The Atomic Bomb Dome is seen from the venue holding a ceremony to mark the 77th anniversary of the world's first atomic bombing, at Peace Memorial Park in Hiroshima, western Japan, August 6, 2022, in this photo taken by Kyodo. Mandatory credit Kyodo via REUTERS

ဟီရိုရှီးမား-ဩဂုတ်(၇) 

ကမ္ဘာ့ပထမဆုံးအဏူမြူဗုံးကြဲချမှု(၇၇) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဟီရိုရှီးမားမြို့မှာ ဩဂုတ်လ(၆) ရက်နေ့မှာ ဆုတောင်းတဲ့ ခေါင်းလောင်းသံတွေထွက်ပေါ်လာပြီးနောက် ရုရှားနိုင်ငံ အနေနဲ့ ယူကရိန်းကို ကျူးကျော်ပြီးနောက် အသစ်အဆန်းသောလက်နက်ပြိုင်ဆိုင်မှုကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အပါအဝင် တာဝန်ရှိသူတွေက သတိပေးလိုက်ပါတယ်။ 

ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်ဝင်ရောက်ပြီး မကြာခင်မှာပဲ ရုရှားသမ္မတ ဗလာဒီမာပူတင် ကနျူကလီးယား တိုက်ခိုက်မှု ဖြစ်နိုင်ချေကို ထုတ်ဖော်ပြောဆိုခဲ့ပြီး ပဋိပက္ခကြောင့် ယူကရိန်းရဲ့ နျူကလီးယား စက်ရုံတွေရဲ့ ဘေးကင်းရေးကိုလည်း စိုးရိမ်မှုတွေတိုးမြင့်လာခဲ့တာပါ။ 

၁၉၄၅ ခုနှစ် မကုန်ခင်က လူပေါင်း (၁၄၀၀၀၀) သေဆုံးခဲ့တဲ့ ဗုံးကြဲမှုနှစ်ပတ်လည်း အထိမ်း အမှတ်အဖြစ် မြို့နယ်က ငြိမ်းချမ်းရေးပန်းခြံမှာ ထောင်နဲ့ချီတဲ့ လူတွေနဲ့အတူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်လည်း ပါဝင်ဆုတောင်းခဲ့ပါတယ်။ 

“နျူကလီးယားလက်နက်တွေက အဓိပ္ပါယ်မရှိပါဘူး၊ သူတို့ဟာ လုံခြုံမှုအတွက် အာမခံချက် ပေးတာမဟုတ်ဘဲ သေဆုံးခြင်းနှင့် ပျက်စီးခြင်းသာဖြစ်စေတယ်၊ ရာစုနှစ်ရဲ့ လေးပုံသုံးပုံ လောက်ကြာတော့ ၁၉၄၅ ခုနှစ်တုန်းက ဒီမြို့ရဲ့အထက်မှာ ပြန့်ကျဲနေတဲ့ မှိုတိမ်တိုက်ကနေ ဘာသင်ယူခဲ့ရလဲလို့ မေးရမှာပေါ့” လို့ ဂူတာရက်စ်က ပြောခဲ့ပါတယ်။ 

ဟီရိုရှီးမားမြို့တော်ဝန်က ဒီနှစ်အခမ်းအနားကို ရုရှားသံအမတ်ကို ဖိတ်ကြားတာမရှိပဲ ယူကရိန်းမှာ ရုရားရဲ့ စစ်ရေးဆောင်ရွက်မှုတွေကို ထောက်ပြဝေဖန်ထားပါတယ်။ 

“ယူကရိန်းကျူးကျော်မှုမှာ သူ့ပြည်သူတွေရဲ့ အသက်နဲ့ ပစ္စည်းဥစ္စာတွေကို ကာကွယ်ဖို့ ရွေးချယ် ခံရတဲ့ ရုရှားခေါင်းဆောင်က သူတို့ကို စစ်လက်နက်တွေအဖြစ် အသုံးပြုပြီး တခြားတိုင်းပြည်က အရပ်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ခိုးယူနေပါတယ်” လို့ မြို့တော်ဝန်က ပြောပါ တယ်။ 

