August 3, 2022

စစ်ကောင်စီလုံခြုံရေးတင်းကြပ်ထားတဲ့ ပွင့်ဖြူမှာ လုယက်မှုတွေဖြစ်နေပြီး ပြည်သူတွေစိုးရိမ်နေ ရ

ပွင့်ဖြူ – ဩဂုတ်(၃) မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ လုယက်မှုတွေဆက်တိုက်ဖြစ်ပေါ်နေပြီး အသက်အန္တရာယ်ပါ စိုးရိမ်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်မ်းကို ပြောပါတယ်။ ပွင့်ဖြူမြို့မယ်မှာ စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားသလို ဒေသခံတွေကို အမြဲလိုလို စစ်ဆေးနေတာပါ။ ဇူလိုင်လ(၃၀) ရက်နေ့က ကျောင်းစုရွာနဲ့ ဇီးတောကျေးရွာကြားမှာ ဆိုင်ကယ်လုယက်ခံရပြီး ဩဂုတ်လ(၃) ရက်နေ့မှာလည်း မြို့ပေါ်မှာ ကြက်သားသည်လင်မယားရိုက်နှက်ပြီး ပစ္စည်း လုယက် ခံခဲ့ရတယ်လို့ သိရပါတယ်။…

ကျိုက်ထိုမှာ စစ်ကောင်စီ တပ်ကြပ်ကြီးတစ်ဦး ပစ်သတ်ခံရ

ကျိုက်ထို၊ သြဂုတ် ၃ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာ တံတားပေါ်မှာ သြဂုတ် ၂ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီ တပ်ကြပ်ကြီးတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (သိမ်ဇရပ်)က ထုတ်ပြန်ပါတယ်။ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ဘက်ကနေ ဝင်းကံကျေးရွာကို အရပ်ဝတ်နဲ့ဆိုင်ကယ်စီးလာတဲ့ စစ်ကောင်စီ တပ်ကြပ်ကြီး သန်းထွန်းမောင်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (သိမ်ဇရပ်)က အနီးကပ်ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။”ပစ်ခတ်ခံရတာက ဟုတ်တယ်၊ ပူးပေါင်းအဖွဲ့တွေက…

အမှောင်ကျနေတဲ့ ငါတို့တိုင်းပြည်ညီညွတ်အားနဲ့ ထွန်းလင်းကြစို့

ယင်းမာပင်- ဩဂုတ်(၃) ဒီနေ့ ဩဂုတ်လ(၃) ရက်နေ့ ညနေပိုင်းက ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်ကော်မတီက ဦးဆောင်ပြီး အမှောင်ကျနေတဲ့ ငါတို့တိုင်းပြည်ညီညွတ်အားနဲ့ ထွန်းလင်းကြစို့” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – အောင်ခန့်ဇော်

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ ထိုင်ဝမ်ကိုသွားရောက်ခဲ့တာနဲ့ ပတ်သက်ပြီး အာဏာသိမ်း စစ်အုပ်စု စိုးရိမ်ပူပန်တယ်လို့ဆို

နေပြည်တော် – ဩဂုတ်(၃) ထိုင်ဝမ်ရေလက်ကြားမှာ တင်းမာမှုတွေမြင့်တက်စေတဲ့ အမေရိကန်အောက်လွှတ်တော် ဥက္ကဌ နန်စီပလိုစီရဲ့ ထိုင်ဝမ်ကို သွားရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ များစွာ စိုးရိမ်ပူပန်မိတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါ တယ်။ မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်းမတည်ငြိမ်မှုတွေ ဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တဲ့ လုပ်ရပ်တွေ နဲ့ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ဖို့ရည်ရွယ်တဲ့ အားထုတ်…

ပလက်ဝမှာ ကျောင်းသားတွေလိုက်ပါလာတဲ့ စက်လှေကို စစ်ကောင်စီပစ်ခတ်ခဲ့လို့ ကျောင်းသား (၂) ဦးသေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီနဲ့ ရက္ခိုင့်တပ်တော် ရှုတ်ချ

ပလက်ဝ- ဩဂုတ်(၃) ချင်းပြည်နယ်၊ ပလက်ဝမြို့မှာ ကျောင်းသူ၊ကျောင်းသားတွေစီးနင်းလိုက်ပါလာတဲ့ စက်လှေ တစ်စီးကို နှမဒါ ကျေးရွာအခြေစိုက် စစ်တပ်က ပစ်ခတ်ခဲ့တဲ့ အတွက်ကျောင်းသား(၂) ဦးသေဆုံး ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြင်းထန်စွာရှုတ်ချတယ်လို့ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ ICNCC နဲ့ ရက္ခိုင့်တပ်တော် AA တို့က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ(၂) ရက်နေ့က ပလက်ဝမြို့နယ်…

