တိုင်ပေ – ဩဂုတ်(၃) 

အမေရိကန် အောက်လွှတ်တော်ဥက္ကဌ နန်စီပီလိုစီ ဟာ ဩဂုတ်လ(၂) ရက်နေ့ နှောင်းပိုင်းမှာ တိုင်ပေမြို့ကို ရောက်လာနိုင်တဲ့အတွက် တရုတ်စစ်လေယာဉ်တချို့ဟာ ထိုင်ဝမ်ရေလက်ကြား ကို ပိုင်းခြားထားတဲ့ ထိစပ်မျဉ်းအနီးထိ လာရောက်ပျံသန်းခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။ 

တရုတ်နိုင်ငံဟာ သူတို့ပိုင်ဆိုင်တယ်လို့ ပြောဆိုထားတဲ့ ထိုင်ဝမ်ကို ပီလိုစီ သွားရောက်မှာကို အကြိမ်ကြိမ် သတိပေးခဲ့ပြီး ခရီးစဉ် နဲ့ ပတ်သက်လို့ တရုတ်ရဲ့ စစ်ရေးအရ ခြိမ်းခြောက်မှု တွေကိုခံရမှာမဟုတ်ဘူးလို့ အမေရိကန်က ပြောဆိုထားပါတယ်။ 

ဩဂုတ်လ(၂) ရက်နေ့မှာတော့ ထိရှလွယ်အနေအထားမှာရှိနေတဲ့ ရေလမ်းကြောင်း အလယ်ဗဟို မျဉ်းအနီးကို တရုတ်စစ်လေယာဉ်တွေ ပျံသန်းလာတဲ့အပြင် တရုတ်စစ်သင်္ဘော တွေလည်း တရားဝင်မဟုတ်တဲ့ မျဉ်းအနီးမှာ ရှိနေခဲ့တယ်လို့ သတင်းရင်းမြစ်က ရိုက်တာကို ပြောခဲ့ပါတယ်။ 

တရုတ်စစ်သင်္ဘောအုပ်နဲ့ စစ်လေယာဉ်တွေဟာ တားမြစ်ထားတဲ့နေရာကို ဝင်ရောက်ဖို့ ကြိုးပမ်း ခဲ့ပြီး ရန်စတဲ့ ပုံစံနဲ့ ပုံမှန်အဟုတ်တဲ့ လှုပ်ရှားမှုတစ်ခုဖြစ်တယ်လို့ သတင်းအရင်းအမြစ်က ပြော ပါသေးတယ်။ 

နှစ်ဘက်လေယာဉ်တွေဟာ ပုံမှန်ချိန်တွေမှာ မျဉ်းကိုဖြတ်ကျော်လေ့မရှိပေမယ့် ထိုင်ဝမ်ကာကွယ် ရေးဝန်ကြီးဌာနက တိုက်ခိုက်ရေး သတိပေးချက်ကို ဩဂုတ်လ(၄) ရက်နေ့ အထိ အားဖြည့်ထား ခဲ့တယ်လို့ ကျွန်းရဲ့ တရားဝင်သတင်းရင်းမြစ်အရ သိရပါတယ်။ 

ထိုင်ဝမ်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ နိုးကြားမှုအဆင့်ကို ငြိမ်းချမ်းတဲ့ အချိန်နဲ့ စစ်ပွဲအချိန်ဆိုပြီး အကြမ်းဖျင်းခွဲခြားထားကာ လက်ရှိအချိန်မှာ အဆင့်သတ်မှတ်ချက်ဟာ ငြိမ်းချမ်းတဲ့ အချိန်မှာ ပဲရှိနေသေးပြီး ခြိမ်းခြောက်မှုအဆင့်အလိုက် သင့်လျော်သလို ပြောင်းလဲမှုရှိမှာဖြစ်တယ်လို့ CNA က ပြောဆိုခဲ့ပါတယ်။ 

ထိုင်ဝမ်သမ္မတဆိုင်ဝမ်နဲ့ ပီလိုစီတို့ စီစဉ်ထားတဲ့ အစည်းအဝေးတွေကို ဩဂုတ်လ(၃) ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားပြီး သူမရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ထိုင်ဝမ်ကို ရောက်ရှိမှာ ဖြစ်တယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောဆိုထားပါတယ်။ 

ပီလိုစီရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အင်္ဂါနေ့ ည(၁၀) နာရီ မိနစ်(၂၀) မှာ ရောက်ရှိမှာဖြစ်တယ်လို့ ထိုင်ဝမ်သတင်းစာ Liberty Time က သတင်းရင်းမြစ်ကို မဖော်ပြပဲ ထုတ်ပြန်ထားပါတယ်။ 

ပီလိုစီဟာ စင်္ကာပူနိုင်ငံမှာ သူမရဲ့ အာရှခရီးစဉ်ကို စတင်ခဲ့ပြီး ဩဂုတ်လ(၂) ရက်နေ့မှာ မလေးရှားကို သွားရောက်ခဲ့သလို တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေကို လဲ သွားရောက်မှာဖြစ် တယ်လို့ သူ့ရဲ့ရုံးက သတင်းထုတ်ပြန်ထားပြီး ထိုင်ဝမ်ကို သွားရောက်မယ့် အကြောင်းကိုတော့ ဖော်ပြထားတာမရှိပါဘူး။ 

ခရီးစဉ်နဲ့ ပတ်သက်ပြီး တရုတ်ရဲ့ တုံ့ပြန်မှုတွေအဖြစ် ထိုင်ဝမ်အနီး မှာ ဒုံးကျည်တွေ ပစ်ခတ်တာ ၊အကြီးစားလေကြောင်း နဲ့ ရေတပ်လှုပ်ရှားမှုတွေအပြင် ထိုင်ဝမ်ရေလက်ကြား ဟာ နိုင်ငံတကာ ရေပိုင်နက်မဟုတ်ဘူးလို့ တရုတ်ဥပဒေကြောင်းအရ အခိုင်အမာ ပြောဆိုမှုတွေရှိနိုင်တယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ခါဘီက သတင်းထောက်တွေ ကိုပြောခဲ့ပါတယ်။ 

“ကျွန်ုပ်တို့သည် ငါးစာ ယူမှာ မဟုတ်သလို စစ်ရေးအရခြိမ်းခြောက်မှုမှာလည်း ပါဝင်မည်မ ဟုတ်ပါ။ တစ်ချိန်တည်းမှာဘဲ ကျွန်ုပ်တို့ဟာ ခြိမ်းခြောက်ခြင်းခံရမည်မဟုတ်” လို့ ခါဘီက ပြောကြားခဲ့ပါတယ်။ 

ပီလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်နဲ့ ပတ်သက်ပြီး အမေရိကန်က မဟာမိတ်တချို့ကို အသိပေးထားတယ် လို့ သတင်းရင်းမြစ်တစ်ခုက ရိုက်တာကို ပြောဆိုထားပြီး သူမ ထိုင်ဝမ်မှာ နေထိုင်ချိန်အတွင်း တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေးမှတ်တမ်းနဲ့ ပတ်သက်တာတွေကို ထုတ်ဖော်ပြောဆိုတဲ့ တက်ကြွ လှုပ်ရှားသူအုပ်စုငယ်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ တခြားသတင်းရင်းမြစ်နှစ်ခုက ပြောဆို ထားပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.