ဆိုးလ် – ဩဂုတ်(၂၀) 

တောင်ကိုရီးယား သမ္မတ Yoon Suk-yeol က မြောက်ကိုရီးယားနိုင်ငံအနေနဲ့ နျူကလီးယား လက်နက် ဖျက်သိမ်းရင် စီးပွားရေးအကူအညီတွေပေးမယ်လို့ ပြောဆိုခဲ့ပြီးနောက် သူ့အနေနဲ့ ပါးစပ်ပိတ်ထားသင့်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ အစ်မဖြစ်သူ က ဩဂုတ်လ (၁၉) ရက်နေ့က ပြောဆိုလိုက်ပါတယ်။ 

မြောက်ကိုရီးယားကို စီးပွားရေးအကူအညီပေးဖို့ အစီအစဉ်ကို ပြီးခဲ့တဲ့ မေလက ပထမဆုံး အဆိုပြုထားပြီး ဩဂုတ်လ(၁၇) ရက်နေ့က ထပ်မံပြောဆိုခဲ့တဲ့အတွက် သူ့ရဲ့ မှတ်ချက်စကား ကို မြောက်ကိုရီးယားက အခုလိုတုံ့ပြန်ခဲ့တာပါ။ 

“သမ္မတ Yoon Suk-yeol က တကယ်ကို ရိုးရိုးရှင်းရှင်းနဲ့ ကလေးဆန်တဲ့ ကလေးဆန်တဲ့ သဘောထားရှိတဲ့အတွက် သူက ပါးစပ်ပိတ်ထားတာက ပိုအဆင်ပြေမှာပါ” လို့ ကင်မ်ယိုဂျွန် က 

နိုင်ငံပိုင်သတင်းဌာန KCNA ကို ပြောဆိုခဲ့ပါတယ်။ 

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို ကိုင်တွယ်တဲ့ တောင်ကိုရီးယားရဲ့ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးက ကင်မ်ယိုဂျွန်ရဲ့ မှတ်ချက်တွေဟာ လေးစားဖွယ်ကောင်းပေမယ့် ယုတ်ညံ့တယ်လို့ တုံ့ ပြန်ပြောဆိုထားပါတယ်။ 

နျူကလီးယားလက်နက် ဖွံ့ဖြိုးတိုက်တက်မှုကို အဆုံးသတ်ပြီး နျူကလီးယားကင်းစင်ရေး စတင်ရင် မြောက်ကိုရီးယားကို အဆင့်လိုက်စီးပွားရေးအကူအညီတွေပေးအပ်ဖို့ ဆန္ဒရှိတယ်လို့ သမ္မတ ယွန်းက ပြောဆိုထားသလို စစ်ရေးအရ တားဆီးမှုတွေ တိုးမြှင့်ဖို့လည်း တိုက်တွန်း ထား ပါတယ်။ 

လာမယ့် သီတင်းပတ်မှာ စတင်ပြီး ကွင်းဆင်းလေ့ကျင့်မှုတွေအပါအဝင် အမေရိကန်နဲ့ ကာလရှည်ကြာ ဆိုင်းငံ့ထားတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို တောင်ကိုရီးယား အနေနဲ့ ပြန်လည်စတင်မှာဖြစ်တယ်လို့ သိရပါတယ်။ 

ကင်မ်ယွန်ဂျွန်ဟာ မကြာသေးခင်နှစ်တွေအတွင်းက တောင်ကိုရီးယားကို ပေါ်ပေါ်ထင်ထင် ဝေဖန်သူ တစ်ဦးဖြစ်လာခဲ့ပြီး ဩဂုတ်လ(၁၉) ရက်နေ့မှာ ပြောဆိုခဲ့တာဟာ ဒီနေ့အထိ တောင်ကိုရီးယားသမ္မတကို သူမရဲ့ အပြင်းထန်ဆုံး ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု ဖြစ်ပါတယ်။ 

ဒါ့အပြင် မြောက်ကိုရီးယားနိုင်ငံမှာ ကိုဗစ်ဖြစ်ပွားမှုတွေနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားကို အပြစ်တင်ထားပြီး နောက်ဆက်တွဲ ဖြစ်စရပ်တွေအတွက် သေစေနိုင်တဲ့အထိ လက်တုံ့ပြန်မှာ ဖြစ်တယ်လို့ တောင်ကိုရီးယားအာဏာပိုင်တွေကို ခြိမ်းခြောက်ထားပါတယ်။ 

တောင်ကိုရီးယားရဲ့ နောက်ဆုံးအကြိမ်အဆိုပြုထားတဲ့ စီးပွားရေးအစီအစဉ်ဟာ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်နဲ့ ကင်ဂျုံအန်းတို့ကြာ ထိပ်သီးအစဉ်းအဝေးတွေက တဆင့် အဆိုပြုချက်တွေနဲ့ ဆင်တူတယ်လို့ ကျွမ်းကျင်သူတွေက ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ(၁၇) ရက်နေ့က မြောက်ကိုရီးယားနိုင်ငံဟာ ပင်လယ်ထဲကို ခရုဇ်ဒုံးကျည်နှစ် စင်း စမ်းသပ်ပစ်လွှတ်ခဲ့ပြီး အဲ့ဒီစမ်းသပ်မှုဟာ နှစ်လအတွင်း ပထမဆုံးသော စမ်းသပ်မှု ဖြစ်ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.