August 2022

ကျွန်းကို သိမ်းပိုက်နိုင်ရင် ထိုင်ဝမ်ကို တပ်ဖွဲ့ဝင်တွေ စေလွှတ်မှာ မဟုတ်ဘူးဆိုတဲ့ကတိကို တရုတ်ရုပ်သိမ်း

ဘေဂျင်း ၊ သြဂုတ် (၁၁) ကျွန်းကို ထိန်းချုပ်နိုင်ရင် ထိုင်ဝမ်ကို တပ်ဖွဲ့ဝင် ဒါမှမဟုတ် အုပ်ချုပ်ရေးဝန်ထမ်းတွေ စေလွှတ်မှာ မဟုတ်ဘူးဆိုတဲ့ ကတိကို တရုတ်က ရုပ်သိမ်းလိုက်ပြီး တရုတ်သမ္မတရှီကျင့်ဖျင်က အရင်ကကမ်းလှမ်းထားတာထက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုနည်းတဲ့ဆုံးဖြတ်ချက်ကို အချက်ပြလိုက်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်အပေါ် တရုတ်နိုင်ငံရဲ့ ရပ်တည်ချက် စက္ကူဖြူစာတမ်းမှာ ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ…

မြန်မာမှာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုင်ရာအထောက်အထားတွေကို ကုလသမဂ္ဂစုံစမ်းစစ်ဆေး

ရန်ကုန် – ဩဂုတ်(၁၁) မြန်မာနိုင်ငံမှာ လူသတ်မှုညှဉ်းပန်းနှိပ်စက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အပါအဝင် လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေများပြားလာတယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ် ဆေးရေးမှူးတွေက ဩဂုတ်လ(၉) ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကုလသမဂ္ဂနဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM) က ကျူးလွန်ခံရသူတွေမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဟာ အထူးပစ်မှတ်ထားခံနေတယ်လို့ ဆိုထားပါတယ်။ “၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ…

သီရိလင်္ကာဖြုတ်ချခံ သမ္မတ ထိုင်းမှာ နိုင်ငံရေးခိုလှုံခွင့်တောင်းခံမယ်

ဘန်ကောက် – ဩဂုတ်(၁၁) သီရိလင်္ကာနိုင်ငံရဲ့ ဖြုတ်ချခံထားရတဲ့ သမ္မတ ဂိုတာဘာရာ ရာဂျာပတ်ဆာ ဟာ ပြီးခဲ့တဲ့လက နိုင်ငံကနေထွက်ပြေးခဲ့ပြီးနောက် အရှေ့တောင်အာရှိမှာ ယာယီခိုလှုံနေထိုင်ဖို့ ဒုတိယနိုင်ငံ အဖြစ် ထိုင်းနိုင်ငံကို ဩဂုတ်လ(၁၁) ရက်နေ့မှာ ရောက်ရှိလာနိုင်တယ်လို့ ဘန်ကောက်ပိုစ့်မှာ ဖော်ပြထား ပါတယ်။ တိုင်းပြည်ရဲ့ အဆိုးရွားဆုံး စီးပွားရေးအကြပ်အတည်းကြောင့် မငြိမ်သက်မှုတွေနဲ့ အဆိုးဆုံး အငတ်ဘေးဆိုက်မှုတွေဖြစ်ပေါ်ပြီးနောက် ထောင်ပေါင်းများစွာသော ဆန္ဒပြ…

ဥဒါန်းကျူးမယ့် ကျောင်းသားတပ်ဦး

ရန်ကုန် – သြဂုတ်(၁၁) ဒီနေ့ဩဂုတ်လ (၁၁) ရက်နေ့ မနက်ပိုင်းက ရန်ကုန် ဗ.က.သ ကျောင်းသားတွေဦးဆောင်ပြီး “ဥဒါန်းကျူးမယ့်ကျောင်းသားတပ်ဦး” ဆိုတဲ့ခေါင်းစဉ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ Photos – AAMIJ

စိုက်ပျိုးရေးလုပ်ငန်းတွေအပေါ် ကူညီမယ်ဆိုတဲ့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှု တောင်သူတွေ မယုံကြည်

