ဆိုးလ် – ဩဂုတ်(၁၉) 

ထိုင်ဝမ်နဲ့ ဂျပန်နိုင်ငံတို့အပါအဝင် အမေရိကန်ဦးဆောင်တဲ့ အဓိက မိုက်ခရိုချစ်ပ်ထုတ်လုပ်တဲ့ အဖွဲ့တစ်ခုအတွက် အကြိုအစည်းအဝေးကို တောင်ကိုရီးယားနိုင်ငံက တက်ရောက်ဖို့ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ဩဂုတ်လ(၁၈) ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။ 

Chip 4 လို့ခေါ်တဲ့အဖွဲ့အတွက် ပဏာမအစည်းအဝေးမှာ ဆိုးလ်အနေနဲ့ ပါဝင်တာဟာ အမေရိကန် နဲ့တရုတ်ကြား ပြိုင်ပွဲကို semiconductor နဲ့ micro processing နည်းပညာနဲ့ လမ်းကြောင်းပြောင်း ဖို့ ကြိုးပမ်းမှုဖြစ်တဲ့အတွက် တောင်ကိုရီးယား ရှယ်ယာတွေ တိုးမြင့်လာစေနိုင်ပါတယ်။ 

နိုင်ငံခြားရေးဝန်ကြီး ပါ့ခ်ဂျင်ဟာ အစည်းအဝေးကို တက်ရောက်မယ်လို့ ပြောဆိုခဲ့တာကလွဲပြီး တခြားဘယ်အရာတွေဆွေးနွေးမယ်ဆိုတာနဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို ထုတ်ဖော် ပြောဆိုတာ မရှိခဲ့ပါဘူး။ 

တောင်ကိုရီးယားနိုင်ငံက ပို့ကုန်လုပ်ငန်းရှင်(၃၀၀) ရဲ့ စစ်တမ်းတစ်ခုအရ ကိုရီးယားကုန်သည် တွေနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းက ဩဂုတ်လ(၁၇) ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ စစ်တမ်းအရ (၅၃) ရာခိုင်နှုန်းဟာ အမေရိကန်ဦးဆောင်တဲ့အဖွဲ့မှာ ပါဝင်သင့်တယ်လို့ ပြောဆို ထားပြီး (၄၁) ရာခိုင်နှုန်းကတော့ ပူးပေါင်းတာကို ရပ်တန့်သင့်တယ်လို့ ဖြေဆိုထားကာ (၅) ရာခိုင်နှုန်းကတော့ အခုချိန်မှာ ပူးပေါင်းတာကို ကန့်ကွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

Chip ထုတ်လုပ်မှုနဲ့ သုတေသနအတွက် ထောက်ပံ့ငွေကန်ဒေါ်လာ(၅၂) ဘီလျံထောက်ပံ့ပေးတဲ့ Chips အက်ဥပဒေကို ဒီလမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လက်မှတ်ရေးထိုးထားပြီး ချစ်ပ်စက်ရုံတွေအတွက် ခန့်မှန်ခြေ ကန်ဒေါ်လာ(၂၄) ဘီလျံ ရင်းနှီးမြှုပ်နှံမှု အခွန်ခရက်ဒစ်ကို လက်မှတ်ရေးထိုးထားပါသေးတယ်။ 

တရုတ်နိုင်ငံဟာ အမေရိကန်ချစ်ပ်ပြားများ အက်ဥပဒေသစ်ကို ဆန့်ကျင်ပြီး လိုအပ်ရင် တရုတ်ရဲ့ တရားဝင်အခွင့်အရေးတွေကို ကာကွယ်ဖို့ ပြင်းပြင်းထန်ထန် အရေးယူသွားမှာ ဖြစ်တယ်လို့ တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။ 

Semiconductors တွေဟာ တောင်ကိုရီးယားရဲ့နံပါတ်(၁) ပို့ကုန်ပစ္စည်းဖြစ်ပြီး တရုတ်နိုင်ငံက သူတို့ရဲ့ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ကာ ချစ်ပ်စက်တွေလို အမေရိကန်နည်းပညာဟာ လည်း ချစ်ပ်တွေပြုလုပ်ချိန်မှာ အဓိကကျပြီး နှစ်နိုင်ငံစလုံးကို အဓိက ဖောက်သည်တွေ အဖြစ် ပိုင်ဆိုင်ထားပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.