ဂန့်ဂေါ – ဩဂုတ်(၂၀)

မကွေးတိုင်း ဂန့်ဂေါမြို့နယ် မင်းရွာက ဒလန်လို့ သတ်မှတ်ပြီး ရှင်းလင်းခံထားရတဲ့ ဆရာမ နှစ်ဦးက သူတို့နဲ့အတူ ဒလန်လုပ်ခဲ့တဲ့ အပေါင်းအပါတွေကို ထုတ်ဖော်ဝန်ခံသွားတယ်လို့ CDF KKG Battalian-5 Gangaw Region က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီဆရာမနှစ်ဦးဟာ YDF ရဲဘော်တွေနဲ့ မဟာပူးပေါင်းတပ်ဖွဲ့တွေက မင်းရွာ ရဲစခန်းကိုစီးနင်း တိုက်ခိုက်ချိန်မှာလည်း စစ်တပ် ကိုသတင်းပေးခဲ့တယ်လို့ ဝန်ခံထားပြီး စစ်ကောင်စီ ဝါဒဖြန့် မီဒီယာ MRTV မှာ ဝန်ထမ်းလုပ်နေတဲ့ ညီမဖြစ်သူကို ဒေသတွင်းမှာ ဖြစ်ပျက်နေတဲ့ သတင်း တွေကို နေ့စဉ်ဖုန်းဆက်ပြီး ပေးပို့ တာတွေ လုပ်ဆောင်နေတာပါ။

သူတို့နှစ်ဦးကို မရှင်းလင်းခင်က ဖုန်းဆက်ပြီးသတိပေးတာ၊ စာပို့သတိပေးတာနဲ့ တပ်ဖွဲ့ဝင်တွေ ကိုယ်တိုင် အိမ်အရောက်သွားပြီး သတိပေးတာတွေလုပ်ဆောင်ခဲ့ပေမယ့် လိုက်နာတာ မရှိပဲ စစ်ကောင်စီကို သတင်းပေးတာတွေဆက်လုပ်နေတဲ့အတွက် ရှင်းလင်းခံရတာ ဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောထားပါတယ်။

ဆရာမနှစ်ဦးကို သူတို့ရဲ့ နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး သူတို့နဲ့အတူ သတင်းပေး ဒလန်လုပ်နေတဲ့ အုပ်စုဟာ အာဏာသိမ်းစစ်ခေါင်းဆောင်အတွက် ဆုတောင်းပေးတာနဲ့ စစ်ကောင်စီကို အပြည့်အဝထောက်ခံတယ်လို့ ဝန်ခံထွက်ဆိုသွားတယ်လို့ သိရပါတယ်။

မူလတန်းကျောင်းအုပ်ဆရာမ ဒေါ်မြင့်မြင့်စန်းနဲ့ ကျူရှင်ဆရာမ ဒေါ်ယမင်းအေးတို့ကို စစ်ကောင်စီသတင်းပေးတာ သေချာတဲ့အတွက် ရှင်းလင်းထားတယ်လို့ CDF KKG Battlian-5 Gangaw Region က ဩဂုတ်လ (၁၈)ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရှင်းလင်းခဲ့တဲ့ ဆရာမနှစ်ဦးဟာ မြစ်သာဆည်ပေါ်က ရိပ်သာကုန်း ကို စစ်ကောင်စီရဲ့ Jet Fighter လေးစီးနဲ့ ပစ်ခတ်ခဲ့ချိန်မှာ PDF တွေသေပြီဆိုပြီး Sound Box ဖွင့် ကခုန်ကြသူတွေဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ(၂၈) ရက်နေ့က စစ်ကောင်စီရဲ့ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦးထပ်မနည်း ကျဆုံးခဲ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.