ရှားတော – ဩဂုတ်(၂၁)

ကရင်နီပြည်နယ် ရှားတောမြို့အတွင်းက စစ်ကောင်စီရဲ့ ခြေကုပ်စခန်း(၈) ခုကို ကရင်နီတပ်မတော် ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ရရှိခဲ့တယ်လို့ Karenni Army Center- Kn.A.C က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီခြေကုပ်စခန်းပွိုင့်အမှတ် ၅၃၅၀(တငူးဆို စခန်း)အပါအဝင် ရှားတောမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ခြေကုတ်စခန်း(၈) ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုထားတာပါ။

ရှမ်း-ကယားနယ်စပ်မှာရှိတဲ့ စစ်ကောင်စီခြေကုပ်စခန်းပွိုင့် (၅၃၅၀) (တငူဆို စခန်း) ကို ကရင်နီ တပ်မတော်နဲ့ KNDF B17 B14 တို့က ဗျူဟာမြောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သိမ်းပိုက်ရရှိခဲ့စခန်းက စစ်ကောင်စီတပ်သားတွေ ဆုတ်ခွာထွက်ပြေးခဲ့ကြပြီး အဲ့ဒီစခန်းတွေကို မီးရှို့ ဖျက်ဆီးခဲ့တဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ(၇) ရက်နေ့က ရှားတောမြို့နယ် တငူဆို စခ်နးက ထွက်ခွာလာတဲ့ စစ်ကောင်စီတပ် နဲ့ ကရင်နီတပ်မတော် (KA)၊ KNDF B12၊B14၊B17 ပူးပေါင်းတပ်ဖွဲ့တွေဟာ ရှားတောမြို့နယ် တနေရာ မှာတိုက်ပွဲ(၃) ကြိမ်ဖြစ်ပွားခဲ့သလို ဩဂုတ်လ(၈) ရက်နေ့ကလည်း လွိုင်ကော်-ရှားတော လမ်းမပေါ် က စစ်ကောင်စီရဲ့ ပွန်ချောင်းတပ်စခန်းကို ကရင်နီတပ်မတော်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဘက်က (၁) ဦးသေဆုံးပြီး ထိခိုက်မှုတွေများခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဩဂုတ်လ(၉) ရက်နေ့ကလည်း ရှားတောမြို့နယ် မှာ ထိတွေ့တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၇) ဦးသေဆုံးထားပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီက မြေပြင်က သာလွန်အင်အားတွေနဲ့ ထိုးစစ်ဆင်နေသလို လေကြောင်းတိုက်ခိုက်မှုတွေ လည်းလုပ်ဆောင်နေပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေး ရှောင်ဦးရေ(၂) သိန်းကျော်ရှိနေပြီး စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာတွေလည်း အရေးပေါ် လိုအပ်နေပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ – Karenni Army Center- Kn.A.C

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.