မော်လမြိုင် ၊ သြဂုတ် (၁၁) စိုက်ပျိုးရေးလုပ်ငန်းတွေကို နိုင်ငံတော် ငွေကြေး စိုက်ထုတ်ပြီး လိုအပ်တဲ့ သွင်းအားစုတွေ ရရှိအောင် ဆောင်ရွက် ပေးသွားမယ်ဆိုတဲ့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုဟာ လက်တွေ့ ဖြစ်လာမှာ မဟုတ်ဘူးလို့ စိုက်ပျိုးရေးလုပ်ငန်းရှင်နဲ့ တောင်သူတွေက ဝေဖန်လိုက်ပါတယ်။ အာဏာသိမ်း စစ်ခေါင်ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကျပ်ဘီလီယံ ၄၀၀ ကို…

စစ်အာဏာသိမ်း ရက် (၅၅၆) အတွင်း သတ်ဖြတ်ခံရသူ ၂၁၇၄ ဦး အထိရှိလာ

မော်လမြိုင်၊ ဩဂုတ် ၁၁ AAPP ၏ ဩဂုတ်လ (၁၀) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ရက် (၅၅၆)အတွင်း ပြည်သူ (၂၁၇၄)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၀၇၉ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၀၇၅) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ…

ရေးခရိုင်ကောင်စီအဖွဲ့ဝင်အဖြစ် မွန်ညီညွတ်ရေးပါတီထံ ကမ်းလှမ်းခဲ့ပေမယ့် လုံခြုံရေးကြောင့် တာဝန်ထမ်းမယ့်သူ မရှိ

ရေး ၊ သြဂုတ် (၁၁) မွန်ပြည်နယ်၊ ရေးခရိုင်ကောင်စီအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ပေးဖို့ ပြည်နယ်စစ်ကောင်စီက ကိုယ်စားလှယ် တစ်ဦး စေလွှတ်ပေးဖို့ ကမ်းလှမ်းခဲ့ပေမယ့် လုံခြုံရေးကြောင့် တာဝန်ထမ်းဆောင်မယ့်သူ မရှိဘူးလို့ မွန်ညီညွတ်ရေးပါတီ (MUP) က သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီက လာမယ့် ၂၀၂၃ ခုနှစ်မှာ အချိုးကျကိုယ်စားပြု (PR) စနစ်နဲ့ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက်…

ပေါင်မြို့နယ် NLD ပါတီ အလုပ်အမှုဆောင် နေအိမ် ချိတ်ပိတ်ခံရ

ပေါင် ၊ သြဂုတ် (၁၁) မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အုန်းတပင်ကျေးရွာအုပ်စု၊ ကော့ကံကျေးရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မြို့နယ်အလုပ်အမှုဆောင် နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့တွေက လာရောက် ချိတ်ပိတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ကော့ကံကျေးရွာမှာ ရှိတဲ့ ပေါင်မြို့နယ် NLD ပါတီ…

သထုံမြို့နယ်မှာ အရပ်သား ကားနဲ့ သယ်လာတဲ့ စစ်ကောင်စီ လက်နက်ခဲယမ်းတွေကို KNLA သိမ်းယူ

သထုံ ၊ သြဂုတ် (၁၁) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထုံးဘိုလေးနဲ့ထုံးဘိုကြီးကျေးရွာ သွားလမ်းပေါ်မှာ အရပ်သားကားနဲ့ သယ်ဆောင်လာတဲ့ စစ်ကောင်စီ လက်နက်ခဲယမ်းတွေနဲ့ အသုံးအဆောင် ပစ္စည်းတချို့ကို KNLA ပူးပေါင်းအဖွဲ့က သိမ်းယူလိုက်တယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်နေ့မှာ သထုံမြို့က ဝင်ရောက်လာတဲ့ ကားတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်…

မိုးများပြီး ရေကြီးနေတာကြောင့် တောင်ပျောက် စစ်ရှောင်တွေ နေထိုင်စာသောက်ရေး အခက်အခဲ ဖြစ်နေ

သရက်ချောင်း ၊ သြဂုတ် (၁၁) တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ထဲမှာ အခုရက်ပိုင်းအတွင်း မိုးများပြီး ရေကြီးနေတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်စားသောက်ရေး အခက်အခဲ ဖြစ်နေကြတယ်လို့ တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တောင်ပျောက်တိုက်နယ်မှာ မိုးများပြီး ချောင်းရေတွေ တက်လာတဲ့အတွက် စစ်ဘေးရှောင်တွေနေထိုင်တဲ့ နေရာတွေထိ ရေရောက်လာတာကြောင့် နေထိုင်မှု အခက်အခဲနဲ့ အမိုးအကာတွေ လိုအပ်နေသလို…