ကီးယက် – ဩဂုတ်(၂၅) 

စားနပ်ရိက္ခာပြတ်လပ်မှု လျော့ပါးသက်သာစေဖို့ နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေအတွက် အောင်ပွဲ တစ်ခုအနေနဲ့ ယူကရိန်းနိုင်ငံဟာ ရုရှားကျုးကျော်မှုမတိုင်ခင်ကအတိုင်း ဆန်တင်ပို့မှု လုပ်နိုင်မယ့် လမ်းကြောင်းပေါ်ပြန်ရောက်နေပြီလို့ အမေရိကန်အရာရှိတစ်ဦးက ပြောပါတယ်။ 

နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကြောင့် ယူကရိန်းဟာ ဩဂုတ်လမှာ စိုက်ပျိုးရေးထွက်ကုန် မက်ထရစ်တန်လေးသန်းအထိ တင်ပို့ဖို့ လမ်းကြောင်းပေါ်မှာ ရှိနေပြီလို့ အမေရိကန်နိုင်ငံခြား ရေးဌာန အကြီးတန်းအရာရှိတစ်ဦးက AFP ကို ပြောဆိုခဲ့တာပါ။ 

ယူကရိန်းနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဂျုံ၊ပြောင်း၊မုယောနဲ့ နေကြာဆီ တွေ အများဆုံးတင်ပို့တဲ့ နိုင်ငံဖြစ်ပြီး စစ်မဖြစ်ခင်က တစ်လကို တန်ချိန်ငါးသန်းလောက်ထိ တင်ပို့နေခဲ့တာဖြစ် တယ်လို့ သိရပါတယ်။ 

ရုရှားနဲ့ ယူကရိန်းတို့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လမှာ စစ်အတွင်း ပထမဆုံးအကြမ်အဖြစ် ယူကရိန်း ပင်လယ်နက်ဆိပ်ကမ်းတွေက သင်္ဘောတွေ ရွက်လွှင့်ဖို့ အာမခံချက်အတွက် တူရကီနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးအန်တိုနီယိုဂူတာရက်စ်တို့ ညှိနှိုင်းပေးခဲ့လို့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။ 

ဥရောပရဲ့ ကြိုးပမ်းမှုကြောင့် ဥရောပသမဂ္ဂနဲ့ နိုင်ငံတကာ စျေးကွက်တွေကို လစဉ်လတိုင်း ထုတ်ကုန်တန်ချိန် (၂.၅)သန်းက(၃) သန်းအထိ တင်ပို့နေတာရှိတယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

အရင်က သင်္ဘော(၃၃) စင်းနဲ့ ဆိပ်ကမ်းတွေကနေ စပါးတန်ချိန်(၇၂၀၀၀၀) ကျော်တင်ပို့နိုင်ခဲ့ တာကြောင့် ကြိုးပမ်းမှုတွေပိုမိုလုပ်ဆောင်လာခဲ့တာဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနကတာဝန် ရှိသူတစ်ဦးက ပြောပါတယ်။ 

အစ္စတန်ဘူလ်မှာ ဆွေးနွေးညှိနှိုင်းခဲ့တဲ့ သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အစားအသောက်နဲ့ ဓာတ်မြေဩဇာတွေကို ပိတ်ဆို့အရေးယူမှုတွေမရှိပဲ ပို့ဆောင်ပေးမယ် ဆိုတဲ့အာမခံချက်ကို ရုရှားနိုင်ငံက ပေးထားခဲ့တာဖြစ်ပါတယ်။ 

ဓာတ်မြေဩဇာတွေ နိုင်ငံတကာစျေးကွက်ကို မရောက်ရှိရင် စိုက်ပျိုးရေးဆိုင်ရာ ပြတ်တောက် မှုအန္တရာယ်တွေ ကိုကမ္ဘာကြီးက လာမယ့်နှစ်မှာ ရင်ဆိုင်ရနိုင်တယ်လို့ ဆိုပြီး  “ကမ္ဘာကိုအတားအဆီးမဲ့ဝင်ရောက်ခွင့်” ကို အီယူအကြီးအကဲ က တောင်းဆိုခဲ့ပါသေးတယ်။ 

အမေရိကန်က ရုရှားအပေါ်ကြီးမားတဲ့ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့သလို ယူကရိန်းစစ်ပွဲ ကြောင့် စိုက်ပျိုးရေးထွက်ကုန်တွေကို ကင်းလွတ်ခွင့်ပေးပြီး ရှားပါးမှုတွေအတွက် သူတို့ရဲ့ ကိုယ်ပိုင်တာဝန်ကနေ ကမ္ဘာကြီးကို အာရုံလွှဲဖို့ ရှာဖွေနေတာဖြစ်တယ်လို့ ရုရှားက စွပ်စွဲထား ပါတယ်။ 

ယူကရိန်းပို့ကုန်တွေဟာ ဖေဖော်ဝါရီလ(၂၄) ရက်နေ့ကျူးကျော်မှု စတင်ချိန်ထဲကကျဆင်းသွား တာဖြစ်ပြီး ဆင်းရဲတဲ့ နိုင်ငံတွေကို အပြင်းအထန် ထိခိုက်စေမယ့် ကမ္ဘာ့စားနပ်ရိက္ခာစျေးနှုန်းတွေ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.