August 4, 2022

“လူထုတိုက်ပွဲကို အရှိန်မြှင့်တင်ကြ”

ယင်းမာပင် – ဩဂုတ်(၄) ဒီနေ့ ဩဂုတ်လ(၄) ရက်နေ့ ညနေပိုင်းက ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်ကော်မတီ ကဦးဆောင်ပြီး ရာသီသာပြောင်းစိတ်ဓာတ်မပြောင်းတဲ့ ၅/ ဆိုတဲ့ စာသားကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ရာသီဥတုတွေဘယ်လောက်ပြောင်းပါစေ သွေးမအေးဘဲ နောက်မဆုတ်ဘဲ ဆက်လက်တော် လှန်နေဆဲ ဖြစ်တဲ့ ၅/ တွေဟာ တစ်နေ့ထက်တစ်နေ့ လူထုသပိတ်တိုက်ပွဲတွေတင်မကပဲ လက်နက် ကိုင်လမ်းစဉ်တွေနဲ့ စစ်အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းနေကြပါတယ်လို့…

အောင်ဆန်းကွင်းက ကားဂိတ်ခွဲတွေနဲ့ လူမဲ့ ပါဆယ်ပို့ခွင့်ပါ စစ်ကောင်စီပိတ်ပင်

ရန်ကုန် – ဩဂုတ်(၄) ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန်မြို့နယ် အောင်ဆန်းအားကစားကွင်းမှာ ဖွင့်လှစ်ထားတဲ့ အဝေးပြေး ယာဉ်လိုင်းဂိတ်ခွဲတွေကို ပိတ်ပင်လိုက်ပြီး လူမဲ့တန်ဆာပို့ဆောင်ခွင့်ကို စစ်ကောင်စီက ဒီနေ့ ဩဂုတ်လ(၄) ရက်နေ့မှာ စတင်ပိတ်ပင်လိုက်ပါတယ်။ အဲ့ဒီဂိတ်ခွဲတွေမှာ ကားလက်မှတ်ရောင်းချတာကို ဆက်လက်ခွင့်ပြုထားမှာဖြစ်ပေမယ့် ပါဆယ်ပို့ ချိန်တွေမှာ အောင်မင်္ဂလာအဝေးပြေးကားကွင်းကို သွားရောက်ပို့ဆောင်ရမှာပါ။ ‘’ စစ်အုပ်စုက တော်လှန်ရေးအတွက် စောက်ကျင့်ယုတ်တာပါပဲ ။ရောင်းဝယ် စားသောက်နေကြရတဲ့ အခြေခံလူထုအတွက်…

စစ်ကောင်စီကြောင့် ပြည်သူလူထု ဘဝလုံခြုံရေးနဲ့ စားဝတ်နေရေးအခက်အခဲ ကြီးထွားလာနေ တယ်လို့ NUG ဆို

မော်လမြိုင် – ဩဂုတ်(၄) အာဏာသိမ်းစစ်ကောင်စီရဲ့လုပ်ရပ်ကြောင့် ပြည်သူလူထုရဲ့ နေ့စဉ်စားဝတ်နေရေး ပြဿနာ အခက်အခဲနဲ့ ကြုံတွေ့နေရကာ မြို့ပေါ်တွေမှာလည်း ရာဇဝတ်မှုတွေ နေ့စဉ်လိုလို ဖြစ်ပွား နေတယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (၆၂) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ က အခုလိုပြောဆိုခဲ့တာပါ။ “စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ အထွေထွေ ယိုယွင်းမှုတွေဆက်တိုက်…

အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံတည်ငြိမ်ရေးကြိုးပမ်းအားထုတ်မှုတွေကို ရုရှားနိုင်ငံက ထောက်ခံတယ်လို့ ဆို

နေပြည်တော် – ဩဂုတ်(၄) အကြပ်အတည်းထဲမှာ ကျရောက်နေတဲ့ နိုင်ငံကို တည်ငြိမ်အောင်လုပ်ဆောင်ဖို့ အာဏာသိမ်းစစ် အုပ်စုရဲ့ ကြိုးပမ်းမှုတွေကို ရုရှားနိုင်ငံက ထောက်ခံတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဩဂုတ်လ(၃) ရက်နေ့က မြန်မာထိပ်တန်းဗိုလ်ချုပ်တွေနဲ့ တွေ့ဆုံချိန်ပြောဆိုခဲ့တယ်လို့ ရုရှားနိုင်ငံ ပိုင်မီဒီယာက ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ နှစ်က စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ မငြိမ်မသက်ဖြစ်နေပြီး သဘောထားကွဲလွဲသူတွေကိုနှိမ်နင်းရာမှာ လူပေါင်း (၂၁၀၀) ကျော်သေဆုံးခဲ့တယ်လို့ ဒေသတွင်းလေ့လာစောင့်ကြည့်ရေးအဖွဲ့တခုက…

နန်စီပီလိုစီ ထိုင်ဝမ်က ပြန်လည်ထွက်ခွာပြီးနောက်က် တရုတ်စစ်ရေး လေ့ကျင်ပြင်ဆင်မှုများ ထိုင်ဝမ်ကျွန်းနားသို့ တိုးဖို့ ပြင်ဆင်လာ

ထိုင်ဝမ် ၊ သြဂုတ် (၄) အမေရိကန်လွှတ်တော်ပြော‌ရေးဆိုခွင့်ရှိသူ နန်စီ ပီလိုစီ ထိုင်ဝမ်ကျွန်းမှ ပြန်လည် ထွက်ခွာသွားချိန်မှာတော့ တရုတ်အနေဖြင့် တုံ့ပြန်ဆောင်ရွက်ဖို့ စစ်ရေးပြင်ဆင်မှုများအားလုံးကို ကျွန်းနိုင်ငံရဲ့ ကမ်းခြေနားကို တိုးလာနေပြီဖြစ်ပါတယ်။ သံတမန်ခင်းခရီးစဥ်အတွင်း ပါလီမန်အဖွဲ့ဝင်များနှင့် ထိုင်ဝမ်သမ္မတတို့နှင့် တွေ့ဆုံပြီး နောက်တစ်နေ့ ဖြစ်သည့် ယနေ့ (ဩဂုတ်လ ၃) ရက်နေ့ ညနေခင်းမှာ နန်စီပီလိုစီက ကျွန်းနိုင်ငံမှ ပြန်လည်…

စစ်ကောင်စီက ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို တရားစီရင်နိုင်ဖို့ ဆောင်ရွက်ရမယ်လို့ NUG ဆို

မော်လမြိုင် – ဩဂုတ်(၄) ပြည်သူ့လုံခြုံရေးအဖွဲ့တွေက ပြည်သူ့ရဲတပ်ဖွဲ့လုပ်ငန်းတွေမြေပြင်မှာ ထိထိရောက်ရောက်ဆောင် ရွက်နိုင်အောင် စစ်ကောင်စီက ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို မှတ်တမ်းပြုစုပြီး တရားစီရင် နိုင်ဖို့ ဆောင်ရွက် ကြရမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရပြည်ထဲရေးဝန်ကြီး ဦးလွင်ကို လတ်က ပြောဆိုခဲ့ပါတယ်။ စစ်ကိုင်တိုင်းနဲ့ မကွေးတိုင်းက ပြည်သူ့လုံခြုံရေးအဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့ တွေ့ဆုံပွဲမှာ ဝန်ကြီးက အခုလိုပြောဆိုခဲ့တာပါ။ “နယ်မြေတွေကို စိုးမိုးထိန်းချုပ်နိုင်ရေးက…