ဘာလီ – ဩဂုတ်(၂၀) 

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဗလာဒီမာပူတင်တို့က လာမယ် နိုဝင်ဘာလ ဘာလီကျွန်းမှာ ပြုလုပ် မယ့် G-20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာဖြစ်တယ်လို့ အင်ဒိုနီးရှားသမ္မတရဲ့ နှစ်ရှည် အကြံပေးပုဂ္ဂိုလ်က ပြောဆိုခဲ့ပါတယ်။ 

National Resilience Institute အကြီးအကဲ အန်ဒီက သူ့ကို သမ္မတ ဂျိုကိုဝီက ပြောဆိုခဲ့တယ် ဆိုပြီး ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့တာပါ။ 

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ခေါင်းဆောင်နှစ်ဦး စလုံး သူ့ကို အာမခံချက်ပေးထားတယ်လို့ Bloomberg သတင်းဌာနကို ပြောဆိုထားပြီး အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး အတည်ပြုဖို့ အင်ဒိုနီးရှား သမ္မတရုံးတာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်ပြောဆိုတာတော့ မရှိခဲ့ပပါဘူး။ 

နှစ်နိုင်ငံစလုံးက နိုင်ငံခြားရေးဝန်ကြီးဌာနတွေက တရားဝင်ထုတ်ပြန်ထားတာမရှိသေးပေမယ့် အဲ့ဒီကိစ္စနဲ့ နီးစပ်တဲ့ တခြားအရာရှိတစ်ဦးက ပူတင်းဟာ အစည်းအဝေးကို လူကိုယ်တိုင် တက်ရောက်ဖို့ စီစဉ်ထားတယ်လို့ အတည်ပြုထားပါတယ်။ 

၂၀၂၀ ခုနှစ်ဇန်နဝါရှိလက မြန်မာနိုင်ငံကို လာရောက်လည်ပတ်ချိန်ကစပြီး ဘာလီခရီးစဉ်ဟာ သမ္မတရှီရဲ့ ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံ ပြင်ပကို ထွက်ခွါမယ့် ခရီးစဉ်ဖြစ်တယ်လို့ သိရပါတယ်။ 

တရုတ်နိုင်ငံဟာ လက်ရှိအချိန်ထိ ခရီးသွားလာခွင့်ကို နယ်စပ်မျဉ်းကလွဲပြီး အားလုံးပိတ်ထားတဲ့ ကိုဗစ် – သုည မူဝါဒကို ကျင့်သုံးနေတာဖြစ်ပါတယ်။ 

အဲ့ဒီအချိန်က စပြီး ရှီဟာ သူ့ရဲ့ တစ်ခုတည်းသော တရုတ်ပြည်မကြီးပြင်ပခရီးစဉ်အဖြစ် ပြီးခဲ့တဲ့ ဇွန်လ(၃၀) ရက်နေ့က (၂၅) နှစ်မြောက်ဗြိတိသျှအုပ်ချုပ်မှုအောက်မှ လွှဲပြောင်းခြင်းနေ့ အထိမ်း အမှတ်အဖြစ် ဟောင်ကောင်ကို သွားရောက်ခဲ့ပါသေးတယ်။ 

သမ္မတရှီဟာ ဆောင်းဦးရာသီမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အာဏာရကွန်မြူနစ်ပါတီရဲ့ ငါးနှစ်တာ ကွန်ဂရက်အတွင်း တတိယမြောက်ခေါင်းဆောင်မှု သက်တမ်းကို ရရှိဖို့မျှော်လင့်ထားပြီး ကွန်ဂ ရက် ကို နိုဝင်ဘာလလယ်မှာ ကျင်းပမယ့် G-20 အစည်းအဝေးအတွက် ဘာလီကို မသွားရောက် ခင်ပြုလုပ်နိုင်ခြေရှိတယ်လို့ သိရပါတယ်။ 

အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဟာ စစ်ဖြစ်ပွားနေတဲ့ နိုင်ငံတွေကြားမှာ ကြားဝင်ဖြန်ဖြေသူအဖြစ် ရပ်တည်ဖို့ ကြိုးပမ်းခဲ့သလို ပြီးခဲ့တဲ့လတွေက ယူကရိန်းနဲ့ ရုရှားသမ္မတ တွေတွေ့ဆုံဖို့ ခရီးထွက် ခဲ့ကာကမ္ဘာ့စားနပ်ရိက္ခာအကြပ်အတည်းကို ဖြေလျှော့ဖို့ နည်းလမ်းတွေရှာဖွေညှိနှိုင်းမှုတွေ လုပ်ဆောင်ထားပါတယ်။ 

ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုနဲ့ ပတ်သက်ပြီး ပူတင်ကို ဖိတ်ကြားထားတာ ရုပ်သိမ်းဖို့ G-20 ခေါင်းဆောင်အင်ဒိုနီးရှားကို အနောက်နိုင်ငံတွေက ဖိအားပေးနေပါတယ်။ 

ဘာလီထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ ယူကရိန်းခေါင်းဆောင် ဇယ်လန်းစကီးကိုလည်း အင်ဒိုနီးရှားက ဖိတ်ကြားထားပြီး အင်ဒိုနီးရှားနိုင်ငံကို ငြိမ်းချမ်းရေး တံတားအဖြစ် နှစ်နိုင်ငံလုံးက လက်ခံထားတယ်လို့ ဂျိုကိုဝီက ဒီသီတင်းပတ်မှာ ပြောဆိုထားပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.