တိုကျို ၊ သြဂုတ် (၂၅)

ဂျပန်နိုင်ငံသည် ဖူကူရှီးမားဘေးအန္တရာယ်အပြီး ဆယ်စုနှစ်တစ်ခုအကြာမှာ ရပ်နားထားရတဲ့ နျူကလီးယားစက်ရုံတွေကို ပြန်လည်စတင်မည်ဖြစ်ပြီး ဓာတ်ပေါင်းဖိုအသစ်များ ဖွံ့ဖြိုးတိုးတက်ရေးကို ကြည့်ရှုမည်ဖြစ်ကာ နျူကလီးယားစွမ်းအင်ဆိုင်ရာ မူဝါဒအပြောင်းအလဲအတွက် အဆင့်ကို သတ်မှတ်ခြင်းဖြစ်တယ်လို့ ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။ 

အစိုးရအနေဖြင့် လက်ရှိ ဓာတ်ပေါင်းဖိုတွေရဲ့ သက်တမ်းကို တိုးမြှင့်ရန် စောင့်ကြည့်မယ်လို့ ပြောကြားခဲ့တဲ့ ကီရှီဒါရဲ့ မှတ်ချက်တွေဟာ ယူကရိန်းအကျပ်အတည်းနှင့် စွမ်းအင်ကုန်ကျစရိတ်များ မြင့်မားလာခြင်းကြောင့် လူထုအမြင်နှင့် နျူကလီးယားစွမ်းအင်ဆိုင်ရာ ပေါ်လစီတို့ကို မီးမောင်းထိုးပြနေတာပါ။ 

၂၀၁၁ ခုနှစ်မှာ ငလျင်နှင့် ဆူနာမီကြောင့် ဖူကူရှီးမားဓာတ်အားပေးစက်ရုံ နျူကလီးယား ဘေးဥပဒ်ဖြစ်စေခဲ့တာကြောင့် ဂျပန်နိုင်ငံဟာ ၎င်းရဲ့နျူကလီးယားစက်ရုံအများစုကို ဆယ်စုနှစ်အတွင်း ရပ်နားထားခဲ့ရပါတယ်။ 

ရေရှည်တည်တံ့သောစွမ်းအင်နှင့် နျူကလီးယားစွမ်းအင်ဆိုင်ရာ လူထုနားလည်သိရှိမှုရယူဖို့ အပါအဝင် ယခုနှစ်ကုန်မှာ ခိုင်မာသောအစီအမံများ ချမှတ်ဖို့ တာဝန်ရှိသူများအား ဝန်ကြီးချုပ်က ညွှန်ကြားထားကြောင်း သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။ 

ကမ္ဘာ့တတိယအကြီးဆုံးစီးပွားရေးကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရည်မှန်းချက်များ ပြည့်မီစေရန်အတွက် “အစိမ်းရောင်အသွင်ပြောင်းရေး” အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ အစိုးရတာဝန်ရှိသူများက ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

ဖူကူရှီးမား နျူကပ်ဘေးအပြီးမှာ လူထုက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည့် နျူကလီးယား စွမ်းအင်ကို ယခုအခါ အစိမ်းရောင် အသွင်ပြောင်းရေးအတွက် အစိတ်အပိုင်းတစ်ခုအဖြစ် အစိုးရမှ ရှူမြင်နေခဲ့တာ ဖြစ်ပါတယ်။ 

လောင်စာဆီဈေးနှုန်းများ မြင့်တက်လာပြီး ပူပြင်းသော နွေရာသီမှာ စွမ်းအင်ချွေတာဖို့ လိုအပ်ချက်များကြောင့် အများပြည်သူရဲ့ သဘောထားမှာလည်း ပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။ 

ဆောင်းရာသီမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမှ ရှောင်ရှားနိုင်ဖို့ နောက်ထပ် နျူကလီးယားဓာတ်ပေါင်းဖိုများကို အချိန်မီ ပြန်လည်စတင်ရန် မျှော်လင့်ထားကြောင်း ပြီးခဲ့သည့်လက မှတ်ချက်ပြုခဲ့ပါသေးတယ်။ 

ဇူလိုင်လနှောင်းပိုင်းအထိ ဂျပန်နိုင်ငံမှာ လည်ပတ်နေတဲ့ ဓာတ်ပေါင်းဖို ခုနစ်ခုရှိပြီး အခြား ၃ ခုမှာ ပြုပြင်ထိန်းသိမ်းမှုကြောင့် ရပ်နားထားရပါတယ်။ 

အချို့သော ဓါတ်ပေါင်းဖိုများဟာ ဖူကူရှီးမားပြီးနောက် တင်းကျပ်သော လုံခြုံရေးစံနှုန်းများအောက်မှာ လိုင်စင်ထုတ်ပေးရေး လုပ်ငန်းစဉ်ကို ဖြတ်သန်းနေရဆဲလို့ သိရပါတယ်။ 

လက်ရှိ စည်းမျဉ်းများအရ ဂျပန်နိုင်ငံဟာ ကြိုတင်သတ်မှတ်ထားသော ကာလတစ်ခုပြီးနောက် ဓါတ်ပေါင်းဖိုများကို ဖျက်သိမ်းပြီး အများအပြားမှာ နှစ် (၆၀) အထိ ဖြစ်ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.