မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းအမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်က ကျေးရွာတွေမှာ PDF အကြမ်းဖက်သမားများ ထောင်ထားတဲ့ ဗုံးများပေါက်ကွဲပြီး မီးလောင် ”ဆိုတဲ့ သတင်းကို စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို သြဂုတ်လ၁၉ရက်နေ့မှာ စစ်တပ်ထောက်ခံသူတွေဖြစ်တဲ့ Kyaw Sawar တယ်လီဂရမ်က စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ရေးသား ဖြန့်ဝေမှုမှာတော့ “ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ငတမျှော်ကျေးရွာမှာ PDF အကြမ်းဖက်သမားများ ထောင်ထားတဲ့ ဗုံးများပေါက်ကွဲပြီး ၂ ရက်ဆက်တိုက် မီးလောင်နေလို့ နေအိမ် ၅၀၀ ကျော် ပြာကျနေကြောင်း သိရှိရတယ်” ဆိုပြီး ဓာတ်ပုံအချို့နဲ့အတူ ရေးသားဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

Kyaw Sawar တယ်လီဂရမ်က ရေးသာမှုကိုပဲ ထပ်ဆင့်ကူးယူ ဖော်ပြသူ စစ်တပ်ထောက်ခံသူတွေလည်း အမြောက်အများ ရှိခဲ့ပါတယ်။

သတင်းမှားဖြန့်ဝေနေတဲ့ စစ်တပ်ထောက်ခံသူ အကောင့် တွေနဲ့ တယ်လီဂရမ် ချန်နယ်လင့်တွေကို အောက်ပါမှာ လင့်တွေမှာ ဖော်ပြထားပေးပါတယ်။https://t.me/kyawswarks969/11622https://m.facebook.com/story.php?story_fbid=168659589052599&id=100077256766005https://m.facebook.com/story.php?story_fbid=191222179991997&id=100073126484608https://m.facebook.com/story.php?story_fbid=1447565112322486&id=100012070328492https://m.facebook.com/story.php?story_fbid=153823117316246&id=100080656753255https://m.facebook.com/story.php?story_fbid=124550526988511&id=100083006930300https://m.facebook.com/story.php?story_fbid=754205635836130&id=100037401021842

အဆိုပါ အကြောင်းအရာကို သံလွင်တိုင်းမ်မှ စီစစ်ကြည့်ရာမှာတော့ ဖြစ်စဥ်အမှန်ကို ဖုံးကွယ်ပြီး စစ်တပ်ထောက်ခံသူတွေက ဝါဒဖြန့်ဝေနေတာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

ဖြစ်စဥ်အမှန်မှာ ရေစကြိုနယ်၊ ငတရော်ရွာထဲက အိမ်တွေအားလုံးကို အကြမ်းဖက်စစ်တပ်က ပြာကျတဲ့အထိ မနားတမ်း မီးရှို့ ဖျက်ဆီးသွားတာဖြစ်ကြောင်း ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေရဲံ ဖော်ပြမှုအရ သံလွင်တိုင်းမ်က စီစစ်တွေ့ရှိရပါတယ်။

စစ်တပ်က သြဂုတ်(၁၇)ရက် မနက်ပိုင်းက စတင်ပြီး သြဂုတ်(၁၈)ရက်အထိ မကွေးတိုင်း ရေစကြိုမြို့နယ် ရေလည်ကျွန်းဒေသက အိမ်ခြေ(၆၀၀)ကျော် ရှိတဲ့ ငတရော် ခေါ် ငတမျှော်ရွာထဲက အိမ်တွေအားလုံး ပြာကျသည်အထိ မနားတမ်း မီးရှို့ ဖျက်ဆီးသွားတာလို့ Mandalay Free Press – MFP သတင်းဌာနက ဒေသခံများကို မေးမြန်းကာ ရေးသားဖော်ထုတ်ထားတာ တွေ့ရပါတယ်။

ဒါ့အပြင်တမျှော်ကျေးရွာ၊ ဘုန်းကြီးကျောင်းတွေမှာ အာဏာသိမ်းစစ်တပ်က တပ်စွဲခဲ့ပြီး နေအိမ်တွေအတွင်းက အဖိုးတန်ပစ္စည်းတွေကို ခိုးယူသွားကာ အခြားပစ္စည်းတွေကိုလမ်းပေါ် လွှင့်ပစ်ထားခဲ့တယ်လို့ Mawkun Magazine ကလည်း ဒေသခံတွေကို မေးမြန်းကာ ရေးသားဖော်ထုတ်ထားတာ တွေ့ရပါတယ်။

ငတမျှော်ကျေးရွာအတွင်း ကြက်နဲ့ဝက်တွေကိုလည်း အာဏာသိမ်းစစ်တပ်အဖွဲ့တွေက သတ်ဖြတ်စားသောက်ခဲ့သေးတယ်လို့ Mawkun Magazine က ဒေသခံတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်ပြီး ပြည်တွင်းသတင်းဌာနတွေရဲ့ ဖော်ပြမှုကို အောက်ပါလင့်မှာ ကြည့်ရှုနိုင်ပါတယ်။

Mandalay Free Press – MFPသတင်းဌာနရဲ့ ဖော်ပြမှုလင့်

https://fb.watch/f0abCFoKCb/

Mawkun Magazineသတင်းဌာနရဲ့ ဖော်ပြမှု

https://www.facebook.com/278607422252157/posts/5298499073596275/

ဒီအချက်တွေကြောင့် စစ်တပ်ထောက်ခံသူတွေဖြန့်ဝေနေတဲ့ ” မကွေးတိုင်းဒေသကြီး၊ ရေစကြို မြို့နယ်က ကျေးရွာတွေမှာ PDF အကြမ်းဖက်သမားများ ထောင်ထားတဲ့ ဗုံးများပေါက်ကွဲပြီးမီးလောင်” ဆိုတဲ့ အကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေရဲ့ ဝါဒဖြန့် သတင်းသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိတ်သတ်တွေအတွက် စီစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.