မြိုင် – ဩဂုတ်(၂၀)

မကွေးတိုင်းမြိုင်မြို့နယ်မှာ စစ်ထောက်လှမ်းရေးတစ်ဦး ကို ဖမ်းဆီးစဉ်ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ဖမ်းဆီးချိန်မှာ သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မြိုင်မြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီစစ်ထောက်လှမ်းရေးဟာ ဗိုလ်ဆန်းဝင်းအောင်ဆိုသူဖြစ်ပြီး သူနဲ့အတူ အထောက်အထား ပစ္စည်းတွေနဲ့ တခြားဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိထားတယ်လို့ ဆိုထားပါတယ်။

သူနဲ့အတူ စာရွက်စာတမ်း​တွေ၊၊ Gopro Hero 9 ကင်မရ (၁)လုံးနဲ့ စပ်ဆက်ပစ္စည်း၊ 4k video camera (၁)လုံး၊ BOYA M1 မိုက်ကရိုဖုန်း (၁)ခု၊ DJI OM4 (၁)ခု၊ Spy camera glass (၁)ခု၊ Tripod (၁)ခု၊ Gopro Hero 9/10 waterproof (၁)ခု၊ အားသွင်းကြိုးမျိုးစုံ၊ ပိုက်ဆံအိတ် (၁)အိတ်၊ ဖုန်း (၁)လုံး နဲ့ ကင်မရာစပ်ဆက်ပစ္စည်းတွေကိုဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားတာပါ။

စစ်ထောက်လှမ်းရေးဗိုလ်ဆန်းဝင်းအောင်ဆိုသူကို ဒီနေ့ ဩဂုတ်လ(၂၀) ရက်နေ့ ညနေ (၅) နာရီဝန်းကျင်မှာ မြိုင်- ပခုက္ကူကားလမ်းမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဖမ်းဆီးချိန်မှာ ခုခံထွက်ပြေးလို့ လိုက်လံပစ်ခတ်စဉ် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

မကွေးတိုင်း ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်အတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေသလို မြေပြင်မှာလဲ သာလွန်အင်အားတွေနဲ့ ထိုးစစ်ဆင်နေပြီး ပြည်သူတွေရဲ့ နေအိမ် တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်ဆောင်နေတဲ့အတွက် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နေ့စဉ်တိုက်ပွဲ တွေ ဖြစ်ပွားနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -ပြည်သူ့ကာကွယ်ရေးတပ်မတော်-မြိုင်မြို့နယ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.