ကိုလံဘို – ဩဂုတ်(၂၄) 

အိန္ဒိယနိုင်ငံရဲ့ ဆန့်ကျင်မှုတွေရှိနေတဲ့ တရုတ်စစ်သုံးသင်္ဘော တစ်စင်းဟာ သီရီလင်္ကာနိုင်ငံမှာ တရုတ်နိုင်ငံက တည်ဆောက်ထားတဲ့ Hambantota ဆိပ်ကမ်းကနေ ပြန်လည်ထွက်ခွာသွား ပြီ ဖြစ်တယ်လို့ ဆိပ်ကမ်း ကုမ္ပဏီက ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။ 

Yuan Wang 5 ဟာ ဂြိုလ်တု၊ဒုံးပျံနဲ့ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုကို စောင့်ကြည့်တဲ့ တရုတ်သင်္ဘောအုပ်စုမှာ ပါဝင်တယ်လို့ လေ့လာသူတွေက ပြောဆိုထားတာပါ။ 

သီရိလင်္ကာနိုင်ငံရဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံက Hambantota ဆိပ်ကမ်းကို စစ်အခြေစိုက်စခန်း အဖြစ် တရုတ်နိုင်ငံက အသုံးပြုလာမှာကို စိုးရိမ်းနေတယ်လို့ သိရပါတယ်။ 

တရုတ်စစ်သင်္ဘောဟာ လက်ရှိအချိန်မှာတော့ သီရိလင်္ကာနိုင်ငံကနေ ထွက်ခွာသွားပြီဖြစ်တယ် လို့ သီရိလင်္ကာအစိုးရနဲ့ China Merchants Port Holdings (0144.HK) တို့ ပူးပေါင်းဆောင်ရွက် တဲ့ Hambantota International Port Groupက ပြောဆိုထားပါတယ်။ 

Yuan Wang သင်္ဘောတွေဟာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ မဟာဗျူဟာမြောက် ပံ့ပိုး ကူညီမှုတပ်ဖွဲ့မှာ လည်ပတ်ဆောင်ရွက်နေတာဖြစ်တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်ကပြောပါတယ်။ 

Yuan Wang 5 ရဲ့ Captain Zhang Hongwang က သင်္ဘောရဲ့ခရီးစဉ်ဟာ “အာကာသသိပ္ပံနှင့် နည်းပညာနယ်ပယ်တွင် တရုတ်နှင့် သီရိလင်္ကာတို့အကြား ဖလှယ်မှုကို ကျယ်ပြန့် အောင် ဆောင်ရွက်သည့် သဘောဖြစ်ပြီး နှစ်နိုင်ငံလုံးနှင့် သက်ဆိုင်‌သော အာကာသလုပ်ငန်းခွင်၏ တိုးတက်မှုကို မြှင့်တင်ပေးလိမ့်မည်” လို့  ပြောဆိုခဲ့ပါတယ်။ 

Yuan Wang 5 သင်္ဘောဟာ သီရိလင်္ကာနိုင်ငံထဲကနေ ပြန်လည်ထွက်ခွာ သွားပေမယ့် သူ့ရဲ့ နောက်ထပ်သွားမယ့် ဦးတည်ရာကိုတော့ မသိရေသးပါဘူး။ 

ပြီးခဲ့တဲ့၂၀၁၇ ခုနှစ်က (၉၉) နှစ်ကြာ ငှားရမ်းခဲ့တဲ့ Hambantota  ဆိပ်ကမ်းဟာ သူတို့ရဲ့ Belt and Road ပဏမ အစိတ်အပိုင်းဖြစ်ပြီး နိုင်ငံအသီးသီးက အခြေခံ အဆောက်အဦး ပရောဂျက် တွေကို ချိတ်ဆက်ပေးတဲ့ Belt and Road ရဲ့ အဓိက အစိတ်အပိုင်း တစ်ခုဖြစ်တယ်လို့ ပြောဆို ထားပါတယ်။ 

သီရိလင်္ကာနိုင်ငံဟာ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး စီးပွားရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံလုံးဆီကနေ ငွေကြေးပံ့ပိုးမှုတွေ လက်ခံနရတာ ဖြစ်ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.