တွံတေး – ဩဂုတ်(၂၅)

ရန်ကုန်တိုင်း တွံတေးမြို့ပေါ်က စစ်ကောင်စီတပ်သားတွေတပ်စွဲထားတဲ့ မီးသတ်ရုံးကို နန်းထိုက် အောင်စစ်ဆင်ရေးအဖြစ် ဒီနေ့ ဩဂုတ်လ(၂၅) ရက်နေ့ မနက်အစောပိုင်းမှာတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်(၃) ဦးသေဆုံးခဲ့တယ်လို့ S.O.F Squad-3 က သတင်းထုတ်ပြန်ထားပါ တယ်။

စစ်ကောင်စီတပ်သား(၂၀) တပ်စွဲထားတဲ့ မီးသတ်ရုံးနဲ့ လုံခြုံရေးချထားတဲ့ ဘန်ကာကို M-16 ရိုင်ဖယ်တွေနဲ့ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရှေ့ထွက်မိုင်းတစ်လုံးကိုလဲ အနီးကပ် ဖောက်ခွဲခဲ့တယ်လို့ ဆိုထားတာပါ။

ဒီပစ်ခတ်တိုက်ခိုက်မှုမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သား(၃) ဦးကျည်ထိမှန်သေဆုံး ခဲ့တယ်လို့ မြေပြင်သတင်းပေးပို့ချက်တွေအရ သိရတယ်လို့ ဆိုထားပါတယ်။

စစ်ဆင်ရေးကို ရန်ကုန်စစ်ဆင်ရေးဧရိယာ(၆) အခြေပြု S.O.F Squad-3 (THIRD SQUAD) က တာဝန်ယူလုပ်ဆောင်ခဲ့တာဖြစ်ပြီး မြို့ပြစစ်ဆင်ရေးစီမံချက်ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ(၂၂) ရက်နေ့ကလည်း တွံတေးမြို့နယ်ဇီးဖြူကုန်းရွာကို ပြန်လာတဲ့ စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးအဖွဲ့ကို တော်လှန်ရေးအင်အားစုတွေက ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အုပ်ချုပ်ရေးမှူးအပါအဝင် (၄) ဦးသေဆုံးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.