တိုကျို – စက်တင်ဘာ(၁) 

ဂျပန်နိုင်ငံက တရုတ်နဲ့ ရုရှားတို့ရဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့ ရည်ရွယ်တဲ့ စစ်ရေးတိုးချဲ့မှု အဖြစ် တာဝေးပစ်မှတ်တွေကို တိုက်ခိုက်နိုင်စွမ်းရှိတဲ့ ခရုဇ်ဒုံးကျည်နဲ့ မြန်နှုန်းမြင့် ပဲ့ထိန်း ဒုံးကျည် တွေထုတ်လုပ်မှာဖြစ်တယ်လို့ ဩဂုတ်လ(၃၁) ရက်နေ့က ပြောဆိုခဲ့ပါတယ်။ 

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ နှစ်စဉ်ဘတ်ဂျက်တောင်းခံမှုမှာ ဖော်ပြထားတဲ့ ဝယ်ယူရေးအစီ အစဉ်ဟာ ဂျပန်ရဲ့ ဖွဲ့စည်းပုံအရ ထိန်းချုပ်ထားတဲ့ ခုခံကာကွယ်ရေးတပ်ဖွဲ့အပေါ် ဆယ်စုနှစ် ပေါင်းများစွာ ကန့်သတ်ထားတာဖြစ်ပြီး သူတို့ဟာ ကီလိုမီတာ ရာဂဏန်းရှိတဲ့ ဒုံကျည်တွေကိုသာ ပစ်လွှတ်နိုင်တာ ဖြစ်ပါတယ်။ 

“တရုတ်နိုင်ငံသည် လက်ရှိအနေအထားကို အင်အားသုံးပြီး တစ်ဖက်သတ်ပြောင်းလဲရန် ဆက်လက်ခြိမ်းခြောက်နေပြီး ရုရှားနှင့် ၎င်း၏မဟာမိတ်ဖွဲ့မှုသည်လည်း ပိုမိုနက်ရှိုင်းလာ နေတယ်” လို့ ဝန်ကြီးဌာနရဲ့ ဘတ်ဂျက်တောင်းခံမှုမှာ ပြောဆိုထားပါတယ်။ 

ဒါ့အပြင် ထိုင်ဝမ်ကို စစ်ရေးလေ့ကျင်မှုတွေနဲ့ ဖိအားပေးနေပြီး ပေါင်းစည်းဖို့ စစ်အင်အား အသုံး ပြုမှုတွေကို စွန့်လွှတ်မှာ မဟုတ်ဘူးလို့ သူက ပြောပါသေးတယ်။ 

အမေရိကန် အောက်လွှတ်တော် ဥက္ကဌ နန်စီပေလိုစီ ထိုင်ဝမ်ကို လာရောက်လည်ပတ်ပြီးနောက် အင်အားပြမှုမှာ ဂျပန်က ကီလိုမီတာ (၁၆၀) အောက်ရှိတဲ့ ပဲ့ထိန်းဒုံးကျည်(၅) စင်း ရေပြင်ကို ပစ်လွှတ်ခဲ့ပြီးနောက် တရုတ်ရဲ့ ဒေသတွင်းရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး သတိပေးမှုတွေ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ 

ဘတ်ဂျက်တောင်းခံမှုဟာ မြေပြင်ပစ်ခရုဇ်ဒုံးပျံတွေ အမြောက်အများ ထုတ်လုပ်ဖို့အတွက် ရံပုံငွေအဖြစ် အသုံးပြုထားတဲ့ Mitsubishi Heavy Industries-designed Type 12 ဒုံးကျည်ရဲ့ တိုးချဲ့ဗားရှင်းဟာသင်္ဘောတွေကို တိုက်ခိုက်ဖို့နဲ့ မြေပြင်ပစ်မှတ်တွေကို ထိမှန်နိုင်တဲ့ မြန်နှုန်းမြင့် လျှော့တိုင်ဒုံးကျည်အသစ်တွေအတွက်ဖြစ်ပါတယ်။ 

ဝန်ကြီးဌာနက အဆိုပြုထားတဲ့ လက်နက်တွေအတွက် အကွာအဝေး အတိအကျနဲ့ ဘယ်လောက် အထိဖြန့်ကျက်ဖို့ စီစဉ်ထားတယ်ဆိုတာကို ပြောဆိုထားတာမရှိပေမယ့် ဂျပန်နိုင်ငံရဲ့ အနောက် တောင်ဘက်အနီးက အိုကီနာဝါ ကျွန်းမှာ တပ်စွဲထားရင် တရုတ်နိုင်ငံရဲ့ ပစ်မှတ်တွေကို ရောက်နိုင် ဖွယ်ရှိတယ်လို့ ပြောခဲ့ပါတယ်။ 

နော်ဝေနိုင်ငံက လေကြောင်းပစ်လွှတ်နိုင်တဲ့ ဒုံးကျည်တွေကို ဂျပန်နိုင်ငံက မှာယူထားပြီး အသံ ထက်မြန်တဲ့ ဒုံးကျည်ထိပ်ဖူးတွေအပါအဝင် တခြားသော ဒုံးကျည်တွေတီထွင်ဖို့အတွက် ငွေကြေးရှာဖွေနေတယ်လို့ သိရပါတယ်။ 

ဝန်ကြီးဌာနက ဧပြီလ(၁) ရက်နေ့က စတင်ပြီး တစ်နှစ်အတွက် အသုံးစရိတ် ယန်း (၅.၆) ထရီလီလံအထိ တိုးမြှင့်ဖို့ တောင်းဆိုခဲ့ပေမယ့် ဝယ်ယူရေးအစီအစဉ်အသစ်တွေရဲ့ ကုန်ကျစရိတ် ကိုတွက်ချက်ပြီးနောက် ကိန်းဂဏန်းတွေ မြင့်တက်လာနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ 

ဝန်ကြီးချုပ် ဖူမီရိုကီရှီဒါရဲ့ အစိုးရကတိုးမြှင့်တောင်းဆိုမှုကို ဒီနှစ်ကုန်မှာ အတည်ပြုသွားမှာ ဖြစ်ပြီး အဓိက ကာကွယ်ရေးဗျူဟာ ပြုပြင်မွမ်းမံမှုနဲ့ ကာလယ်စစ်ရေးဆိုင်ရာ စီမံချက်အသစ် ကိုထုတ်ဖော်ပြသသွားမှာဖြစ်ပါတယ်။ 

ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် အရှေ့အာရှမှာ လုံခြုံရေးအားနည်းတယ်လို့ ဝန်ကြီးချုပ် ကီရှီဒါက ပြောဆိုခဲ့ပြီး ဒေသတွင်းပဋိပက္ခအတွက် ပြင်ဆင်ဖို့ ကာကွယ်ရေး အသုံးစရိတ်တွေ သိသိသာသာ တိုးမြှင့်သွားမယ်လို့ ကတိပြုထားပါတယ်။ 

ဒါကြောင့် ဂျပန်နိုင်ငံဟာ အဓိက မဟာမိတ် အမေရိကန်နဲ့ အိမ်နီးချင်းတရုတ်နိုင်ငံတို့နောက်မှာ တတိယအကြီးဆုံး စစ်အသုံးစရိတ်သုံးစွဲတဲ့ နိုင်ငံဖြစ်လာတော့မှာပါ။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.