ကိုလံဘို – ဩဂုတ်(၂၅) 

သီရိလင်္ကာသမ္မတဟောင်း ဂိုဒါဘာရာ ရာဂျာပက်ဆာ ဟာ ပြီးခဲ့တဲ့ ဇူလိုင်လက လူထုအုံကြွမှု ကြောင့် ထွက်ပြေးလာပြီးနောက် လာမယ့် နှစ်ပတ်အတွင်း သီရိလင်္ကာကို ပြန်ဖို့ ရှိတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ရိုက်တာကို ပြောပါတယ်။ 

မွေးရပ်မြေနိုင်ငံကို ပြန်ဖို့ ကြိုးပမ်းနေတာဟာ ထိုင်းနိုင်ငံမှာ သူ့ရဲ့ နေထိုင်စရိတ်နဲ့ တစ်စိတ်တစ် ပိုင်း ဆက်စပ်နေနိုင်တယ်လို့ သတင်းရင်းမြစ်က ပြောဆိုထားတာပါ။ 

သီရိလင်္ကာနိုင်ငံမှာ ကြီးမားတဲ့ ဆန္ဒပြပွဲတွေဖြစ်ပွားပြီးနောက် ရာဂျာပက်ဆာဟာ ဇူလိုင်လ(၁၃) ရက်နေ့ အစောပိုင်းက တိမ်းရှောင်ထွက်ပြေးခဲ့ရပြီး နိုင်ငံရဲ့ စီးပွားရေး ပျက်သုဉ်းမှုကို ဒေါသထွက်နေကြတဲ့ ပြည်သူတွေက သူ့ရဲ့ တရားဝင်နေအိမ်နဲ့ ရုံးခန်းတွေကို ဝင်ရောက်စီးနင်းခဲ့ ကြတဲ့အတွက် သမ္မတရာထူးက နှုတ်ထွက်ခဲ့ရတာဖြစ်ပါတယ်။ 

“သူပြန်လာချင်နေတာ သေချာပါတယ်။ ဒါပေမယ့် လုံခြုံရေးက အဓိကပြဿနာဖြစ်ပြီး သူပြန် လာဖို့ အချိန်ဆွဲထားဖို့ ထောက်လှမ်းရေးက အကြံပေးထားပါတယ်။ သူ့ရဲ့ဘေးကင်းရေး အစီ အစဥ်တွေ လုပ်ထားနိုင်ရင် နှစ်ပတ်အတွင်း သူပြန်လာနိုင်တယ်”လို့ သတင်းရင်းမြစ်တစ်ခုဖြစ် တဲ့ သီရိလင်္ကာအစိုးရ အရာရှိတစ်ဦးက ပြောခဲ့ပါတယ်။ 

သီရိလင်္ကာမီဒီယာတွေက ရာဂျာပက်ဆာဟာ ပြန်လည်ရောက်ရှိလာနိုင်တယ်လို့ အစီရင်ခံထား ပေမယ့် သူ့ရဲ့ လုံခြုံရေးနဲ့ တခြား စိုးရိမ်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ် နေတဲ့အတွက် ရောက်ရှိနိုင်မယ့် နေ့ကို အတည်ပြု့လို့ မရသေးဘူးလို့ သူက ပြောပါသေးတယ်။ 

သမ္မတဟောင်းဟာ ထိုင်းနိုင်ငံမှာ နေထိုင်မှုစရိတ်ကြီးမြင့်တဲ့အတွက် တက်နိုင်သမျှအမြန်ဆုံး ပြန်လာဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ 

“ပုဂ္ဂလိကဂျက်လေယာဉ်တစ်စင်း၊ သမ္မတအိမ်တော်နှင့် အဝှမ်းလုံခြုံရေးအတွက် ကုန်ကျစရိတ် တွေ ပါဝင်တာကြောင့် အခု ဥပဒေကြမ်းမှာ ရူပီး သန်းရာဂဏန်းအထိ တိုးသွားပါပြီ။ ဒီတော့ သူပြန်လာရေး ကုန်ကျစရိတ်ကလည်း တားမြစ်စရာ ဖြစ်လာပြန်ပါတယ်” လို့  သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။ 

ရာဂျာပက်ဆာ မိသားစုနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုကလည်း သူ့ကို ထောက်ခံသူတချို့က ကုန်ကျစရိတ်တွေပေးဆောင်နေတာရှိတယ်လို့ ဆိုထားပါတယ်။ 

SLPP အထွေထွေအတွင်းရေးမှူးဆာဂရာ ကာရီရာဝါဆမ်က ပါတီအနေနဲ့  သမ္မတသစ်နဲ့ တွေ့ဆုံ ပြီး ရာဂျာပက်ဆာ ပြန်လာဖို့အတွက် အစီအစဉ်တွေရှာဖွေနေတယ်လို့ ပြောဆိုထားပါတယ်။ 

“သူ့ရဲ့ပြန်လာဖို့ တတ်နိုင်သမျှ အမြန်ဆုံး အဆင်ပြေချောမွေ့စေဖို့ ကျွန်တော်တို့ တောင်းဆိုထားပါတယ်” လို့ ကာရီရာဝါဆမ်  က ပြောခဲ့ပါတယ်။ 

ကာရီရာဝါဆမ်က ရာဂျာပက်ဆာ ပြန်လာဖို့အတွက် ဘယ်အစီအစဉ်ကိုမှ မသိရသေးဘူးလို့ ပြီးခဲ့တဲ့ အပတ်က ရိုက်တာကို ပြောထားပြီး ရာဂျာပက်ဆာ ကို သီရိလင်္ကာရဲ့ ဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်သွားဖို့ ရှိနေတယ်လို့ ပြောပါသေးတယ်။ 

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့ Transparency International က ဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေး ဝန်ကြီးဖြစ်တဲ့ ရာဂျာပက်ဆာရဲ့ ညီအစ်ကို နှစ်ဦးအပါအဝင် လက်ရှိစီးပွားရေး အကြပ်အတည်းအတွက် တာဝန်ရှိသူတွေကို အရေးယူဖို့ သီရိလင်္ကာနိုင်ငံရဲ့ ထိပ်တန်း တရားရုံး ကို ပြောဆိုထားတွေရှိခဲ့တယ်လို့ သိရပါတယ်။ 

သီရိလင်္ကာဟာ သူတို့ရဲ့ အဆိုးရွားဆုံး စီးပွားရေးအကြပ်အတည်းတွေကို ကိုင်တွယ်ဖြေရှင်း ဖို့ ကြိုးပမ်းချိန်မှာ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကအဖွဲ့တစ်ဖွဲ့က နိုင်ငံ ပြန်လည်ထူ ထောင်ဖို့အတွက် အမေရိကန်ဒေါ်လာ(၃) ဘီလျံ ပါဝင်တဲ့ ကြွေးမြီးပြန်လည်တည်ဆောက်ရေး ဆိုင်ရာ မူဘောင်တွေကို ဆွေးနွေးဖို့ လာရောက်မှာဖြစ်တယ်လို့ သိရပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.