A jar with cannabis is seen in a dispensary shop in Bangkok, Thailand August 17, 2022. REUTERS/Jorge Silva

ကွာလာလမ်ပူ ၊ သြဂုတ် (၁၉) 

ဆေးခြောက်ကို လက်ဝယ်တွေ့ရှိရင် မူးယစ်ဆေးဝါးပြစ်မှုအဖြစ် သေဒဏ်အထိ ချမှတ်နိုင်သည့် မလေးရှားနိုင်ငံဟာ တရားဝင်သုံးစွဲခွင့်ရစေရေး ကြိုးပမ်းရာမှာ အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ ဆေးခြောက်မူဝါဒမှ သင်ယူရန် စီစဉ်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဗုဒ္ဓဟူးနေ့ (သြဂုတ် ၁၇ ရက်) နေ့မှာ  ပြောကြားခဲ့ပါတယ်။

ထိုင်းကျန်းမာရေးဝန်ကြီးသည် လာမည့်သီတင်းပတ်တွင် Apec ကျန်းမာရေးဝန်ကြီးများ အစည်းအဝေးမှာ ၎င်းနဲ့ မလေးရှားနိုင်ငံတို့ တွေ့ဆုံမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ဆေးခြောက်ကို တရားဝင်ဖြစ်စေရန် ၎င်းရဲ့ လုပ်ဆောင်မှုကို ပြသသွားမှာ ဖြစ်ပါတယ်။

နာကျင်မှုနှင့် ပင်ပန်းနွမ်းနယ်မှုကို ပြေလျော့စေရန် ဆေးခြောက်အသုံးပြုသည့် အစဉ်အလာဖြင့် ထိုင်းနိုင်ငံဟာ ၂၀၁၈ ခုနှစ်မှာ ဆေးခြောက်ကို တရားဝင်ခွင့်ပြုခဲ့ပြီး ဇွန်လတွင် ဆေးခြောက်စိုက်ပျိုးမှုနှင့် အစားအသောက်များတွင် စားသုံးမှုတို့ကို ခွင့်ပြုသည့် ပထမဆုံး အာရှနိုင်ငံဖြစ်လာခဲ့ပါတယ်။

“ကျွန်တော်တို့ဟာ ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာ ရည်ရွယ်ချက်အတွက် အသုံးပြုမှုအတွက် ကိုယ်ပိုင်မူဘောင်ကို ရေးဆွဲနေပြီး ထိုင်းနိုင်ငံကနေ သင်ယူချင်ပါတယ်” လို့ အမည်မဖော်လိုသည့် မလေးရှားအရာရှိက Reuters သို့ ပြောကြားခဲ့ပါတယ်။

ယခုအခါ မလေးရှားနိုင်ငံတွင် ဆေးခြောက်စိုက်ပျိုးခြင်းနှင့် အပန်းဖြေအသုံးပြုမှုသည် တရားမဝင်ဖြစ်ပြီး မူးယစ်ဆေးဝါး ဂရမ် ၂၀၀ ကျော် လက်ဝယ်ထားရှိမှုသည် သေဒဏ်ချမှတ်ခံရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် မလေးကျန်းမာရေးဝန်ကြီး မစ္စတာ ခါအီရီက ဆေးခြောက်ကို ဆရာဝန်ဆေးစာအောက်တွင် တင်သွင်းခြင်းနှင့် အသုံးပြုခြင်းအား ဆေးဝါးထိန်းချုပ်ရေးအာဏာပိုင်အဖွဲ့တွင် မှတ်ပုံတင်ပြီး လိုင်စင်ရပါက ခွင့်ပြုထားကြောင်း ပြောကြားခဲ့ပါတယ်။

ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီး အနုတင် က ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာ ရည်ရွယ်ချက်များအတွက် တရားဝင်ခွင့်ပြုခြင်းရဲ့ နောက်ကွယ်မှာ ငါးနှစ်အတွင်း ဆက်စပ်ထွက်ကုန်များ ထုတ်လုပ်သည့် စက်မှုလုပ်ငန်းကနေ ကန်ဒေါ်လာ ၃ ဘီလီယံ (စင်ကာပူဒေါ်လာ ၄ ဘီလီယံ) ကျော်အထိ ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။

Ref: The Straits time

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.