ဒါ့အပြင်ကမ္ဘာတစ်ဝှမ်းမှာ ငြိမ်းချမ်းရေးဟာ နျူကလီးယား တားဆီးမှုအပေါ်မူတည်တယ်ဆိုတဲ့ အယူအဆဟာ အရှိန်အဟုန်နဲ့ တိုးလာနေတယ်လို့ သူက ပြောပါသေးတယ်။ 

၁၉၄၅ ခုနှစ်ဩဂုတ်လ(၆) ရက်နေ့ မနက်(၈) နာရီ(၁၅) မိနစ်မှာ (US B-29) စစ်လေယာဉ် အီနို လာဂေးလ် ဟာ Little Boy လို့ နာမည်ပြောင်ပေးထားတဲ့ဗုံးကို ကြဲချခဲ့ပြီး လူဦးရေ (၃၅၀၀၀၀) ရှိတဲ့ မြို့ကို ချေမှုန်းခဲ့တာဖြစ်ကာ နောက်ပိုင်းမှာ ဒဏ်ရာတွေနဲ့ ဓာတ်ရောင် ခြည်သက်ရောက်မှု ကြောင်းနောက်ဆက်တွဲရောဂါနဲ့ လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရတာဖြစ်ပါတယ်။ 

“ဒီနှစ်အစမှာ နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံငါးနိုင်ငံက နျူကလီးယားစစ်ပွဲက အောင်နိုင်မှာမဟုတ်သလို ဘယ်တော့မှ စစ်မတိုက်ရဘူး ဟု ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့တယ်” လို့ မြို့တော်ဝန် ထပ်လောင်းပြောဆိုခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းက ဂျပန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက ပန်းခြံက အထိမ်းအမှတ်ကျောက် တိုင်မှာ ပန်းတွေဆက်သခဲ့ပြီး သူတို့နိုင်ငံဟာ နျူကလီးယားလက်နက်ကို ဘယ်သောအခါမှ အသုံးပြုမှာ မဟုတ်ဘူးလို့ သတင်းထောက်တွေ့ကို ပြောခဲ့ပါတယ်။ 

လာမယ့်နှစ်မှာ ကျင်းပမယ့် G-7 ထိပ်သီးအစည်းအဝေးအတွက် ဟီရိုရှီးမားကို ရွေးချယ် ထားတဲ့ ကီရှီဒါဟာ ကမ္ဘာကို နျူကလီးယားလက်နက်တွေစွန့်လွှတ်ဖို့ တောင်းဆို ထားပါတယ်။ 

ဒီလအစပိုင်းမှာ နျူကလီးယားလက်နက်မပြန့်ပွားရေးဆိုင်ရာ သဘောတူစာချုပ်(NPT) မှာ ပါဝင်တဲ့ မဟာမိတ်အဖွဲ့တွေရဲ့ ပြန်လည်သုံးသပ်ခြင်းညီလာခံမှာ ပထမဆုံးပါဝင်လာတဲ့ ဂျပန်ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ 

“လက်ရှိချိန်မှာ ပိုမိုပြင်းထန်လာနေတဲ့ လုံခြုံရေးရပ်ဝန်းမှာ နျူကလီးယားလက်နက်ဖျက်သိမ်း ရေးစံနှုန်းကို ကျနော်တို့ ဆက်လက် လုပ်ဆောင်သွားမှာပါ” ဟု သူကပြောပါတယ်။ 

ဟီရိုရှီးမားနှစတ်ပတ်လည်အခမ်းအနားမှာ ကီရှီဒါက တရုတ်နိုင်ငံရဲ့ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှု ကိုပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပါတယ်။ 

“ဂျပန်နိုင်ငံ၏ လုံခြုံရေးနှင့် ဂျပန်ပြည်သူများ၏ ဘေးကင်းရေးအတွက် လေးနက်တဲ့ကိစ္စရပ်”  ဖြစ်တယ်လို့ ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထား ပ်တယ်။ 

နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဆိုးရွားစွာ ထိခိုက်စေတဲ့ တရုတ်ရဲ့ လုပ်ဆောင်ချက်ကြောင့် ဂူတာရက်စ်နဲ့ နီးကပ်စွာ လက်တွဲဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကီရှီဒါက ပြောခဲ့ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.