နေပြည်တော် – ဩဂုတ်(၄) 

အကြပ်အတည်းထဲမှာ ကျရောက်နေတဲ့ နိုင်ငံကို တည်ငြိမ်အောင်လုပ်ဆောင်ဖို့ အာဏာသိမ်းစစ် အုပ်စုရဲ့ ကြိုးပမ်းမှုတွေကို ရုရှားနိုင်ငံက ထောက်ခံတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဩဂုတ်လ(၃) ရက်နေ့က မြန်မာထိပ်တန်းဗိုလ်ချုပ်တွေနဲ့ တွေ့ဆုံချိန်ပြောဆိုခဲ့တယ်လို့ ရုရှားနိုင်ငံ ပိုင်မီဒီယာက ဖော်ပြထားပါတယ်။ 

ပြီးခဲ့တဲ့ နှစ်က စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ မငြိမ်မသက်ဖြစ်နေပြီး သဘောထားကွဲလွဲသူတွေကိုနှိမ်နင်းရာမှာ လူပေါင်း (၂၁၀၀) ကျော်သေဆုံးခဲ့တယ်လို့ ဒေသတွင်းလေ့လာစောင့်ကြည့်ရေးအဖွဲ့တခုက ပြောဆိုထားပါတယ်။ 

“တိုင်းပြည်တည်ငြိမ်ရေးအတွက် စစ်အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့အတူ တစည်းတလုံး တည်း ပူးပေါင်းဆောင်ရွက်နေပါတယ်” လို့  နေပြည်တော်မှာ တွေ့ဆုံချိန် ဆာဂေးလာဗရော့က ပြောဆိုခဲ့တယ်လို့ ရုရှားနိုင်ငံပိုင်သတင်းဌာန TASS က ဖော်ပြထားပါတယ်။ 

ရုရှားနိုင်ငံဟာ အာဏာသိမ်းစစ်တပ်ရဲ့ အဓိက မဟာမိတ်ဖြစ်ပြီး လက်နက်ထောက်ပံ့သူဖြစ်ကာ ပြီးခဲ့တဲ့ နှစ်အာဏာသိမ်းချိန်ကစပြီး အရပ်သားတွေကို တိုက်ခိုက်ချိန်မှာ အသုံးပြုတဲ့ လက်နက် တွေဟာ စစ်တပ်ကို တပ်ဆင်ပေးထားတာဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲထားပါ တယ်။ 

“နောက်နှစ်မှာ သင်တို့ ရွေးကောက်ပွဲတွေ ကျင်းပတော့မှာ ဖြစ်ပြီး သင်တို့ရဲ့ တိုင်းပြည်ကို ဒီထက်မက ပိုအားကောင်းအောင်လုပ်ရာမှာ အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်” လို့ အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေပြောဆိုနေတဲ့ လွတ်လပ်ပြီး တရားမျှတမှုရှိမှာမဟုတ်တဲ့ ၂၀၂၃ ခုနှစ်ရွေးကောက်ပွဲကို ရည်ညွှန်းပြီး လာဗရော့က ထပ်မံပြောဆိုခဲ့ပါတယ်။ 

အတိုက်အခံတွေနဲ့ ဆွေးနွေးဖို့ ငြင်းဆိုထားတဲ့အတွက် စစ်အုပ်စုရဲ့ ထိပ်တန်းသံတမန်တွေကို တက်ရောက်ခွင့်မပြုတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို သွားရောက်ဖို့ စီစဉ်ထားပါသေးတယ်။ 

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအဖြစ် လွှတ်တော်အမတ်ဟောင်းနဲ့ ဒီနိုကရေစီရေး တက်ကြွလှုပ်ရှားသူအပါအဝင် အကျဉ်းသားလေးဦးကို ကွပ်မျက်လိုက်တဲ့အပေါ် ပြီးခဲ့တဲ့ သီတင်းပတ်က စစ်အုပ်စုကို နိုင်ငံတကာရဲ့ အမျက်ဒေါသကို မီးမွှေးလိုက်တဲ့ လုပ်ရပ် ထပ်မံ ပေါ်ပေါက်လာပြီးနောက် မြန်မာနိုင်ငံကို ရုရှားနိုင်ငံခြားရေးဝန်ကြီးခရီးစဉ်ထွက်ပေါ်လာတာပါ။ 

ပြီးခဲ့တဲ့ နှစ်က သဘောတူခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ငါးရပ်ဟာ တိုးတက်မှု မရှိခဲ့တဲ့အတွက် အာဆီယံအနေနဲ့လည်း စိတ်ပျက်နေတယ်လို့ သိရပါတယ်။ 

အာဆီယံအလှည့်ကျ ဥက္ကဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် က မြန်မာနိုင်ငံကို နောက်ထပ် ကြိးမိန့်ပေးတာတွေမလုပ်ဖို့ သတိပေးခဲ့ပါသေးတယ်။ 

“စိတ်ပျက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတယ်” လို့ အာဆီယံအလှည့်ကျဥက္ကဌ ဟွန်ဆန်က ပြောဆိုခဲ့ကာ ပြစ်ဒဏ်ချမှတ်ခဲ့တာဟာ ငြိမ်းချမ်းရေးအစီအစဉ်ငါးရပ်ကို ပြန်လည် စဉ်းစား သုံးသပ်ဖို့ ဖြစ်စေတယ်လို့ သူက ပြောဆိုခဲ့ပါတယ်။ 

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အစုအဖွဲ့တွေကို အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့အတွက်ကြောင့် အနောက် နိုင်ငံအစိုးရတွေက ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့တဲ့အတွက် စစ်အုပ်စုဟာ တရုတ်နဲ့ ရုရှားတို့ကို မဟာမိတ်ဆက်ဆံရေးတွေ ပိုတိုးမြှင့်လာခဲ့တာဖြစ်ပါတယ်။ 

စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောာင်လှိုင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက မော်စကို မြို့ကို ပုဂ္ဂိုလ်ရေးအရ လာရောက်ခဲ့ပတ်ခဲ့ပြီး မော်စကိုရဲ့ အာကာသနဲ့ နျူကလီးယား အေဂျင်စီတွေက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.