ပေကျင်း – စက်တင်ဘာ(၂) 

ရှင်ကျန်းဒေသက ဝီဂါနဲ့ တခြား မွတ်စလင်တွေကို တရုတ်နိုင်ငံဟာ ခွဲခြားဆက်ဆံဖမ်းဆီး ထိန်းသိမ်းတာတွေအပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်လာနိုင် တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက အစီရင်ခံတစ်ခုမှာ ပြောပါတယ်။ 

တရုတ်နိုင်ငံအပေါ်ပျော့ပျောင်းလွန်းတယ်လို့ သံတမန်တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တချို့ရဲ့ ဝေဖန် မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ရှဲဘချလတ် ဟာ ပြီးခဲ့တဲ့ မေလက တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး သူမရဲ့ လေးနှစ်သက်တမ်း မကုန်ဆုံးမီ မိနစ် ပိုင်းအလိုမှာ အစီရင်ခံစာထုတ်ပြန်ခဲ့တာပါ။ 

“အစိုးရ၏ အကြမ်းဖက်မှု နှိမ်နင်းရေးနှင့် အစွန်းရောက်ဝါဒ တန်ပြန်ရေး ဗျူဟာများ ကျင့်သုံးမှုဖြင့် ရှင်ကျန်းတွင် ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်” လို့ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် လေ့ကျင့်ရေးစင်တာ၊ အကျဉ်းထောင်တွေနဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်း ခံထားရသူတွေအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တရုတ်အစိုးရကို အကြံပြုထားပါတယ်။ 

ဝီဂါနဲ့ တခြားသော မူဆလင်အများစုနေထိုက်တဲ့ အစုအဖွဲ့တွေအပေါ် အနိုင်ကျင့်ခွဲခြားဆက်ဆံ ကာ ဖမ်းဆီးတာဟာ နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု တွေဖြစ်တယ်လို့ ကုလသမဂ္ဂရုံးက ပြောဆိုထားပါတယ်။

“၂၀၁၇ ခုနှစ်ကတည်းက မျိုးပွားခြင်းဆိုင်ရာ မူဝါဒများကို အတင်းအကြပ် ပြဋ္ဌာန်းခြင်းမှ တစ်ဆင့် မျိုးပွားမှုအခွင့်အရေး ချိုးဖောက်ခြင်းနှင့် ပတ်သက်သည့် ခိုင်လုံသော အရိပ်အယောင်များ ရှိသည်” လို့ ကုလသမဂ္ဂ ရုံးက ပြောပါတယ်။ 

အကျယ်ချုပ်စခန်းတွေမှာ အတင်းအကြပ်လုပ်အားပေးခိုင်းစေတာအပါအဝင် မွတ်စလင် (၁၀) သန်းရှိတဲ့ စင်ကျန်းအနောက်ပိုင်းဒေသမှာ မူဆလင်လူနည်းစုဖြစ်တဲ့ဝီဂါအပေါ် တရုတ်ရဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေရှိတယ်လို့ စောင့်ကြည့်ရေးအဖွဲ့တွေက စွပ်စွဲထားကာ လူမျိုးတုံး သတ်ဖြတ်မှုကို ပြုလုပ်ခဲ့တယ်လို့ အမေရိကန်က တရုတ်ကို စွပ်စွဲထားပါတယ်။ 

ရှင်ကျန်းဒေသ အခွင့်အရေးချိုးဖောက်မှုမှန်သမျှကို တရုတ်နိုင်ငံကပြင်းပြင်းထန်ထန်ငြင်းဆို ထားကာ သတင်းမှားနဲ့ လွဲမှားနေတဲ့ ယူဆချက်အပေါ်အခြေခံထားတာဖြစ်တယ်လို့ တရုတ်က တုံ့ပြန်ထားပါတယ်။ 

အစီရင်ခံစာမထုတ်ပြန်ခင်က နယူးယောက်မြို့က ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီးက ဘေဂျင်းဘက်က ဒီကိစ္စအပေါ် ကန့်ကွက်တယ်လို့ အကြိမ်ကြိမ်ပြောဆိုထားပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲအနေနဲ့ တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ တွေ မလုပ်ဖို့ သူက ပြောခဲ့ပါတယ်။ 

“ရှင်ကျန်း ကိစ္စဟာ နိုင်ငံရေး စေ့ဆော်မှုတွေကြောင့် လုံးလုံးလျားလျား လိမ်ညာမှု ဖြစ်တယ်လို့ ကျွန်တော်တို့ အားလုံး သိပါတယ်၊ သူ့ရဲ့ ရည်ရွယ်ချက်က တရုတ်နိုင်ငံရဲ့ တည်ငြိမ်မှုကိုပျက် ပြားအောင် လုပ်ဖို့နဲ့ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားဖို့ပါပဲ။ ဘယ်သူ့ကိုမှ ကောင်း ကျိုးတစ်စုံတစ်ရာ ဖြစ်ထွန်းလာမယ် မထင်ပါဘူး၊ ဒါဟာ ကုလသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံ တွေကြား ပူးပေါင်းဆောင်ရွက်မှုကို ပျက်ပြားစေပါတယ်” လို့ တရုတ်သံအမတ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.