ထိုင်းနိုင်ငံ ရာမ(2) လမ်းမကြီးတနေရာက ပြုပြင်ဆဲ “ဂ”ကွေ့တံတား ပြိုကျ

ဘန်ကောက် – ဩဂုတ်(၃) ထိုင်းနိုင်ငံရာမ(၂) လမ်းမကြီးတစ်နေရာက “ဂ” ကွေ့ တံတား တစ်စင်း ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ(၃၁) ရက်နေ့က ပြိုကျခဲ့တဲ့အတွက် ဘန်ကောက်မြို့ကို ဦးတည်သွားလာနေတဲ့ ယာဉ်အများအပြား ပျက်ဆီးခဲ့ပါတယ်။ အခင်းဖြစ်ပွားရောနေရာကို သက်ဆိုင်ရာ ရဲအရာရှိတွေ သွားရောက်ခဲ့ချိန်မှာ လူတစ်ဦး သေဆုံးခဲ့ ပြီး လူအများအပြား ဒဏ်ရာရရှိခဲ့တာပါ။ ဒါ့အပြင် အိမ်စီးမော်တော်ကား တစ်စင်းပေါ်ကို…

‘နျူကလီးယား ပပျောက်ခြင်းမှ ဝေးကွာခြင်း’ သည် လူသားမျိုးနွယ်အပေါ် မှားယွင်းသော တွက်ချက်မှုတစ်ခုဟု ကုလအကြီးအကဲ သတိပေး

နယူးယောက် ၊ သြဂုတ် (၃) ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က ကမ္ဘာကြီးဟာ စစ်အေးတိုက်ပွဲမြင့်တက်လာပြီးကတည်းက မတွေ့မမြင်ရတဲ့ နျူကလီးယား အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး နျူကလီးယား ပပျောက်ခြင်းဟာ လွဲမှားတဲ့ တွက်ချက်မှုတစ်ခုပဲဖြစ်တယ်လို့ တနင်္လာနေ့မှာ သတိပေး ပြောဆိုလိုက်ပါတယ်။ “ကျွန်တော်တို့ အခုအချိန်အထိ ထူးထူးခြားခြား ကံကောင်းနေပါတယ်၊ ဒါပေမယ့် ကံကောင်းခြင်းက ဗျူဟာမဟုတ်သလို ပထဝီဝင်နိုင်ငံရေး တင်းမာမှုတွေကနေ…

နန်စီပီလိုစီ မလာရောက်ခင် ထိုင်ဝမ်ရေလက်ကြား ထိစပ်မျဉ်းတွေမှာ တရုတ်စစ်လေယာဉ် ပျံသန်းမှုပြုလုပ်

တိုင်ပေ – ဩဂုတ်(၃) အမေရိကန် အောက်လွှတ်တော်ဥက္ကဌ နန်စီပီလိုစီ ဟာ ဩဂုတ်လ(၂) ရက်နေ့ နှောင်းပိုင်းမှာ တိုင်ပေမြို့ကို ရောက်လာနိုင်တဲ့အတွက် တရုတ်စစ်လေယာဉ်တချို့ဟာ ထိုင်ဝမ်ရေလက်ကြား ကို ပိုင်းခြားထားတဲ့ ထိစပ်မျဉ်းအနီးထိ လာရောက်ပျံသန်းခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။ တရုတ်နိုင်ငံဟာ သူတို့ပိုင်ဆိုင်တယ်လို့ ပြောဆိုထားတဲ့ ထိုင်ဝမ်ကို ပီလိုစီ သွားရောက်မှာကို အကြိမ်ကြိမ် သတိပေးခဲ့ပြီး ခရီးစဉ်…

တောင်ကုတ်မြို့မှာ မွေးတဲ့ ဆင်ကို ဆင်ဖြူတော်ကြန်အင်လက္ခဏာနဲ့ ပြည့်စုံတယ်လို့ စစ်ကောင်စီ သတ်မှတ်

တောင်ကုတ်- ဩဂုတ်(၃) ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ မြန်မာ့သစ်လုပ်ငန်း ဆင်ဝိုင်းမှာ ဇူလိုင်လ(၂၃) ရက်နေ့ မနက်ပိုင်းက မွေးဖွားခဲ့တဲ့ ဆင်ဟာ ဆင်ဖြူတော် ကြန်အင်လက္ခဏာ(၇) ချက်နဲ့ ကိုက်ညီတဲ့အတွက် ဆင်ဖြူတော် အဖြစ် သတ်မှတ်လိုက်တယ်လို့ အာဏာသိမ်းစစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ ဆင်ဖြူတော်ဟာမျက်လုံးပုလဲရောင်၊ငှက်ပျောကိုင်းသဏ္ဍာန်ကျောကုန်း၊အဖြူကဲသို့သောအမွှေးရောင်၊ အမြီးမှာ တခါးပိတ်လက်ပါးပုံ သဏ္ဍာန်၊အရေပြားဩဇာကွက်၊ အသာအရေ ပန်းရောင်၊ခြေဖဝါမှာ ရှေ့နောက်ခြေသည်း(၅) ခုစီ ပါပြီး နားရွက်မှာ…