မြဝတီ – ဩဂုတ်(၂၉)

မြဝတီ-ဝေါ်လေ ကားလမ်းပေါ်က ကျော်ဝါးဘိုးဘရားအနီးမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဩဂုတ်လ(၂၈) ရက်နေ့ ည(၁၂) နာရီက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်(၂) ဦးသေဆုံး ကာ (၅) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်း ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ကို ကော်ဘရာစစ်ကြောင်းနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်နေတဲ့ Federal Wings Drone အဖွဲ့က ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြတာပါ။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး မြေပြင်စစ်ရေးအခြေအနေကို သံလွင်တိုင်းမ် က ကော်ဘရာစစ် ကြောင်းကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Cobra Column

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.