August 17, 2022

အဖမ်းအဆီးနဲ့ အခက်အခဲမျိုးစုံရှိနေတဲ့ကြားက စစ်ကောင်စီကျရှုံးရေး သပိတ်မှောက်

မန္တလေး – ဩဂုတ်(၁၇) ဒီနေ့ ဩဂုတ်လ(၁၇) ရက်နေ့ ညပိုင်းက ပြည်ကြီးတံခွန်သပိတ်အင်အားစုကဦးဆောင်ပြီး အဖမ်းအဆီးနဲ့ အခက်အခဲမျိုးစုံရှိနေတဲ့ကြားက အကြမ်းဖက်စစ်အာဏာရှင်ကျရှုံးရေးအတွက် ချီတက်သပိတ်မှောက်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ

ကျိုက်ထိုမှာ သံဃာတော်တွေကို ဆိုင်ကယ်စီးခွင့် စစ်ကောင်စီပိတ်ပင်

ကျိုက်ထို – ဩဂုတ်(၁၇) မွန်ပြည်နယ်ကျိုက်ထိုမြို့မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေမကြာခဏ သတ်ဖြတ်ခံနေရတာ ကြောင့် သံဃာတော်တွေကို ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်လိုက်ပါတယ်။ ကျိုက်ထိုမြို့နယ်အတွင်း မော်တော်ဆိုင်ကယ်အသုံးပြုပြီး နိုင်ငံဝန်ထမ်းတွေနဲ့ အုပ်ချုပ်ရေးမှူး တွေကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်သတ်ဖြတ်တဲ့ ဖြစ်စဉ်တွေ နဲ့ ဌာနဆိုင်ရာအဆောက်အဦးတွေကို လက်လုပ်မိုင်းတွေနဲ့ ပစ်ခတ်တာတွေလုပ်ဆောင်နေလို့ ဆိုင်ကယ်စီးနင်းမှု ထိန်းချုပ်ရေးအတွက် ဒေသန္တရအမိန့်ထုတ်ပြန်ဆောင်ရွက်ထားတယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။ သံဃာတော်တွေအနေနဲ့ မြို့နယ်အတွင်း မော်တော်ဆိုင်ကယ်စီးနင်းသွားလာခွင့်ကို…

တရုတ်နိုင်ငံက ထိုင်ဝမ်အရာရှိ(၇) ဦးကို လွတ်မြောက်ရေးအတွက် အထောက်အကူပြုတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ပိတ်ဆို့အရေးယူ

ပေကျင်း – ဩဂုတ်(၁၇) ထိုင်ဝမ်လွတ်မြောက်ရေးအတွက် အထောက်အကူပြုနေတဲ့ အရာရှိ(၇) ဦးကို တရုတ်နိုင်ငံက ပိတ်ဆို့အရေးယူလိုက်တယ်လို့ တရုတ်နိုင်ငံပိုင် မီဒီယာတစ်ခုက ဩဂုတ်လ(၁၆) ရက်နေ့မှာ ဖော်ပြထားပါတယ်။ ဒီပိတ်ဆို့အရေးယူမှုတွေဟာ အမေရိကန်အောက်လွှတ်တော် ဥက္ကဌ နန်စီပီလိုစီရဲ့ ခရီးစဉ်နောက် ဆက်တွဲ အဖြစ်ပေါ်ထွက်လာခဲ့တာပါ။ ဒီမိုကရေစီနည်းကျ အုပ်ချုပ်တဲ့ ထိုင်ဝမ်နိုင်ငံဟာ တရုတ်ရဲ့ အချုပ်အခြာအာဏာပိုင်ဆိုတဲ့ ကြွေးကြော်ချက်တွေကို ငြင်းဆန်ထားပါတယ်။ တရုတ်နိုင်ငံပိုင် မီဒီယာ…

အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာ့ခေါင်းဆောင်မှု အထွတ်အထိပ်ကို ရောက်ရှိနေပြီလို့ သမ္မတ ပြောဆို

ဂျာကာတာ – ဩဂုတ်(၁၇) အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက ကမ္ဘာ့ဇာတ်ခုံပေါ်မှာ သူ့နိုင်ငံရဲ့ ကြီးထွားလာနေတဲ့ အဆင့် အတန်းကို ချီးကျုးပြောဆိုထားပြီး ရုရှားနဲ့ ယူကရိန်းတို့ရဲ့ ငြိမ်းချမ်းရေးအတွက် တံတား တစ်စင်း အဖြစ်ရှိနေဖို့ ထပ်မံ တောင်းဆိုလိုက်ပါတယ်။ ဒီနှစ်ရဲ့ G-20 ခေါင်းဆောင်အဖြစ်လူသိများတဲ့ အင်ဒိုသမ္မတ ဂျိုကိုဝီဟာ နိုင်ငံခြားရေးအခန်း ကဏ္ဍမှာ ပိုမိုတက်ကြွစွာ ပါဝင်ခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်မှုရဲ့…

ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးကဏ္ဍကို ပိုမိုထောက်ပံ့ပေးဖို့ တောင်ကိုရီးယားကို Microsoft ဘေလ်ဂိတ်တောင်းဆို

ဆိုလ်း ၊ သြဂုတ် (၁၇) မိုက်ခရိုဆော့ဖ်ကော်ပိုရေးရှင်း ပူးတွဲတည်ထောင်သူနဲ့ ပရဟိတသမားတစ်ဦးလည်း ဖြစ်တဲ့ ဘီလ်ဂိတ်ပ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးကဏ္ဍအတွက် ပိုမိုကြီးမားသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန်နဲ့ ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွက် ၎င်းရဲ့ ဖောင်ဒေးရှင်းနှင့် ပူးပေါင်းလုပ်ဆောင်ဖို့ တောင်ကိုရီးယားကို အင်္ဂါနေ့မှာ တောင်းဆိုခဲ့ပါတယ်။ “ဒါဟာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအတွက် အကျပ်အတည်းကာလပါပဲ။ အခုအချိန်ဟာ ကိုရီးယားနဲ့ မိတ်ဖက်ဆက်ဆံရေး ခိုင်မာစေဖို့ ကျွန်တော်တို့ရဲ့…

၄၀ မမ နဲ့ ၆၀ မမ လက်နက်ကြီးတွေ ထုတ်လုပ်နိုင်ပြီးလို့ ထားဝယ်အရှေ့တောကာကွယ်ရေးအဖွဲ့ ထုတ်ပြန်

ထားဝယ် ၊ သြဂုတ် (၁၇) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အရှေ့တောဘက်ဒေသရှိ ပြည်သူ့ကာကွယ်ရေး အဖွဲ့တစ်ခုဖြစ်တဲ့ Eastern Defense Force EDF ကနေ တာဝေးပစ် ၄၀ မမ နဲ့ ၆၀ မမ လက်နက်ကြီးတွေ ထုတ်လုပ်နိုင်ပြီးလို့ သြဂုတ် ၁၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ၄၀ မမ နဲ့ ၆၀…