August 21, 2022

“အောင်နိုင်စိတ်ထား စစ်ကိုင်းသားသမိုင်းထူမယ့် စစ်ကိုင်းသူ”

ယင်းမာပင် -ဩဂုတ်(၂၁) ဒီနေ့ ဩဂုတ်လ (၂၁) ရက်နေ့ ညနေပိုင်းက ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်ကော်မတီကဦးဆောင်ပြီး “အောင်နိုင်စိတ်ထား စစ်ကိုင်းသား သမိုင်းထူမယ့်စစ်ကိုင်းသူ” ဆိုတဲ့ခေါင်းစဉ်နဲ့စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်သပိတ်မှောက်ခဲ့ကြပါတယ်။ ဓာတ်ပုံ – အောင်ခန့်ဇော်

ကရင်အမျိုးသားကာကွယ်ရေးတပ် မှာ စစ်ကောင်စီတပ်သား(၂) ဦးလက်နက်တွေနဲ့ အလင်းဝင်

မြဝတီ – ဩဂုတ်(၂၁) ကရင်ပြည်နယ် မြဝတီ-ဝေါ်လေ ဒေသ မှာ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့က တပ်သား(၂) ဦး လက်နက်(၃) လက်နဲ့အတူ ကရင်အမျိုးသားကာကွယ်ရေးတပ် မှာ CDM ဝင်ရောက်လာတယ် လို့ ပြည်သူ့ပန်းတိုင်က သတင်းထုတ်ပြန်ထားပါတယ်။ သူတို့တွေဟာ စအရ(၉၀၄) အင်ဂျင်နီယာတပ်က တပ်သားအောင်အောင်နဲ့ ခလရ(၂၇၅) ခြေလျင်တပ် ကတပ်သား အာကာမင်းတို့ဖြစ်ပြီး ဇူလိုင်လအတွင်းက KNDO…

တရုတ်ကွန်မြူနစ်ပါတီနှင့် အဆက်အစပ်ရှိသည့် တရုတ်_ကနေဒါနိုင်ငံသား သူဌေးကြီး ရှောင်ဂျန်ဟွာ ကို ထောင် ၁၃ နှစ်အဖြစ် ရှန်ဟိုင်း ရုံးတော်မှ ချမှတ်

ဘေဂျင်း ၊ သြဂုတ် (၂၁) တရုတ်-ကနေဒါ ဘီလျံနာ ရှောင်ဂျန်ဟွာကို ရှန်ဟိုင်းတရားရုံးတော်က ထောင်ဒဏ် (၁၃)နှစ်နဲ့ ၄င်းရဲ့ Tomorrow Holdings လုပ်ငန်းစုကြီးကို ဒဏ်ကြေး ယွမ် ၅၅.၀၃ ဘီလီယံ ပေးဆောင်ရန် ပြီးခဲ့တဲ့ သောကြာနေ့က အမိန့်ချမှတ်ခဲ့ပါတယ်။ ရှောင် (Xiao) နဲ့ Tomorrow Holdings လုပ်ငန်းစုက အများသူငှာ အပ်ငွေတွေကို…

စစ်ကောင်စီ စခန်း(၈) ခုကို ကရင်နီတပ်မတော်ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ရရှိခဲ့

ရှားတော – ဩဂုတ်(၂၁) ကရင်နီပြည်နယ် ရှားတောမြို့အတွင်းက စစ်ကောင်စီရဲ့ ခြေကုပ်စခန်း(၈) ခုကို ကရင်နီတပ်မတော် ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ရရှိခဲ့တယ်လို့ Karenni Army Center- Kn.A.C က သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီခြေကုပ်စခန်းပွိုင့်အမှတ် ၅၃၅၀(တငူးဆို စခန်း)အပါအဝင် ရှားတောမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ခြေကုတ်စခန်း(၈) ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုထားတာပါ။ ရှမ်း-ကယားနယ်စပ်မှာရှိတဲ့ စစ်ကောင်စီခြေကုပ်စခန်းပွိုင့် (၅၃၅၀) (တငူဆို…

အနောက်နိုင်ငံတွေက ဖယ်ကျဉ်ထားတဲ့ ရုရှားရဲ့ ကျောက်မီးသွေး ကို တရုတ်ငါးနှစ်အတွင်း အများဆုံးတင်သွင်းခဲ့

ပေကျင်း – ဩဂုတ်(၂၁) အနောက်နိုင်ငံတွေက ယူကရိန်းကို ကျူးကျော်ခဲ့တဲ့အတွက် ရုရှားရဲ့ ကုန်စည်းတွေကို ရှောင်ဖယ် ထားချိန်မှာ တရုတ်က ရုရှားကျောက်မီးသွေးကို လျှော့စျေးနဲ့ဝယ်ယူခဲ့တဲ့အတွက် ဇူလိုင်လအ တွင်းတင်သွင်းခဲ့တာဟာ (၅) နှစ်အတွင်းအမြင့်ဆုံးဖြစ်ခဲ့ပြီး(၁၄) ရာခိုင်နှုန်းတက်လာခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ရုရှားနိုင်ငံက ကျောက်မီးသွေးတန်ချိန်(၇.၄၂) သန်းကို ပြီးခဲ့တဲ့ လက သယ်ယူ လာခဲ့တယ်လို့ အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပြီး အဲ့ဒီပမာဏဟာ…

ကမ္ဘောဒီးယားက ကာစီနိုရုံမှာ ခေါင်းပုံဖြတ်ခံနေရတဲ့ ဗီယက်နမ်လုပ်သားတွေ မြစ်ကိုကူးပြီး ထွက်ပြေးခဲ့

