August 20, 2022

အဝေးပြေးကားလက်မှတ်ရောင်းရင် မှတ်ပုံတင်နဲ့ နေရပ်လိပ်စာအပြည့်ယူဖို့ စစ်ကောင်စီ အမိန့် ထုတ်

ရန်ကုန် – ဩဂုတ်(၂၀) အဝေးပြေးကားလက်မှတ်ရောင်းချချိန်မှာ လိုက်ပါစီးနင်းမယ့် ခရီးသည်ရဲ့ နေရပ်လိပ်စာအပြည့် အစုံယူထားဖို့ စစ်ကောင်စီလက်အောက်ခံ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက အမိန့် ထုတ်ပြန်ထားတယ်လို့ အဝေးပြေးယာဉ်လိုင်းတစ်ခုက သံလွင်တိုင်းမ် ကိုပြောပါတယ်။ အရင်က အဝေးပြေးယာဉ်လိုင်းစီးနင်းရင် ခရီးသည်ရဲ့ နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင် နံပါတ်) နဲ့ ဖုန်းနာပါတ်ကိုသာ တောင်းယူတာရှိပေမယ့် လက်ရှိမှာတော့ လိပ်စာအပြည့်အစုံကို တောင်းယူခိုင်းနေတာပါ။ “အခုက…

မြိုင်မှာ စစ်ထောက်လှမ်းရေးတစ်ဦးအရှင်ဖမ်းခဲ့ပေမယ့် ပြန်ခုခံလို့ အသေပစ်ခတ်ခဲ့ရ

မြိုင် – ဩဂုတ်(၂၀) မကွေးတိုင်းမြိုင်မြို့နယ်မှာ စစ်ထောက်လှမ်းရေးတစ်ဦး ကို ဖမ်းဆီးစဉ်ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ဖမ်းဆီးချိန်မှာ သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မြိုင်မြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။ အဲ့ဒီစစ်ထောက်လှမ်းရေးဟာ ဗိုလ်ဆန်းဝင်းအောင်ဆိုသူဖြစ်ပြီး သူနဲ့အတူ အထောက်အထား ပစ္စည်းတွေနဲ့ တခြားဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိထားတယ်လို့ ဆိုထားပါတယ်။ သူနဲ့အတူ စာရွက်စာတမ်း​တွေ၊၊ Gopro Hero 9 ကင်မရ (၁)လုံးနဲ့ စပ်ဆက်ပစ္စည်း၊ 4k video camera…

“လူ့အခွင့်အရေးအကြောင်းပြောနေတဲ့ ကမ္ဘာကြီးက အကြမ်းဖက်ဝါဒနဲ့ လက်ဆွဲနှုတ်ဆက် နေသလား”

ယင်းမာပင် – ဩဂုတ်(၂၀) ဒီနေ့ ဩဂုတ်လ(၂၀) ရက်နေ့ ညနေပိုင်းက ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်ကော်မတီက ဦးဆောင်ပြီး “လူ့အခွင့်အရေးအကြောင်းပြောနေတဲ့ ကမ္ဘာကြီးက အကြမ်းဖက်ဝါဒနဲ့ လက်ဆွဲနှုတ်ဆက်နေသလား” ဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်အာဏာရှင် အမြစ်ဖြတ်ရေး လူထုသပိတ်ထွက်ရှိခဲ့ကြပါတယ်။ ဓာတ်ပုံ – အောင်ခန့်ဇော်

အမှန်/အမှား

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းအမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်က ကျေးရွာတွေမှာ PDF အကြမ်းဖက်သမားများ ထောင်ထားတဲ့ ဗုံးများပေါက်ကွဲပြီး မီးလောင်…

တနင်္သာရီ ကော့မပြင်းမှာ တိုက်ပွဲ ပြင်းထန်နေ

တနင်္သာရီ ၊ သြဂုတ် (၂၀) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ကော့မပြင်းကျေးရွာအနီးမှာ သြဂုတ် ၁၉ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ တောင်ပိုင်းသူရဲကောင်းများ ကာကွယ်ရေး အင်အားစု(S.W.D.F)က ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ပွဲဟာ စစ်ကောင်စီတပ်က တပ်အင်အား ၄၀ လောက်နဲ့ စစ်ရေးဝင်ရောက် လှုပ်ရှားလာတဲ့အတွက် တောင်ပိုင်းသူရဲကောင်းများ ကာကွယ်ရေး အင်အားစု(S.W.D.F)တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ သြဂုတ်…

