မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းအမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” ပြည်သူတွေကို စစ်ကောင်စီက လက်နက်ထုတ်ပေး “ဆိုတဲ့ အကြောင်းအရာကို စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။ဒီအကြောင်းအရာကို သြဂုတ်၁ရက်နဲ့သြဂုတ်၂ရက်မှာ စစ်တပ်ထောက်ခံသူ အမြောက်အများက လူမှုကွန်ယက်ပေါ်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။စစ်တပ်ထောက်ခံသူတွေရဲ့ ဖြန့်ဝေမှုမှာတော့“ ပြည်သူ့စစ်တွေကို လက်နက်ထုတ်ပေးနေပြီ၊ မိမိရပ်ရွာ မိမိ ဒေသကိုကာကွယ်ဖို့ ပြည်သူ့စစ် ဖွဲ့ကြပါ။ပြည်သူ့စစ်တွေ ထုတ်ပေးသလို ကျွန်တော်တို့ကိုလည်း ထုတ်ပေးသင့်ပြီး” ဆိုကာ ဓါတ်ပုံအချို့နှင့်အတူ ရေးသားဖြန့်ဝေနေကြတာ ဖြစ်ပါတယ်။ဖြန့်ဝေခဲ့တဲ့ စစ်တပ်ထောက်ခံသူတွေရဲ့ အကောင့်တွေကို အောက်ပါလင့်တွေမှာ ကြည့်ရှုနိုင်ပါတယ်။https://t.me/kyawswarks969/10553အဆိုပါ အကြောင်းအရာကို သံလွင်တိုင်းမ်မှ စီစစ်ကြည့်ရာမှာတော့ ဖြစ်စဥ်အမှန်ကို ဖုံးကွယ်ပြီး စစ်တပ်ထောက်ခံသူတွေက ဝါဒဖြန့်နေတာဖြစ်ကြောင်း တွေ့ရှိရပါတယ်။ဖြစ်စဥ်အမှန်မှာ မန္တလေးမှာ ပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းတယ်ဆိုပြီး မြေပြင်မှာတော့ စစ်အုပ်စုထောက်ခံသူ ပျူစောထီးနှင့် အုပ်ချုပ်ရေးမှူးတွေကို စစ်တပ်က ယူနီဖောင်းနှင့် လက်နက် ထုတ်ပေးခဲ့တာ ဖြစ်ကြောင်း သံလွင်တိုင်းမ်က စီစစ်တွေ့ရှိရပါတယ်။မန္တလေး စိန်ပန်းရပ်မှာ ပြုလုပ်တဲ့ အဆိုပါ အခမ်းအနားဟာ စစ်ကောင်စီက ပျူစောထီးအဖွဲ့နှင့် တပ်ထောက်ခံသူတွေကို လက်နက်တပ်ဆင်ပေးခဲ့တာ ဖြစ်ပါတယ်။ဒီအခြေအနေကို စစ်တပ်ထောက်ခံသူတွေက ပြည်သူ့စစ် ဖွဲ့စည်းတယ်ဆိုပြီး ဝါဒဖြန့်ခဲ့ကြတာ ဖြစ်ပါတယ်။ဒါ့အပြင် စစ်ကောင်စီက ဖွဲ့စည်းလိုက်တဲ့ ပျုစောထီးနှင့်တပ်ထောက်ခံသူ အများဆုံးပါဝင်တဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ထဲ ပါဝင်နေတဲ့ အရပ်သားတွေကပင် ယင်းအဖွဲ့မှာ ၄င်းတို့ ပါဝင်နေတာကို လုံးဝမသိကြောင်း The Irrawaddy Burmese သတင်းဌာနက ဖော်ထုတ်ရေးသားထားတာကို တွေ့ရပါတယ်။The Irrawaddy Burmese သတင်းဌာနရဲ့ ဖော်ပြချက်အရ ဟင်္သာတမြို့မှာ ပြီးခဲ့သည့် ဇွန်လအတွင်း စစ်ကောင်စီက ဖွဲ့စည်းလိုက်တဲ့ “ပြည်သူ့လုံခြုံရေး ကြီးကြပ်မှုအဖွဲ့”မှာ လူသိများသည့် မြို့ခံ ဟိုတယ်နှင့် ရွှေလုပ်ငန်းရှင် ဦးဝင်းဇော်ဆိုသူပါဝင်နေပြီး ပြည်သူ့လုံခြုံရေး ကြီးကြပ်မှုအဖွဲ့မှာ စစ်ကောင်စီက ထည့်သွင်းထားသည်ကို ကာယကံရှင်ဦးဝင်းဇော်နှင့် မိသားစုကပင်လုံးဝမသိကြောင်းနှင့် ယင်းအဖွဲ့မှ နှုတ်ထွက်ကြောင်း ဇွန် ၂၇ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်ပြီး ပြည်တွင်းသတင်းဌာနတွေရဲ့ ဖော်ပြမှုကို အောက်ပါလင့်မှာ ကြည့်ရှုနိုင်ပါတယ်။https://www.facebook.com/101398252213669/posts/206950998325060/https://www.facebook.com/103352992192590/posts/173943691800186/https://www.facebook.com/121507374560090/posts/5894240150620088/ဒီအချက်တွေကြောင့် စစ်တပ်ထောက်ခံသူတွေဖြန့်ဝေနေတဲ့ “ ပြည်သူတွေကို စစ်ကောင်စီက လက်နက်တွေထုတ်ပေး ” တယ်ဆိုတဲ့ အကြောင်းအရာဟာ ပျူစောထီးတွေအား လက်နက်တပ်ဆင်ပေးမှု ဖြစ်စဥ်အမှန်ကို ဖုံးကွယ်ထားတဲ့ စစ်ကောင်စီ ထောက်ခံသူတွေရဲ့ ဝါဒဖြန့်မှုသာ ဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိတ်သတ်တွေအတွက် စီစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.