မနီလာ ၊ စက်တင်ဘာ (၂)

ဖိလစ်ပိုင်နိုင်ငံက တရုတ်နိုင်ငံနှင့် ရေနံ၊သဘာဝဓာတ်ငွေ့ ရှာဖွေရေးဆိုင်ရာ ဆွေးနွေးပွဲအသစ်တွေ ပြုလုပ်ဖို့ လမ်းဖွင့်ထားကြောင်း ဖိလစ်ပိုင် ထိပ်တန်း သံတမန်က ဗုဒ္ဓဟူးနေ့ (သြဂုတ် ၃၁) နေ့မှာ ပြောကြားခဲ့ပါတယ်။

သမ္မတ ဖာဒီနန်မားကိုးစ် ဂျူနီယာ ရဲ့ အစိုးရသည် ဆွေးနွေးမှုများ ပြန်လည်စတင်ဖို့ အဆင်သင့်ဖြစ်နေပေမယ့် မည်ကဲ့သို့သော သဘောတူညီချက်ဖြစ်စေ ဖိလစ်ပိုင်ဥပဒေများကို လိုက်နာရမယ်လို့ နိုင်ငံခြားရေးဝန်ကြီး မာနာလို က  လွှတ်တော်အမတ်တွေကို ပြောကြားခဲ့ပါတယ်.

“ဖိလစ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့မညီတဲ့ ဘယ်အရာကိုမှ သဘောတူမှာ မဟုတ်ဘူး။ အဲဒါက ကျွန်တော်တို့ရဲ့ လမ်းညွှန်မှုပဲ” လို့ ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန်လမှာ မစ္စတာမားကို့စ်ရဲ့ ရှေ့တော် ရိုဒရီဂို ဒူတာတေးက တောင်တရုတ်ပင်လယ်မှာ ရေနံရှာဖွေရေးဆိုင်ရာ ပေကျင်းနှင့် ဆွေးနွေးမှုကို အဆုံးသတ်ခဲ့ပြီး ထိုအချိန်က နိုင်ငံခြားရေးဝန်ကြီးဟောင်း က “ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖြစ်နိုင်ခြေရှိသည့် ဆွေးနွေးပွဲတွေ” ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

လက်ရှိ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးရဲ့ မှတ်ချက်နှင့် ပတ်သက်ပြီး မနီလာမြို့ အခြေစိုက် တရုတ်သံရုံးက ချက်ချင်း မတုံ့ပြန်ခဲ့ပါဘူး။

၂၀၁၆ ခုနှစ်မှာ နိုင်ငံတကာ ခုံသမာဓိရုံးသည် ဖိလစ်ပိုင်ရဲ့ ရေပိုင်နက် အချုပ်အခြာအာဏာနှင့် အရင်းအမြစ်ပိုင်ဆိုင်မှုကို နိုင်ငံ့ ထူးစီးပွားရေးဇုံရဲ့  မိုင် ၂၀၀ အထိရှိတယ်လို့ အမိန့်ချမှတ်ပေးခဲ့ပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံအနေဖြင့် ထိုဆုံးဖြတ်ချက်ကို မလိုက်နာပဲ တောင်တရုတ်ပင်လယ်ရဲ့ ၉၀ ရာခိုင်နှုန်းသည် ၎င်းရဲ့ ကိုယ်ပိုင်နယ်နိမိတ်ဖြစ်တယ်လို့ ကြွေးကြော်နေပါတယ်။

Ref: The Straitstime

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.