ဘန်ကောက် – ဩဂုတ်(၂၄) 

ထိုင်းနိုင်ငံဗဟိုဘဏ်က ငွေကြေးပေးဆောင်နေတဲ့ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေမှာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းတွေကို ထည့်သွင်းစဉ်းစားဖို့အတွက် လမ်းညွှန်ချက်တွေ ထုတ်ပြန်ဖို့ စီစဉ်ထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ 

သုံးလပတ်အတွင်း ထုတ်ပြန်မယ့် လမ်းညွှန်ချက်တွေဟာ ဘဏ္ဍာရေးကဏ္ဍ၊စီးပွားရေးလုပ်ငန်း တွေနဲ့ အစိုးရကဏ္ဍတို့ကို စိမ်းလန်းတဲ့ စီးပွားရေးအဖြစ်ကူးပြောင်းချိန်မှာ အထောက်အကူဖြစ် စေလိမ့်မယ်လို့ ထိုင်ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။ 

ဘဏ်တွေဟာ ဘယ်လိုငွေထုတ်ချေးရမယ်ကို စည်းမျဉ်းစည်းကမ်းတွေ မရှိနိုင်ပေမယ့် သူတို့ အတွက် မက်လုံးတွေသာ ဖြစ်နေတယ်လို့ လက်ထောက်အုပ်ချုပ်ရေးမှူး ရွန်းက မီဒီယာတွေကို ပြောခဲ့ပါတယ်။ 

နိုင်ငံတွင်းသဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို အခြေခံပြီး စီးပွားရေးလုပ်ငန်းတွေကို ခွဲခြားသတ် မှတ်တဲ့ စနစ်ကို ၂၀၂၃ ခုနှစ်ဇန်နဝါရီလမှာ အပြီးသတ်နိုင်မှာဖြစ်တယ်လို့ ထိုင်းဗဟိုဘဏ်(BOT) က ပြောဆိုထားပါတယ်။ 

ထိုင်းနိုင်ငံလုပ်သားအင်အားရဲ့ သုံးပုံတစ်ပုံကျော်ဟာ စိုက်ပျိုးရေးကဏ္ဍမှာ ရှိနေတဲ့အတွက် နိုင်ငံရဲ့ စီးပွဦးရေးဟာ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်တယ်လို့ အုပ်ချုပ်ရေးမှူး စီတာပွတ်က ပြောခဲ့ပါသေးတယ်။ 

ဒါ့အပြင် ထိုင်းနိုင်ငံရဲ့ ထုတ်လုပ်မှု (၁၃) ရာခိုင်နှုန်းကျော်ရှိတဲ့ စက်မှုလုပ်ငန်းတွေဟာ လက်ရှိအချိန်မှာ ကာဗွန်ထုတ်လွှတ်မှုလို ပြဿနာတွေကို ထည့်သွင်းစဉ်းစားတာ မရှိဘူးလို့ သူက ပြောပါသေးတယ်။ 

ဥရောပသမဂ္ဂ အဆိုပြုထားတဲ့ ကာဗွန်အကောက်ခွန်စနစ်ကြောင့် အဲ့ဒီလုပ်ငန်းတွေကို ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒတွေ ခိုင်မာမှုမရှိတဲ့ နိုင်ငံတွေမှာ ထုတ်လုပ်မှုတွေကို ရွှေ့ပြောင်းလုပ်ကိုင်တာတွေမလုပ်ဖို့ တားမြစ်ထားပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.