ရန်ကုန် – ဩဂုတ်(၂၇)
ဒီနေ့ ဩဂုတ်လ(၂၇) ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတစ်ခုမှာ ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်းက ဦးဆောင်ပြီး “စနေနေ့တိုင်း ထောင်တွင်းလူသတ်မှု ကျူးလွန်နေကြသည်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြည်သူလူထုနဲ့ နိုင်ငံတကာက သတိထားမိစေဖို့ လှုံဆော်မှု တစ်ရပ်ပြုလုပ်ခဲ့ကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီကပြီးခဲ့တဲ့ ဇူလိုင်လ(၂၅) ရက်နေ့မှာ ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုသူရဇော်တို့ကို သတ်ဖြတ်ထားတယ်လို့ ထုတ်ပြန်ထားသလို တခြားနိုင်ငံရေး အကျဉ်းသားတွေကို ကြိုးပေးသတ်ဖြတ်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
ဓာတ်ပုံ – Octopus Yangon