ဆိုးလ် ၊ သြဂုတ် (၂၄)

မဟာမိတ်တွေက မြောက်ကိုရီးယားရဲ့ အလားအလာရှိသော လက်နက်စမ်းသပ်မှုတွေအတွက် ကြိုးပမ်းနေချိန်မှာ တောင်ကိုရီးယားနှင့် အမေရိကန်တို့က ၎င်းတို့ရဲ့ နှစ်ပတ်လည် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တနင်္လာနေ့ (သြဂုတ် ၂၂ ရက်) နေ့မှာ ပြန်လည်စတင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

အခုနှစ်မှာ အာချီ (Ulchi Freedom Shield) လို့ အမည်ပြောင်းထားတဲ့ နွေရာသီလေ့ကျင့်ခန်းကို စက်တင်ဘာ ၁ ရက်နေ့မှာ  အဆုံးသတ်ဖို့ စီစဉ်ထားပြီး မေလမှာ တက်လာသော တောင်ကိုရီးယားသမ္မတ Yoon Suk-yeol က ပေါင်းစပ်လေ့ကျင့်မှုကို ပုံမှန်အတိုင်း ပြန်လည်လုပ်ဆောင်ရန်နှင့် မြောက်ကိုရီးယားအပေါ် တားဆီးမှု တိုးမြှင့်မယ်လို့ ကတိပြုပြီးနောက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မကြာသေးမီနှစ်များအတွင်းမှာတော့  COVID-19 ကြောင့် စစ်ရေးလေ့ကျင့်မှုကို လျှော့ချခဲ့ပြီး တောင်ကိုရီးယား သမ္မတက ပြုံယမ်းနဲ့ ဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။

ပြီးခဲ့သော သီတင်းပတ်အတွင်း တောင်ကိုရီးယားနှင့် အမေရိကန်တို့က စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် ပဏာမ လေ့ကျင့်မှုစတင်ပြီးနောက် မြောက်ကိုရီးယားနိုင်ငံ အနောက်ဘက်ကမ်းခြေမြို့ အွန်ချွန်မှ ခရုဇ်ဒုံးကျည်နှစ်စင်းကို  ပစ်ခတ်ခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ယခုနှစ်အတွင်း ဒုံးကျည်စမ်းသပ်မှုတွေကို မကြုံစဖူးအရှိန်အဟုန်ဖြင့် ပြုလုပ်ခဲ့ပြီး ၎င်းရဲ့ သတ္တမမြောက် နျူကလီးယား စမ်းသပ်မှုကို အချိန်မရွေး ပြုလုပ်ရန် အသင့်ရှိနေကြောင်း ဆိုးလ် တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ပြုံယမ်းက နျူကလီးယား ကင်းစင်ရေး ခြေလှမ်းများ လှမ်းလာပါက စီးပွားရေး အထောက်အပံ့ ပေးရန် ဆန္ဒရှိကြောင်း Yoon က ပြောကြားခဲ့ပေမယ့် မြောက်ကိုရီးယား က ၎င်းရဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီး ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံကို ပစ်မှတ်ထားတဲ့ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို ပိုမိုကောင်းမွန်စွာ တန်ပြန်ဖို့  ဒုံးကျည်ထောက်လှမ်းမှုစွမ်းရည်ကို မြှင့်တင်ကာ ကြားဖြတ်စနစ်အသစ်ကို ဖြန့်ကျက်လုပ်ဆောင်ဖို့ တွန်းအားပေးမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့က ဟာဝိုင်အီကမ်းလွန်ဒေသမှာ ပဲ့ထိန်းဒုံးကျည် ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုကို မကြာသေးမီက ပြုလုပ်ခဲ့ပါတယ်။

 ဆိုးလ်နှင့် တိုကျိုအကြား ဆက်ဆံရေး  အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့တဲ့  ၂၀၁၇ ခုနှစ်နောက်ပိုင်းမှာ ပထမဆုံးသော စစ်ရေးလေ့ကျင့်မှုလည်း ဖြစ်ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.