ကိုလံဘို – စက်တင်တာ(၂) 

သီရိလင်္ကာနိုင်ငံက နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နဲ့ ပဏာမသဘောတူညီချက်တစ်ခု အဖြစ် အမေရိကန်ဒေါ်လာ (၂.၉) ဘီလျံ ချေးငွေရယူခဲ့တယ်လို့ စက်တင်ဘာလ(၁) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ 

ရန်ပုံငွေပံ့ပိုးပေးတဲ့ အစီအစဉ်သစ်ရဲ့ ရည်ရွယ်ချက်မှာ မက်ခရိုစီးပွားရေး ထိန်းချုပ်မှုနဲ့ ကြွေးမြီး တွေအတွက်ပြန်လည်ထူထောင်ဖို့ဖြစ်ပြီး IMF ရဲ့ တိုးချဲ့ရန်ပုံငွေ ပံ့ပိုးကူညီမှုအောက်မှာ (၄၈) လကြာ အစီအစဉ်ကြေညာချက်မျာ ဖော်ပြထားပါတယ်။ 

ဒီသဘောတူညီချက်ဟာ IMF စီမံခန့်ခွဲမှုနဲ့ အမှုဆောင်ဘုတ်အဖွဲ့တို့ရဲ့ ခွင့်ပြုချက်ဖြစ်ပြီး အရင် ကသဘောတူထားတဲ့ အရေးယူဆောင်ရွက်မှုတွေကို လိုက်နာဆောင်ရွက်ဖို့ သီရိလင်္ကာအာဏာ ပိုင်တွေနဲ့ သက်ဆိုင်နေတာဖြစ်ပါတယ်။ 

ပုဂ္ဂလိက ကြွေးမြီးရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ သဘောတူညီချက်ရရှိဖို့ ကြိုးပမ်းအားထုတ် မှုတွေ သေချာစေဖို့ IMF ဟာ သီရိလင်္ကာရဲ့ တရားဝင်ကြွေးမြီးရှင်တွေဆီက ဘဏ္ဍာငွေအာမခံ ချက်ရယူဖို့ လိုအပ်မှာဖြစ်ပါတယ်။ 

“သီရိလင်္ကာ၏ ကြွေးမြီရှင်များထံမှ ကြွေးမြီသက်သာခွင့်နှင့် နိုင်ငံစုံမိတ်ဖက်များထံမှ ထပ် လောင်းဘဏ္ဍာငွေများအား ကြွေးမြီတည်ငြိမ်မှုနှင့် ရင်းနှီးသောဘဏ္ဍာရေး ကွာဟ ချက်များအား သေချာစေဖို့ ကူညီဆောင်ရွက်ပေးရန် လိုအပ်လိမ့်မည်” လို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါ တယ်။ 

ဒါ့အပြင် သီရိလင်္ကာဟာ ကြွေးမြီဒေါ်လာ ဘီလျံ(၃၀) နီးပါးကို ပြန်ဆပ်ဖို့လိုအပ်နေပြီး ဂျပန် နိုင်ငံက အိန္ဒိယနဲ့ တရုတ်အပါအဝင် တခြားအဓိက ကြွေးမြီရှင်တွေနဲ့ ဆွေးနွေးဖို့ ကမ်းလှမ်း ထားပါသေးတယ်။ 

အမေရိကန်ဒေါ်လာ (၁၉) ဘီလျံတန်ဖိုးရှိတဲ့ နိုင်ငံပိုင်ဘွန်းအများစုကိုကိုင်ဆောင်ထားတဲ့ နိုင်ငံ တကာဘဏ်တွေနဲ့ ပိုင်ဆိုင်မှု မန်နေဂျာတွေနဲ့လည်း စာချုပ်ချုပ်ဆိုဖို့ လိုအပ်မှာဖြစ်ပြီး လက်ရှိမှာ တော့ ပုံသေအမျိုးအစားခွဲခြားထားတဲ့ အမေရိကန်ဒေါ်လာ (၁၉) ဘီလျံတန်ဖိုးရှိတဲ့ အာဏာပိုင် စာချုပ်တွေကို ကိုင်ဆောင်ထားရမှာဖြစ်ပါတယ်။ 

သီရိလင်္ကာနိုင်ငံသားတွေဟာ လောင်စာဆီနဲ့ တခြားအခြေခံကုန်ပစ္စည်းတွေ ပြတ်တောက်မှုနဲ့ ရင်ဆိုင်ခဲ့ရပြီး နိုင်ငံမတည်ငြိမ်မှုတွေနဲ့ ငွေကြေးဖောင်ပွမှုဒဏ်ကို ခံနေရပါတယ်။ 

၁၉၄၈ ခုနှစ်ဗြိတိန်ဆီက လွတ်လပ်ရေးရပြီးနောက်ပိုင်း သီရိလင်္ကာနိုင်ငံရဲ့အဆိုးရွားဆုံး စီးပွားရေးအကြပ်အတည်းကနေလွတ်မြောက်ဖို့ IMF ဆီကနေ အမေရိကန်ဒေါ်လာ (၃) ဘီလျံ အထိရရှိနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.