မော်လမြိုင် – ဩဂုတ်(၂၇)

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းတွေက နေအိမ်လုံးပေါင်း (၂၈၀၀၀) ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့တယ်လို့ Data for Myanmar အဖွဲ့က ဒီနေ့ ဩဂုတ်လ (၂၇) ရက်နေ့ ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

Data for Myanmar ကပြုစုထားတဲ့ စာရင်းဟာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ (၁) ရက်နေ့ကနေ အခုနှစ် ဩဂုတ်လ(၂၅) ရက်ရက်နေ့အထိဖြစ်တယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီဟာ စစ်တိုင်းတိုင်းမှာ အိမ်ခြေ (၂၀၁၅၃) လုံး နဲ့ မကွေးတိုင်းမှာ အိမ်ခြေ (၅၄၁၈) လုံးနဲ့ ချင်းပြည်နယ်မှာ အိမ်ခြေ (၁၄၇၄) လုံးကိုမီးရှို့ဖျက်စီးခဲ့ပြီး အဲ့ဒါဟာ မြန်မာနိုင်ငံမှာ အများဆုံးမီးရှို့ခံထားရတာဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုတွေကို နေရာပေါင်း (၆၇၀) မှာ ပြုလုပ်ခဲ့တာဖြစ်တယ် လို့ သိရပြီး စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ အများဆုံးဖြစ်ခဲ့တာလို့ ဆိုထားတာပါ။

ဒါ့အပြင် ကျန်တဲ့ မီးရှို့ဖျက်ဆီးခံထားရတဲ့ အိမ်ခြေ (၂၈၀၀) ကျော်ကတော့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ချင်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း တို့မှာ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ် ဧပြီလ၊မေလနဲ့ ဇွန်လ(၃) လမှာ ပြည်သူတွေရဲ့ နေအိမ်ပျက်စီးမှုအရေအတွက် အများ ဆုံးလတွေဖြစ်ခဲ့ပြီး အဲ့ဒီသုံးလမှာ နေအိမ်ပေါင်း (၁၅၀၀၀) လောက်ဖျက်ဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ပြည်သူတွေရဲ့ နေအိမ်တွေကို အကြမ်းဖက်မီးရှို့နေတဲ့ စစ်ခေါင်းဆောင်က မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံချိန်မှာ ပြည်သူလူထုရဲ့ အိုးအိမ်စည်းစိမ်ကို စစ်တပ်က မီးရှို့ ဖျက်ဆီးတာ မရှိဘူးလို့ လိမ်လည်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.