဆုံးဖြစ်ကြပြီး ထိုင်းနိုင်ငံမှာ အကျာ်ကြားဆုံးနေရာတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ 

ဘန်ကောက်မြို့ပြဧရိယာက ဒွန်မောင်းလေဆိပ်ကနေ ချွန်ဘူရီခရိုင်ဒေသန္တရ ထိုင်းပင်လယ်ကွေ့ အရှေ့ဘက်ကမ်းခြေမှာတည်ရှိတဲ့ ပတ္တရားကမ်းခြေဟာ (၁၁၃) ကီလိုမီတာကွာဝေးပြီး ကားမောင်းချိန်(၂) နာရီကြာပါတယ်။ 

Ref:Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.