မော်လမြိုင် – စက်တင်ဘာ(၂)

အာဏာသိမ်းစစ်ကောင်စီရဲ့ စီးခံခန့်ခွဲရေးညံ့ဖျင်းမှုကြောင့် ပြည်သူတွေ စီးပွားရေး ကျဆင်းမှု ဒဏ်ကို အပြင်းအထန်ခံစားနေရတဲ့အတွက် ပြည်သူတွေရဲ့ အခက်အခဲကို အတက်နိုင်ဆုံး ဖြေရှင်း ဆောင်ရွက်ကြဖို့ အစိုးရအဖွဲ့ကို NUG ဝန်ကြီးချုပ်က တိုက်တွန်းလိုက်ပါတယ်။​

အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလ ဒေသန္တရာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး(၂၇/၂၀၂၂) မှာ ဝန်ကြီးချုပ်က အခုလိုပြောဆိုခဲ့တာပါ။

“အကြမ်းဖက်စစ်ကောင်စီရဲ့ စီမံခန့်ခွဲရေး ညံ့ဖျင်းမှုကြောင့် ပြည်သူတွေအနေနဲ့ စီးပွားရေး ကျဆင်းမှုဒဏ်ကို အပြင်းအထန်ခံစားနေရတယ်၊ အစိုးရအနေနဲ့ စုစည်းထားရှိတဲ့ အင်အားနဲ့ ပြည်သူတို့ရဲ့ အခက်အခဲများကို အတတ်နိုင် ဆုံးဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်စေလိုတယ်” လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

ဒါ့အပြင် ခုခံစစ်အတွက်ပြင်ဆင်ဆောင်ရွက်နေသလို စိုးမိုးနယ်မြေတွေမှာ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေစီမံဆောင်ရွက်ချက်တွေနဲ့ မြေပြင်လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ကြဖို့ လည်း ပြောပါသေးတယ်။

အစည်းအဝေးမှာ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်တွေ က (၂၆/၂၀၂၂) မှာ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေ၊ရှေ့လုပ်ငန်းစဉ်တွေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ ကျန်ရှိနေတဲ့ လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

ကြားကာလ ဒေသန္တရာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးကို ပြည်သူ့ အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဌ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဌ(၁) ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်တို့အပါအဝင် ဗဟိုကော်မတီအဖွဲ့ဝင်ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယပြည်ထောင်စုဝန်ကြီးတွေအပါအဝင် တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.