ရှီကျင်းဖျင်နဲ့ ပူတင်တို့ ဘာလီမှာ ကျင်းပမယ့် G-20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မယ်

ဘာလီ – ဩဂုတ်(၂၀) တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဗလာဒီမာပူတင်တို့က လာမယ် နိုဝင်ဘာလ ဘာလီကျွန်းမှာ ပြုလုပ် မယ့် G-20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာဖြစ်တယ်လို့ အင်ဒိုနီးရှားသမ္မတရဲ့ နှစ်ရှည် အကြံပေးပုဂ္ဂိုလ်က ပြောဆိုခဲ့ပါတယ်။ National Resilience Institute အကြီးအကဲ အန်ဒီက သူ့ကို သမ္မတ ဂျိုကိုဝီက ပြောဆိုခဲ့တယ် ဆိုပြီး ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့တာပါ။…

၂၀၂၅ ခုနှစ်တွင် မောင်းသူမဲ့ယာဉ်အသုံးပြုမှုအတွက် လမ်းပြမြေပုံကို ဗြိတိန်ချမှတ်ခဲ့

လန်ဒန် ၊ သြဂုတ် (၂၀) ဗြိတိန်သည် ၂၀၂၅ ခုနှစ်မှာ လမ်းများပေါ်တွင် မောင်းသူမဲ့ကားတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်နိုင်မယ့် ဥပဒေသစ် အစီအစဥ်တွေအတွက် ရန်ပုံငွေ ပေါင် သန်း (၁၀၀) ကို အသုံးပြုသွားမယ့်အကြောင်း သြဂုတ်လ ၁၉ ရက်နေ့မှာ ကြေငြာခဲ့ပါတယ်။ ပေါင် (၄၂) ဘီလီယံတန်ဖိုးရှိတဲ့ အလိုအလျောက်မောင်းနှင်သည့် ယာဉ်တွေအတွက် ဈေးကွက်အသစ်ကို အခွင့်ကောင်းယူလိုကြောင်း…

အကူအညီပေးမယ်ဆိုပြီး ပြောဆိုနေတဲ့ တောင်ကိုရီးယားသမ္မတကို ပါးစပ်ပိတ်ထားဖို့ မြောက်ကိုရီးယားပြောဆို

ဆိုးလ် – ဩဂုတ်(၂၀) တောင်ကိုရီးယား သမ္မတ Yoon Suk-yeol က မြောက်ကိုရီးယားနိုင်ငံအနေနဲ့ နျူကလီးယား လက်နက် ဖျက်သိမ်းရင် စီးပွားရေးအကူအညီတွေပေးမယ်လို့ ပြောဆိုခဲ့ပြီးနောက် သူ့အနေနဲ့ ပါးစပ်ပိတ်ထားသင့်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ အစ်မဖြစ်သူ က ဩဂုတ်လ (၁၉) ရက်နေ့က ပြောဆိုလိုက်ပါတယ်။ မြောက်ကိုရီးယားကို စီးပွားရေးအကူအညီပေးဖို့ အစီအစဉ်ကို ပြီးခဲ့တဲ့ မေလက ပထမဆုံး အဆိုပြုထားပြီး…

ဒလန်လုပ်လို့ရှင်းလင်းခံထားရတဲ့ ကျောင်းဆရာမတွေက သူတို့ရဲ့ အပေါင်းအပါတွေကို ဒလန်ပြန်လုပ်ခဲ့

ဂန့်ဂေါ – ဩဂုတ်(၂၀) မကွေးတိုင်း ဂန့်ဂေါမြို့နယ် မင်းရွာက ဒလန်လို့ သတ်မှတ်ပြီး ရှင်းလင်းခံထားရတဲ့ ဆရာမ နှစ်ဦးက သူတို့နဲ့အတူ ဒလန်လုပ်ခဲ့တဲ့ အပေါင်းအပါတွေကို ထုတ်ဖော်ဝန်ခံသွားတယ်လို့ CDF KKG Battalian-5 Gangaw Region က ထုတ်ပြန်ထားပါတယ်။ အဲ့ဒီဆရာမနှစ်ဦးဟာ YDF ရဲဘော်တွေနဲ့ မဟာပူးပေါင်းတပ်ဖွဲ့တွေက မင်းရွာ ရဲစခန်းကိုစီးနင်း တိုက်ခိုက်ချိန်မှာလည်း စစ်တပ်…