ပေါက် – စက်တင်ဘာ (၂)
မကွေးတိုင်းပေါက်မြို့က ကျေးရွာတစ်ရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၇၁၂-ပြည်သူ့စွမ်း အားတပ်ပေါင်းစု-PPC က ဒေသခံတွေကို ကျန်းမာရေးစောင့်ရှောင့်မှု ပေးခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
အဲ့ဒီကျေးရွာက ဒေသခံပြည်သူ (၈၀) ကျော်ကို ကို ဆေးဝါးကုသပေးပြီး ကိုယ်ဝန်ဆောင်မိခင်တွေကို ကာကွယ်ဆေးထိုးတာနဲ့ ကလေးသူငယ်တွေရဲ့ ကျောင်းကျန်းမာရေးကိစ္စတွေကိုပါ ဆောင်ရွက်ပေးခဲ့ တာပါ။
“အခုလိုအခမဲ့ကုသပေးရတဲ့ရည်ရွယ်ချက် အဓိက က ပြည်သူတွေ လိုအပ်တာကို ဖြည့်စည်းပေး တဲ့သဘောပါပဲ ။ ၂၀၂၁ လောက်မှာတုန်းက ကျွန်တော်တို့ ကာကွယ်ရေးလုပ်ငန်းတွေလုပ်ရင်း ပြည်သူတွေမှာ ကျန်းမာရေးနဲ့ပါတ်သက်ပြီး ကုသမှုခံယူဖို့ခက်ခဲခဲ့တာကိုတွေ့ရပါတယ်” လို့ တပ်ရင်း ၇၁၂ ပြည်သူ့စွမ်းအားတပ်ပေါင်းစု – PPC ကတာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ဒါ့အပြင် ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင်ဖို့ မဖြစ်မနေလိုအပ်လာတဲ့အတွက် လိုအပ်တဲ့ ဆေးဝါးစုဆောင်းတာတွေကို စတင်လုပ်ဆောင်ခဲ့ပြီးတဲ့နောက် အခုလို ဆေးဝါးကုသ ပေးနေတာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။
ကလေးသူငယ်တွေမှာ အဖြစ်များတဲ့ သွားပိုးစား၊ယားနာ၊နှာစေး၊ချောင်းဆိုးနဲ့ရာသီတုပ်ကွေး ရောဂါတွေကို ဦးစားပေးကုသပေးခဲ့ပြီး ကျေးရွာနေပြည်သူတွေရဲ့ သွေးတိုး၊အာရုံကြောဆိုင်ရာ လူနာ (၈၀) ကျော်ကုသမှုပေးခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၇၁၂-ပြည်သူ့စွမ်း အားတပ်ပေါင်းစု-PPC က ပေါက်မြို့နယ် တောင်ပိုင်း၊ဆိပ်ဖြူမြို့နယ်နဲ့ ဆောမြို့နယ်က ရွာတွေမှာ အခမဲ့ ဆေးဝါးကုသပေးနေတာဖြစ်ပြီး လက်ရှိအချိန်ထိ လူနာပေါင်း (၅)ထောင်ကျော်ကို ကုသပေးနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
ကျေးရွာနေပြည်သူတွေအဆင်ပြေစေဖို့အတွက် သင်တန်းကာလ (၆)လကြာမြင့်တဲ့ ဆေးသင်တန်းတွေ ကိုပို့ချပေးနိုင်ခဲ့တဲ့အတွက် ကွင်းဆင်းကုသမှုတွေအပြင် OPD လူနာတွေကို လက်ခံကုသပေးနိုင် လာတာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၇၁၂-ပြည်သူ့စွမ်း အားတပ်ပေါင်းစု-PPC က ပြောခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်