ဖနွမ်းပင် – ဩဂုတ်(၂၁) ကမ္ဘောဒီးယားနိုင်ငံက ကာစီနိုရုံတွေမှာ အခကြေးငွေမရပဲ မတရားခိုင်းစေခံနေရတယ်လို့ သတင်း ထွက်ပေါ်နေတဲ့ ဗီယက်နမ်းနိုင်ငံသားတွေ မြစ်ကိုကူးပြီး သူတို့ရဲ့ ဇာတိမြေကို ထွက်ပြေး သွားတယ်လို့ ဩဂုတ်လ(၁၉) ရက်နေ့က အာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံ နဲ့ အိမ်နီးချင်းဖြစ်တဲ့ ကမ္ဘောဒီးယား ကန်ဒယ်ခရိုင်ဒေသန္တရမှာ ဖွင့်လှစ်ထားတဲ့ Golden Phoenix Entertainment ကာစီနိုရုံက ဝန်ထမ်း(၄၀)…

စစ်ကောင်စီရဲ့ စစ်ဆေးရေးတင်းကြပ်နေလို့ ထိုင်းကုန်ပစ္စည်းစီးဆင်းမှု အခက်တွေ့နေတယ်လို့ ကုန်သည်တွေဆို

မြဝတီ – ဩဂုတ်(၂၁) တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတစ်လျှောက်မှာ စစ်ကောင်စီ ကလုံခြုံရေးတင်းကြပ်ထားပြီး စစ်ဆေးမှုတွေပိုမိုလုပ်ဆောင်နေလို့ အချိန်ကြန့်ကြာပြီး ကုန်စည် စီးဆင်းမှု နှေးကွေးလာတယ်လို့ ကုန်သည်တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ကုန်တင်ကားတွေနဲ့ ယာဉ်မောင်းတွေကို ဂိတ့်အဆင့်ဆင့် နဲ့ အချိန်ယူစစ်ဆေးတာတွေလုပ်ဆောင် နေသလို ညမထွက်ရ အမိန့်တွေကြောင့်လည်း ကုန်ကားတွေဟာ အရင်ကထက် လမ်းမှာ အချိန်ပို ကြာနေရတာပါ။ “…

စစ်ကောင်စီအဖွဲ့ အပြောင်းအလဲ လုပ်တာဟာ သူတို့ ယုံကြည်စိတ်ချရတဲ့သူကို အစားထိုးတာလို့ သုံးသပ်သူတွေ ပြော

ရန်ကုန် ၊ သြဂုတ် (၂၀) အရေးပေါ်ကာလသက်တမ်း ထပ်တိုးထားတဲ့ အာဏာသိမ်း စစ်ကောင်စီအဖွဲ့ အပြောင်းအလဲ လုပ်တာဟာ သူတို့ ယုံကြည်စိတ်ချရတဲ့သူကို အစားထိုးတာ ဖြစ်တယ်လို့ နိုင်ငံရေးသုံးသပ်သူတွေနဲ့ ဝါရင့်နိုင်ငံရေးသမားတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ ဝန်ကြီးတချို့ကို အနားပေးတာနဲ့ အပြောင်းအလဲ လုပ်တာတွေ အပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းကြောင်း ပြီးခဲ့တဲ့ သြဂုတ် ၁၉…

မွန်ပြည်နယ်မှာ ဆေးဝါးဈေးနှုန်း ၅၀ ရာခိုင်နှုန်းကျော် ထပ်မံ မြင့်တက်လာ

မော်လမြိုင် ၊ သြဂုတ် (၂၁) မွန်ပြည်နယ်မှာ ဆေးဝါးတင်သွင်းမှု အခက်အခဲကြောင့် ဆေးဝါးပြတ်လပ်မှုတွေ ဖြစ်ပေါ်လာပြီးနောက် အခြေခံဆေးဝါး ဈေးနှုန်း ၅၀ ရာခိုင်နှုန်းကျော် ထပ်မံ မြင့်တက်လာတယ်လို့ ဆေးဆိုင်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဆေးဈေးနှုန်းဟာ မြန်မာငွေတန်းဖို ကျဆင်းပြီး ဒေါ်လာဈေးနှုန်း ဆက်လက်မြင့်တက်လာတာ၊ စစ်ကောင်စီရဲ့ သွင်းကုန်လိုင်စင် ကန့်သတ်ချက်တွေ အပါအဝင် ဆေးဝါး အလွယ်တကူ တင်သွင်းခွင့်…

တရုတ်နိုင်ငံသားပိုင်စက်ရုံက စစ်ကိုင်းနဲ့မကွေးမှတ်ပုံတင်ကိုင်ဆောင်သူတွေကို ခြိမ်းခြောက် အလုပ်ဖြုတ်

ရန်ကုန် ၊ ဩဂုတ်(၂၀) တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်တဲ့ ZHEJIANG TONGLI CLOTHING (MYANMAR) CO.LTD အထည်ချုပ်စက်ရုံက စစ်ကိုင်းနဲ့ မကွေး မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ ဝန်ထမ်းအယောက် (၁၀၀) ဝန်းကျင်ကို ခြိမ်းခြောက်အလုပ်ဖြုတ်ခဲ့တယ်လို့ အလုပ်သမားအရေးကူညီနေသူတွေ က သံလွင်တိုင်းမ်ကိုပြောပါတယ်။ အဲ့ဒီစက်ရုံဟာ ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ H&M အမှတ်တံဆိပ်အဝတ်အထည်တွေ ကို ချုပ်တဲ့ စက်ရုံဖြစ်ကာ အာဏာသိမ်းစစ်ကောင်စီနဲ့ နီးစပ်မှုတွေရှိပြီး စက်ရုံကို…