ယင်းမာပင် – ဩဂုတ်(၄) ဒီနေ့ ဩဂုတ်လ(၄) ရက်နေ့ ညနေပိုင်းက ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်ကော်မတီ ကဦးဆောင်ပြီး ရာသီသာပြောင်းစိတ်ဓာတ်မပြောင်းတဲ့ ၅/ ဆိုတဲ့ စာသားကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ရာသီဥတုတွေဘယ်လောက်ပြောင်းပါစေ သွေးမအေးဘဲ နောက်မဆုတ်ဘဲ ဆက်လက်တော် လှန်နေဆဲ ဖြစ်တဲ့ ၅/ တွေဟာ တစ်နေ့ထက်တစ်နေ့ လူထုသပိတ်တိုက်ပွဲတွေတင်မကပဲ လက်နက် ကိုင်လမ်းစဉ်တွေနဲ့ စစ်အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းနေကြပါတယ်လို့ ဆိုကြပါတယ်။

ဓာတ်ပုံ – အောင်ခန့်ဇော်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.