ပေကျင်း – ဩဂုတ်(၂၁) 

အနောက်နိုင်ငံတွေက ယူကရိန်းကို ကျူးကျော်ခဲ့တဲ့အတွက် ရုရှားရဲ့ ကုန်စည်းတွေကို ရှောင်ဖယ် ထားချိန်မှာ တရုတ်က ရုရှားကျောက်မီးသွေးကို လျှော့စျေးနဲ့ဝယ်ယူခဲ့တဲ့အတွက် ဇူလိုင်လအ တွင်းတင်သွင်းခဲ့တာဟာ (၅) နှစ်အတွင်းအမြင့်ဆုံးဖြစ်ခဲ့ပြီး(၁၄) ရာခိုင်နှုန်းတက်လာခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ရုရှားနိုင်ငံက ကျောက်မီးသွေးတန်ချိန်(၇.၄၂) သန်းကို ပြီးခဲ့တဲ့ လက သယ်ယူ လာခဲ့တယ်လို့ အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပြီး အဲ့ဒီပမာဏဟာ ၂၀၁၇ ခုနှစ်ကစတင်ခဲ့တဲ့ စာရင်းဇယားတွေနဲ့ ၂၀၂၁ ခုနှစ် ဇွန်လမှာ တန်ချိန် (၆.၁၂) သန်းနဲ့ ဇူလိုင်လမှာ တန်ချိန်(၆.၄၉) သန်း ရှိခဲ့ပြီး လစဉ်အမြင့်ဆုံး ကိန်းဂဏန်း ဖြစ်ခဲ့ တာပါ။  

ယူကရိန်းနိုင်ငံကို ကျူးကျော်ဝင်ရောက်ပြီးနောက်ပိုင်း ရုရှားရဲ့ စွမ်းအင်ဝင်ငွေကို လျှော့ချဖို့ ရည်ရွယ်တဲ့ ဥရောပသမဂ္ဂက ရုရှားကျောက်မီးသွေးကို တားမြစ်ပိတ်ပင်မှု မတိုင်ခင် အနောက် နိုင်ငံတွေက ကုန်ပစ္စည်းတွေကို ရှောင်ဖယ်နေကြပါတယ်။ 

တားမြစ်ချက်တွေကြောင့် ရုရှားဟာ တရုတ်နဲ့ အိန္ဒိယတို့လို ဝယ်သူတွေကို ပစ်မှတ်ထားပြီး လျှော့စျေးနဲ့ ရောင်းချဖို့ ကြိုးပမ်းခဲ့ပါတယ်။ 

၅၅၀၀ ကီလိုကယ်လိုရီ အပူပေးတန်ဖိုးရှိတဲ့ ရုရှား အပူပေးကျောက်မီးသွေးဟာ ဇူလိုင်လနှောင်း ပိုင်းမှာ ကုန်ကျစရိတ်နဲ့ ကုန်စည်ပို့ဆောင်မှုအပေါ်အခြေခံပြီး တစ်တန်ကို ကန်ဒေါ်လာ (၁၅၀) ဝန်းကျင်နဲ့ ရောင်းဝယ်ခဲ့ကာ ဩစတြေးလျနိုင်ငံ နယူးကာဆယ်ဆိပ်ကမ်းမှာ ရုရှား ကျောက်မီး သွေးနဲ့ အရည်အသွေးတူ ကျောက်မီးသွေး တစ်တန်ကို ကန်ဒေါ်လာ (၂၁၀) ကျော်နဲ့ ရောင်းချတာ တွေရှိတယ်လို့ (FOB) ကိုအခြေခံထားတဲ့ ရလဒ်တွေအရ သိရပါတယ်။ 

ဆောင်းတွင်းအပူပေးရမယ့် အချိန်မှာ ရုရှားကျောက်မီးသွေးတွေ တရုတ်နိုင်ငံထဲကို ပိုမို ဝင်ရောက်လာမယ်လို့ တရုတ်ကုန်သည်တွေက မျှော်လင့်နေကြပါတယ်။ 

ဇူလိုင်လမှာ အပူပေးတန်ဖိုး (၃၈၀၀) kcal အောက်က စျေးပေါပြီး အရည်အသွေးနိမ့်တဲ့ အင်ဒိုနီးရှား ကျောက်မီးသွေးဟာ တန်ချိန်(၁၁.၇) သန်းကို တရုတ်နိုင်ငံကို တင်ပို့ထား ခဲ့ သေးတယ်လို့ သိရပါတယ်။ 

တရုတ်နိုင်ငံတောင်ပိုင်းက ဓာတ်အားပေးစက်ရုံတွေဟာ ပြည်တွင်းကျောက်မီးသွေးထက် စျေးသက်သာတဲ့ အင်ဒိုနီးရှားနိုင်ငံက ကျောက်မီးသွေးကို ဩဂုတ်လမှာ ဝယ်ယူဖို့ တင်ဒါတွေ တိုးလာပေမယ့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေရဲ့ လိုအပ်ချက်မှာ စံချိန်တင် အပူလှိုင်းတွေကြောင့် မြင့်တက်နေတယ်လို့ သိရပါတယ်။ 

(၃၈၀၀) kcal နဲ့ အပူပေးတန်ဖိုးရှိတဲ့ အင်ဒိုနီးရှား အပူပေးကျောက်မီးသွေးဟာ ပြီးခဲ့တဲ့ အပတ်က FOB အခြေခံ နဲ့ တစ်တန်ကို (၇၈) ဒေါ်လာပြောင်းခဲ့ပြီး ပြည်တွင်းကျောက်မီးသွေးအတွက် ပို့ဆောင်ခ ယွမ် (၆၉၀) အောက်သာ ရှိခဲ့တယ်လို့ သိရပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.