ဝါရှင်တန် – ဩဂုတ်(၂) 

၂၀၀၁ ခုနှစ်စက်တင်ဘာလ(၁၁) ရက် နေ့က 9/11 တိုက်ခိုက်မှုကို ကြီးကြပ်ခဲ့သူတစ်ဦး ဖြစ်တဲ့ အိုင်မန် အယ်လ်ဇဝါဟီရီကို အမေရိကန်ပြည်ထောင်စုက သုတ်သင်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ 

အဲ့ဒီအကြမ်းဖက်ခေါင်းဆောင်ကို အာဖဂန်နစ္စတန်မှာ CIA ရဲ့ ဒရုန်းနဲ့ သတ်ဖြတ်ခဲ့တာဖြစ်တယ် လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။ 

“ကမ္ဘာပေါ်မှာ ရက်စက်စွာ အကြမ်းဖက်သတ်ဖြတ်သူကို အလိုမရှိကြတော့ဘူး။အမေရိကန် ပြည်ထောင်စုအနေနဲ့ နိုင်ငံရဲ့ ပြည်သူလူထုကို ရန်မူတဲ့လူတွေ၊အန္တရာယ်တွေကို ကာကွယ်ဖို့ စွမ်းဆောင်ရယ်တွေနဲ့အတူ ရလဒ်တွေကိုဆက်ပြီး ပြသဖို့ ဆောင်ရွက်သွားမှာပါ” လို့ အမေရိကန် သမ္မတ ဘိုင်ဒန်က မိန့်ခွန်းမှာပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဒီဆောင်ရွက်ချက်ဟာ ဘယ်လောက်ကြာကြာ ဘယ်နေရာမှာ ပုန်းနေနေ ပြည်သူတွေကို ခြိမ်းခြောက်နေမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုက ရှာဖွေဖော်ထုတ် ရှင်းလင်းသွားမှာ ဖြစ်တယ်လို့ သူက ပြောခဲ့ပါသေးတယ်။ 

အိုင်မန် အယ်လ်ဇဝါဟီရီ ဟာ အယ်လ်ကိုင်ဒါအဖွဲ့ကို အိုစမာဘင်လာဒင်နဲ့အတူ တွဲဖက်တည် ထောင်ထားတဲ့သူတစ်ပါတယ်။ 

Ref: Karen Post/ CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.